Unicode
အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ် ပင်လယ်တွင်းပျက်ကျ
အင်ဒိုနီးရှားနိုင်ငံ Sriwijaya လေကြောင်းလိုင်းမှ ခရီးသည်တင် ဘိုးရင်း ၇၃၇ လေယာဉ်တစ်စီးသည် ဇန်နဝါရီလ ၉ ရက်က ဂျာကာတာလေဆိပ်မှပျံတက်ပြီး မကြာမီပင် ရေဒါမှပျောက်ကွယ်သွားခဲ့ကာ ပေ ၁၀,၀၀၀ အမြင့်မှ ပင်လယ်ထဲသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။

ဘိုးရင်း ၇၃၇-၅၀၀ လေယာဉ်မှာ ဂျာကာတာလေဆိပ်မှ အနောက်ကာလီမန်တန်ပြည်နယ်မြို့တော် ပွန်တီယာနတ်မြို့ သို့ ပျံသန်းမှုခရီးစဉ်အမှတ် SJ182 ဖြင့် ပျံသန်းစဉ်ပျက် ကျခဲ့ခြင်း ဖြစ်သည်။

လေ ယာဉ် ပေါ် တွင် ခရီးသည် ၅၀ ဦးကျော်ပါရှိကာ ကလေးငါးဦးနှင့် အနည်းဆုံးလူကြီး ၅၃ ဦးလိုက် ပါလာကြောင်း ခရီးသည်မှတ်တမ်းများတွင် ဖေါ်ပြခဲ့သည်။

လေယာဉ်ဝန်ထမ်း မည်မျှပါရှိသည်ကိုမူ တိကျစွာမသိရသေးပေ။CNBC သတင်းဌာန၏ ပြောကြားချက်များအရ လေယာဉ်မှာ အမြင့်ပေ ၁၀,၀၀၀ သို့ရောက်ရှိခဲ့ပြီး နောက် တစ်မိနစ်အတွင်း၊ ပျံတက်ပြီးနောက် လေးမိနစ်ခန့်မှာပင် ဒေသစံတော်ချိန် မွန်းလွဲ ၂း၄၀ နာရီခန့်၌ ပျက်ကျသွားခြင်းဟုသိရသည်။

လေယာဉ်၏ အပျက်အစီးအပိုင်းအစ အချို့ကို ပင်လယ်အ တွင်းမှ ပြန်လည်ဆယ်ယူရရှိထားကြောင်းသိရသည်။
Sriwijaya လေကြောင်းလိုင်းမှာ အင်ဒိုနီးရှားပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်ပြီး တစ်လလျှင် ခရီး သည် ၁,၀၀၀,၀၀၀ ကျော်သယ်ဆောင်ပျံသန်းပေးနေသည့် လေကြောင်းလိုင်းတစ်ခုဖြစ်သည်။

Ref The Mirror
Translated by Htwe Ko Tun
Credit
Zawgyi
အင္ဒိုနီးရွား ခရီးသည္တင္ေလယာဥ္ ပင္လယ္တြင္းပ်က္က်
အင္ဒိုနီးရွားနိုင္ငံ Sriwijaya ေလေၾကာင္းလိုင္းမွ ခရီးသည္တင္ ဘိုးရင္း ၇၃၇ ေလယာဥ္တစ္စီးသည္ ဇန္နဝါရီလ ၉ ရက္က ဂ်ာကာတာေလဆိပ္မွပ်ံတက္ၿပီး မၾကာမီပင္ ေရဒါမွေပ်ာက္ကြယ္သြားခဲ့ကာ ေပ ၁၀,၀၀၀ အျမင့္မွ ပင္လယ္ထဲသို႔ ထိုးက်သြားခဲ့ေၾကာင္း သိရသည္။

ဘိုးရင္း ၇၃၇-၅၀၀ ေလယာဥ္မွာ ဂ်ာကာတာေလဆိပ္မွ အေနာက္ကာလီမန္တန္ျပည္နယ္ၿမိဳ႕ေတာ္ ပြန္တီယာနတ္ၿမိဳ႕ သို႔ ပ်ံသန္းမႈခရီးစဥ္အမွတ္ SJ182 ျဖင့္ ပ်ံသန္းစဥ္ပ်က္ က်ခဲ့ျခင္း ျဖစ္သည္။

ေလ ယာဥ္ ေပၚ တြင္ ခရီးသည္ ၅၀ ဦးေက်ာ္ပါရွိကာ ကေလးငါးဦးႏွင့္ အနည္းဆုံးလူႀကီး ၅၃ ဦးလိုက္ ပါလာေၾကာင္း ခရီးသည္မွတ္တမ္းမ်ားတြင္ ေဖၚျပခဲ့သည္။

ေလယာဥ္ဝန္ထမ္း မည္မွ်ပါရွိသည္ကိုမူ တိက်စြာမသိရေသးေပ။CNBC သတင္းဌာန၏ ေျပာၾကားခ်က္မ်ားအရ ေလယာဥ္မွာ အျမင့္ေပ ၁၀,၀၀၀ သို႔ေရာက္ရွိခဲ့ၿပီး ေနာက္ တစ္မိနစ္အတြင္း၊ ပ်ံတက္ၿပီးေနာက္ ေလးမိနစ္ခန႔္မွာပင္ ေဒသစံေတာ္ခ်ိန္ မြန္းလြဲ ၂း၄၀ နာရီခန႔္၌ ပ်က္က်သြားျခင္းဟုသိရသည္။

ေလယာဥ္၏ အပ်က္အစီးအပိုင္းအစ အခ်ိဳ႕ကို ပင္လယ္အ တြင္းမွ ျပန္လည္ဆယ္ယူရရွိထားေၾကာင္းသိရသည္။
Sriwijaya ေလေၾကာင္းလိုင္းမွာ အင္ဒိုနီးရွားျပည္တြင္းေလေၾကာင္းလိုင္းတစ္ခုျဖစ္ၿပီး တစ္လလွ်င္ ခရီး သည္ ၁,၀၀၀,၀၀၀ ေက်ာ္သယ္ေဆာင္ပ်ံသန္းေပးေနသည့္ ေလေၾကာင္းလိုင္းတစ္ခုျဖစ္သည္။

Ref The Mirror
Translated by Htwe Ko Tun
credit