ဗဟုသုတ

နေ့စဉ်ပဌာန်း အရှည်ကြီးကို မရွတ်နိုင်တဲ့ မိတ်ဆွေတွေအတွက် ထူးခြားတဲ့ပဌာန်းဆုတောင်း

Unicode

နေ့စဉ်ပဌာန်း အရှည်ကြီးကို မရွတ်နိုင်တဲ့ မိတ်ဆွေတွေအတွက် ထူးခြားတဲ့ပဌာန်းဆုတောင်း

ပဌာန်းအကျယ် မရွတ်နိုင်တဲ့ နေ့တွေမှာ

သရဏဂုံသုံးပါးနှင့် ငါးပါးသီလ စောင့်တည် ပြီး ဒါလေးကို ရွတ်ဆိုနိုင်ပါတယ်။

အရမ်း အချိန်ပေးစရာမလိုဘဲ မြတ်စွာဘုရားရှင် ပဌာန်းဒေသနာတော်အား ဆုတောင်းနည်းပါ ။

ပဌာန်းအကျယ်ရွတ်ဖို့အရမ်း အချိန်မပေးနိုင်တဲ့ နေ့တွေမှာ ဒါလေး နေ့စဉ် ရွတ်ဖြစ်ပါတယ်။

ကြာသွားရင်အလွတ်ရသွားတော့ အမြဲ အာဂုဏ်စောင့်မိတဲ့အတွက် နေ့စဉ် ကိုယ့်အတွက် ကံဆိုးမှုတွေမကျရောက်နိုင်ပါဘူး လက်တွေ့ပါ

ကောင်းမှုတွေကြောင့်ကောင်းကျိုးမင်္ဂလာတည်ရှိပါစေ

၁။ဟေတု ပစ္စယော -အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား

၂။အာရမ္မဏ ပစ္စယော -မျက်စိနှင့်နားတို့သည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား

၃။အဓိပတိ ပစ္စယော -ရုပ် ၊ နာမ် နှစ်ပါးကို စောင့်ရှောက်ထိန်းသိမ်းရပါစေသား

၄။အနန္တရ ပစ္စယော -များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား

၅။သမနန္တရ ပစ္စယော -ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား

၆။သဟဇာတ ပစ္စယော -ရုပ် – ရုပ်ခြင်း၊ နာမ် – နာမ်ခြင်း ထင်ရှားစွာ သိရပါစေသား

၇။အညမည ပစ္စယော -ရုပ်မှနာမ် ၊ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား

၈။နိဿယ ပစ္စယော -ရုပ် နာမ် နှစ်ပါးတို့၏ တည်ရာကို သိရပါစေသား

၉။ဥပနိဿယ ပစ္စယော -ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား

၁၀။ပုရေဇာတ ပစ္စယော -ရှေ့ကဖြစ်သော အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား

၁၁။ပစ္ဆာဇာတ ပစ္စယော -နောက်၌ဖြစ်သော အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား

၁၂။အာသေဝန ပစ္စယော -လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား

၁၃။ကမ္မ ပစ္စေယော -ကံသုံးပါးကို ထိန်းသိမ်းရပါစေသား

၁၄။ဝိပါက ပစ္စေယော -ဝဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား

၁၅။အာဟာရ ပစ္စယော -လိုရာကို ပြည့်စုံစွာ ထောက်ပံ့နိုင်ကြပါစေသား

၁၆။က္ကန္ဒြိယ ပစ္စယော -ရုပ် ၊ နာမ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား

၁၇။ဈာန ပစ္စယော -သူတော်ကောင်းတရား ၇ ပါး ၊ ဉာဏ်စဉ် ၅ ပါး တို့နှင့် ပြည့်စုံရပါစေသား

၁၈။မဂ္ဂ ပစ္စယော -ဘာဝနာတရား ၂ ပါး အပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား

၁၉။သမ္ပယုတ္တ ပစ္စေယော – သူတော်ကောင်းတို့နှင့်ပေါင်း၍ ၇ ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား

၂၀။ဝိပ္ပယုတ္တ ပစ္စယော- သူယုတ်မာနှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား

