Local News

ကလေး ၈ရက်သားလေးနဲ့ မိခင်ကိုမှ လမ်းပေါ်ထွက် တောင်းခိုင်း ရတယ် လို့

Unicode

ကလေး ၈ရက်သား လေးနဲ့ မိခင်ကိုမှ လမ်းပေါ်ထွက် တောင်းခိုင်း ရတယ် လို့

ခုထိ ဘာမှမစားရသေးဘူးဆိုလို့ နီးတဲ့ဆိုင်ခေါ်ထိုင်ပြီး ထမင်းကျွေးလိုက်တယ် ဒီနေ့ ၂သောင်းမှ မပေးရရင် အိမ်ပေါ်က ဆင်းရမယ်ဆိုလို့ ကလေးအမေကို ထွက်မတောင်းခိုင်းဖို့ ကတိပေးခိုင်းပြီး ၁သောင်း ပိုပေးလိုက်တယ်

အားလုံး ၃သောင်းပေးလိုက်တယ် ရန်ကုန်မှာ နေစရာမရှိလို့ ကားဂိတ်ခုံပေါ်တွေ လမ်းဘေးပလက်ဖောင်းတွေမှာ အိပ်နေသူတွေ တစ်ပုံကြီးပဲ စားစရာပါမရှိတော့ လမ်းဘေးထွက်တောင်းကြရတာပဲလေ ဘဝဆိုတာ ဒုက္ခတွေနဲ့ပါ လို့ ပြောရမလိုဖြစ်နေပြီ ကလေးအဖေက ခြေတစ်ဖက်မသန်ဘူး တောင်းစားတဲ့အလုပ်ပဲ လုပ်ကျွေးနေရတာတဲ့

အမေက ART ဆေးသောက်နေရသူ ကလေးကို နို့မတိုက်ပဲ နေရမှာ နို့မှုန့်ဖိုးမတတ်နှိင်လို့ မိခင်နို့ပဲတိုက်နေရတယ်တဲ့ ကလေးက ၈ရက်သားလေး ရုပ်ချောချောလေး ကလေးကို သနားလွန်းလို့ ကူညီကြပါဦး အိမ်လခပေးဖို့နဲ့ ကလေးနို့မှုန့်ဖိုးလေး တတ်နှိင်သလောက်လေးပေါ့ ၅ထောင် ၁သောင်း စုလိုက်ရင် အဆင်ပြေသွားမှာပါ

သူတို့မလိမ်ကြောင်း ထောက်ခံစာတွေ အများကြီးပါလာတယ် ကလေးကို မွေးစားခိုင်းမလားမေးတော့ မပေးချင်ဘူးတဲ့လေ အလှူရှင်တွေ တွေ့အောင်လဲ share ပေးကြပါ အိမ်လိပ်စာနဲ့ဖုန်းနံပတ်ပါ ထည့်ပေးလိုက်တယ်နော်

(Edit အိမ်လိပ်စာနဲ့ဖုန်း ပြန်ဖျက်ထားပါပြီ ဘာလို့လဲဆို သူလိုချင်တာရသွားပြီးရင် ကလေးအမေကို ထပ်တောင်းခိုင်းမှာ စိုးရိမ်လို့ပါ ကလေး၄၅ရက်အထိ မတောင်းခိုင်းဖို့ ကျမ ကတိတောင်းထားတာပါ )ကူညီချင်သူများ ကူညီလို့ရအောင်လို့ပါ

Edit အဆိုတော် ပေါက်စီ နဲ့ ကျမ ဆူးလေး တို့ အလှူငွေလေးတွေ လက်ခံထားပေးပါတယ် 095417658 09781500266 Kpay Wave acc တို့မှာ ၅၅၀၀၀ ရထားပါပြီ ကိုယ်တိုင်သွားလှူမလို့ပါ သူတို့လိုအပ်တာက အိမ်လခ ၄၀၀၀၀ ရယ် အကြွေး ၈၀၀၀၀ ရယ်ပါ တညှင်းကုန်းမှာ စျေးရောင်းဖို့ ပိုငွေကို အရင်းမတည်ပေးဖို့ စိတ်ကူးထားပါတယ်

ကလေးကို ၆လအထိ နို့မှုန့် ကူညီချင်သေးတယ်လေ ကလေး ၄၅ ရက်အထိတော့ ကလေး အမေကို မတောင်းခိုင်းဖို့ ကတိပေးခိုင်းထားတယ် အကယ်၍ ကလေးအမေကိုတောင်းခိုင်းမယ်ဆို ရဲစခန်းတိုင်မယ်လို့ ပြောခဲ့တယ်

credit

Zawgyi







Edit အဆိုတော် ပေါက်စီ နဲ့ ကျမ ဆူးလေး တို့ အလှူငွေလေးတွေ လက်ခံထားပေးပါတယ် 095417658 09781500266 Kpay Wave acc တို့မှာ ၅၅၀၀၀ ရထားပါပြီ ကိုယ်တိုင်သွားလှူမလို့ပါ သူတို့လိုအပ်တာက အိမ်လခ ၄၀၀၀၀ ရယ် အကြွေး ၈၀၀၀၀ ရယ်ပါ တညှင်းကုန်းမှာ ဈေးရောင်းဖို့ ပိုငွေကို အရင်းမတည်ပေးဖို့ စိတ်ကူးထားပါတယ်


credit