Unicode
ကမ္ဘာ့ဥာဏ်အကောင်းဆုံး ဂင်းနစ်မှတ်တမ်း၀င်၊ မြန်မာ့ ပထမဆုံး တိပိဋက ဘွဲ့တံဆိပ်တော်ရ မင်းကွန်းဆရာတော် ဘုရားကြီး
မင်းကွန်းဆရာတော်ကြီး (၁၉၁၁ – ၁၉၉၃) ဟာစာအုပ်ပေါင်း ၂၀၊ စာမျက်နှာနဲ့ဆို ၁၆,၀၀၀ ရှိတဲ့
ပိဋကတ်သုံးပုံကို အလွတ်ရ အာဂုံဆောင်နိုင်လို့ ပထမဆုံး တိပိဋကဘွဲ့ ကပ်လှူခံရတဲ့ ဆရာတော်ကြီး ဖြစ်ပါတယ်။
၁၉၅၃ ခုနှစ်၊ သက်တော် ၄၂ နှစ်မှာ တိပိဋကဓရဓမ္မဘဏ္ဍဂါရိက (တရားဘဏ္ဍာစိုး) ဘွဲ့ကို နိုင်ငံတော်က ဆပ်ကပ်လှူဒါန်းခဲ့တာပါ။
ဦးနုအစိုးရလက်ထက် ၁၉၅၄ ကနေ ၁၉၅၆ ခုနှစ်ထိ ပြုလုပ်ခဲ့တဲ့ ဆဋ္ဌသင်္ဂါယနာတင်ပွဲကို မင်းကွန်းဆရာတော်၊ မဟာစည်ဆရာတော်တို့ ဉီးဆောင်ခဲ့ပါတယ်။
မင်းကွန်းဆရာတော်က ဝိနည်းအပိုင်းကို ဖြေဆိုပါတယ်။ဖြေဆိုရာမှာ ဆရာတော်ကြီးက ကျမ်းအမည်၊ စာမျက်နှာ ဘယ်လောက်၊ စာကြောင်းရေ ဘယ်လောက် စသည်ဖြင့် အထစ်အငေါ့မရှိ၊ အချိန်မဆိုင်း၊ စာအုပ်လှန်မကြည့်ပဲ ဖြေကြားနိုင်ခဲ့လို့ နိုင်ငံတော်ကပေးတဲ့ ဆဋ္ဌသင်္ဂတိသဇကဘွဲ့ကိုလည်း ရရှိခဲ့ပါသေးတယ်။
၁၉၈၅ ခုနှစ်မှာတော့ စာအုပ်ပေါင်း ၂၀၊စာမျက်နှာနဲ့ဆို ၁၆,၀၀၀ ရှိတဲ့ပိဋကတ်သုံးပုံကို အလွတ်ရ အာဂုံဆောင်နိုင်တဲ့ ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနက်စ်မှတ်တမ်းမှာ ဖော်ပြခံခဲ့ရပါတယ်။
In 1985, the Guinness Book of Records recorded the sayadaw as a record holder in the Human memory category. The exact entry was Human memory: Bhandanta Vicitsara (sic) recited 16,000 pages of Buddhist canonical text in Rangoon, Burma in May 1954.
Rare instances of eidetic memory — the ability to project and hence “visually” recall material– are known to science.
ဒါဟာ ဂင်းနက်စ်မှတ်တမ်းမှာ မြန်မာနိုင်ငံသား ဘုန်းတော်ကြီးတပါးအနေနဲ့ ပထမဆုံး ထည့်သွင်းဂုဏ်ပြုခံရတာပါပဲ။
credit
Zawgyi
ကမာၻ႔ဥာဏ္အေကာင္းဆုံး ဂင္းနစ္မွတ္တမ္း၀င္၊ ျမန္မာ့ ပထမဆုံး တိပိဋက ဘြဲ႕တံဆိပ္ေတာ္ရ မင္းကြန္းဆရာေတာ္ ဘုရားႀကီး
မင္းကြန္းဆရာေတာ္ႀကီး (၁၉၁၁ – ၁၉၉၃) ဟာစာအုပ္ေပါင္း ၂၀၊ စာမ်က္ႏွာနဲ႕ဆို ၁၆,၀၀၀ ရွိတဲ့
ပိဋကတ္သုံးပုံကို အလြတ္ရ အာဂုံေဆာင္နိုင္လို႔ ပထမဆုံး တိပိဋကဘြဲ႕ ကပ္လႉခံရတဲ့ ဆရာေတာ္ႀကီး ျဖစ္ပါတယ္။
၁၉၅၃ ခုႏွစ္၊ သက္ေတာ္ ၄၂ ႏွစ္မွာ တိပိဋကဓရဓမၼဘ႑ဂါရိက (တရားဘ႑ာစိုး) ဘြဲ႕ကို နိုင္ငံေတာ္က ဆပ္ကပ္လႉဒါန္းခဲ့တာပါ။
ဦးႏုအစိုးရလက္ထက္ ၁၉၅၄ ကေန ၁၉၅၆ ခုႏွစ္ထိ ျပဳလုပ္ခဲ့တဲ့ ဆ႒သဂၤါယနာတင္ပြဲကို မင္းကြန္းဆရာေတာ္၊ မဟာစည္ဆရာေတာ္တို႔ ဉီးေဆာင္ခဲ့ပါတယ္။
မင္းကြန္းဆရာေတာ္က ဝိနည္းအပိုင္းကို ေျဖဆိုပါတယ္။ေျဖဆိုရာမွာ ဆရာေတာ္ႀကီးက က်မ္းအမည္၊ စာမ်က္ႏွာ ဘယ္ေလာက္၊ စာေၾကာင္းေရ ဘယ္ေလာက္ စသည္ျဖင့္ အထစ္အေငါ့မရွိ၊ အခ်ိန္မဆိုင္း၊ စာအုပ္လွန္မၾကည့္ပဲ ေျဖၾကားနိုင္ခဲ့လို႔ နိုင္ငံေတာ္ကေပးတဲ့ ဆ႒သဂၤတိသဇကဘြဲ႕ကိုလည္း ရရွိခဲ့ပါေသးတယ္။
၁၉၈၅ ခုႏွစ္မွာေတာ့ စာအုပ္ေပါင္း ၂၀၊စာမ်က္ႏွာနဲ႕ဆို ၁၆,၀၀၀ ရွိတဲ့ပိဋကတ္သုံးပုံကို အလြတ္ရ အာဂုံေဆာင္နိုင္တဲ့ ကမာၻ႔မွတ္ဉာဏ္အေကာင္းဆုံး ပုဂၢိဳလ္အျဖစ္ ဂင္းနက္စ္မွတ္တမ္းမွာ ေဖာ္ျပခံခဲ့ရပါတယ္။
In 1985, the Guinness Book of Records recorded the sayadaw as a record holder in the Human memory category. The exact entry was Human memory: Bhandanta Vicitsara (sic) recited 16,000 pages of Buddhist canonical text in Rangoon, Burma in May 1954.
Rare instances of eidetic memory — the ability to project and hence “visually” recall material– are known to science.
ဒါဟာ ဂင္းနက္စ္မွတ္တမ္းမွာ ျမန္မာနိုင္ငံသား ဘုန္းေတာ္ႀကီးတပါးအေနနဲ႕ ပထမဆုံး ထည့္သြင္းဂုဏ္ျပဳခံရတာပါပဲ။
credit