၂၁။အတ္ထိ ပစ္စယော- သမုတိနယ်၏အသိကို ဟုတ်မှန်စွာ သိရပါစေသား

၂၂။နတ္ထိ ပစ္စယော – ပရမတ္တ မရှိတရား၏အသိကို မျက်မှောက်ပြုရပါစေသား

၂၃။ဝိဂတပစ္စယော – ရှေ့၌ပွင့်ပြီးကုန်သော ဘုရားတို့ကို ရှိခိုးရပါစေသား

၂၄။အဝိဂတ ပစ္စယော – နောင်ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား

ပဌာန်းအကျယ်အဓိပ္ပါယ်နှင့်နေ့စဉ်ရွတ်နိုင်လျှင် အကောင်းဆုံးပါ

ဒီဆုတောင်းက ပဌာန်းစာအုပ်လေးတွေရဲ့နောက်ဆုံးတွင် အမြဲပါတဲ့အတွက်ဆုတောင်းရွတ်ဆိုခြင်းသာဖြစ်ပါတယ်ကိုယ့်အချိန်မရတဲ့နေ့မှာရွတ်ဖတ်ခြင်းအား မျှဝေပေးခြင်းဖြစ်ပါတယ် ။

မြန်မာ နိုင်ငံသူ နိူင်ငံသားအားလုံး

ကျမ ချစ်ခင်ရသူအားလုံး

Fb မှ ကျမ မိတ်ဆွေ သူငယ်ချင်းများအားလုံး

ကျမ္မာ ပျော်ရွှင် အေးချမ်းသာယာပါစေကြောင်း

ကျမ စောင့်တည်သော သီလ ဘာဝနာဖြင့်မေတ္တာ ပို့သပါသည်ရှင်

ချစ်ခင် လေးစားလျှက်

Credit-နှလုံးသားမှာဘုရားတည်ကြမယ်

Zawgyi

ေန႕စဥ္ပဌာန္း အရွည္ႀကီးကို မ႐ြတ္နိုင္တဲ့ မိတ္ေဆြေတြအတြက္ ထူးျခားတဲ့ပဌာန္းဆုေတာင္း

ပဌာန္းအက်ယ္ မ႐ြတ္နိုင္တဲ့ ေန႕ေတြမွာ

သရဏဂုံသုံးပါးႏွင့္ ငါးပါးသီလ ေစာင့္တည္ ၿပီး ဒါေလးကို ႐ြတ္ဆိုနိုင္ပါတယ္။

အရမ္း အခ်ိန္ေပးစရာမလိုဘဲ ျမတ္စြာဘုရားရွင္ ပဌာန္းေဒသနာေတာ္အား ဆုေတာင္းနည္းပါ ။

ပဌာန္းအက်ယ္႐ြတ္ဖို႔အရမ္း အခ်ိန္မေပးနိုင္တဲ့ ေန႕ေတြမွာ ဒါေလး ေန႕စဥ္ ႐ြတ္ျဖစ္ပါတယ္။

ၾကာသြားရင္အလြတ္ရသြားေတာ့ အၿမဲ အာဂုဏ္ေစာင့္မိတဲ့အတြက္ ေန႕စဥ္ ကိုယ့္အတြက္ ကံဆိုးမႈေတြမက်ေရာက္နိုင္ပါဘူး လက္ေတြ႕ပါ

ေကာင္းမႈေတြေၾကာင့္ေကာင္းက်ိဳးမဂၤလာတည္ရွိပါေစ

၁။ေဟတု ပစၥေယာ -အကုသိုလ္ကင္း၍ ကုသိုလ္ႏွင့္ ယွဥ္တြဲရပါေစသား

၂။အာရမၼဏ ပစၥေယာ -မ်က္စိႏွင့္နားတို႔သည္ နိဗၺာန္သို႔ မ်က္ေမွာက္ျပဳရပါေစသား

၃။အဓိပတိ ပစၥေယာ -႐ုပ္ ၊ နာမ္ ႏွစ္ပါးကို ေစာင့္ေရွာက္ထိန္းသိမ္းရပါေစသား

၄။အနႏၲရ ပစၥေယာ -မ်ားလွစြာေသာ ကုသိုလ္ေရးမ်ားကို မ်က္ေမွာက္ျပဳရပါေစသား

၅။သမနႏၲရ ပစၥေယာ -႐ုပ္ႏွင့္နာမ္ အတူရွိေသာတရားတို႔ကို မ်က္ေမွာက္ျပဳရပါေစသား

၆။သဟဇာတ ပစၥေယာ -႐ုပ္ – ႐ုပ္ျခင္း၊ နာမ္ – နာမ္ျခင္း ထင္ရွားစြာ သိရပါေစသား

၇။အညမည ပစၥေယာ -႐ုပ္မွနာမ္ ၊ နာမ္မွ႐ုပ္သို႔ ေျပာင္းလဲ၍ သိရပါေစသား

၈။နိႆယ ပစၥေယာ -႐ုပ္ နာမ္ ႏွစ္ပါးတို႔၏ တည္ရာကို သိရပါေစသား

၉။ဥပနိႆယ ပစၥေယာ -ရတနာသုံးပါးကို ဦးထိပ္ထားရပါေစသား

၁၀။ပုေရဇာတ ပစၥေယာ -ေရွ႕ကျဖစ္ေသာ အကုသိုလ္ကို ပယ္၍ ကုသိုလ္ကို မ်က္ေမွာက္ျပဳရပါေစသား

၁၁။ပစာၦဇာတ ပစၥေယာ -ေနာက္၌ျဖစ္ေသာ အကုသိုလ္ကို ပယ္၍ ကုသိုလ္ကို မ်က္ေမွာက္ျပဳရပါေစသား

၁၂။အာေသဝန ပစၥေယာ -လိုရာဆႏၵမရွိေအာင္ ျပည့္စုံရပါေစသား

၁၃။ကမၼ ပေစၥေယာ -ကံသုံးပါးကို ထိန္းသိမ္းရပါေစသား

၁၄။ဝိပါက ပေစၥေယာ -ဝဋ္ေႂကြးသုံးသြယ္ကို ပယ္ဖ်က္ရပါေစသား

၁၅။အာဟာရ ပစၥေယာ -လိုရာကို ျပည့္စုံစြာ ေထာက္ပံ့နိုင္ၾကပါေစသား

၁၆။ကၠႏၵျိယ ပစၥေယာ -႐ုပ္ ၊ နာမ္ကို ထိန္းသိမ္းတတ္ေသာ ပညာႏွင့္ ျပည့္စုံရပါေစသား

၁၇။ဈာန ပစၥေယာ -သူေတာ္ေကာင္းတရား ၇ ပါး ၊ ဉာဏ္စဥ္ ၅ ပါး တို႔ႏွင့္ ျပည့္စုံရပါေစသား

၁၈။မဂၢ ပစၥေယာ -ဘာဝနာတရား ၂ ပါး အေပါင္းကို အာ႐ုံျပဳ၍ အထြတ္အထိပ္ ပညာကို ရပါေစသား

၁၉။သမၸယုတၱ ပေစၥေယာ – သူေတာ္ေကာင္းတို႔ႏွင့္ေပါင္း၍ ၇ ျဖာေသာတရားႏွင့္ ယွဥ္တြဲရပါေစသား

၂၀။ဝိပၸယုတၱ ပစၥေယာ- သူယုတ္မာႏွင့္ေဝး၍ အကုသိုလ္တို႔ ကင္းရွင္းရပါေစသား

၂၁။အတၳိ ပစၥေယာ- သမုတိနယ္၏အသိကို ဟုတ္မွန္စြာ သိရပါေစသား

၂၂။နတၳိ ပစၥေယာ – ပရမတၱ မရွိတရား၏အသိကို မ်က္ေမွာက္ျပဳရပါေစသား

၂၃။ဝိဂတပစၥေယာ – ေရွ႕၌ပြင့္ၿပီးကုန္ေသာ ဘုရားတို႔ကို ရွိခိုးရပါေစသား

၂၄။အဝိဂတ ပစၥေယာ – ေနာင္ပြင့္လတၱံ့ေသာ ဘုရားတို႔ကို ရွိခိုးရပါေစသား

ပဌာန္းအက်ယ္အဓိပၸါယ္ႏွင့္ေန႕စဥ္႐ြတ္နိုင္လွ်င္ အေကာင္းဆုံးပါ

ဒီဆုေတာင္းက ပဌာန္းစာအုပ္ေလးေတြရဲ႕ေနာက္ဆုံးတြင္ အၿမဲပါတဲ့အတြက္ဆုေတာင္း႐ြတ္ဆိုျခင္းသာျဖစ္ပါတယ္ကိုယ့္အခ်ိန္မရတဲ့ေန႕မွာ႐ြတ္ဖတ္ျခင္းအား မွ်ေဝေပးျခင္းျဖစ္ပါတယ္ ။

ျမန္မာ နိုင္ငံသူ နိူင္ငံသားအားလုံး

က်မ ခ်စ္ခင္ရသူအားလုံး

Fb မွ က်မ မိတ္ေဆြ သူငယ္ခ်င္းမ်ားအားလုံး

က်မၼာ ေပ်ာ္႐ႊင္ ေအးခ်မ္းသာယာပါေစေၾကာင္း

က်မ ေစာင့္တည္ေသာ သီလ ဘာဝနာျဖင့္ေမတၱာ ပို႔သပါသည္ရွင္

ခ်စ္ခင္ ေလးစားလွ်က္

Credit-ႏွလုံးသားမွာဘုရားတည္ၾကမယ္