Unicode
ဝေဠုကျော်ကတော့ ပြည်သူချစ် ရုပ်ရှင်နှင့် သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ယခုအခါမှာတော့ ပရဟိတ အလုပ်တွေကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ကရင်ပြည်နယ်၊လှိုင်းဘွဲ့က ၁၀လ အရွယ် ခေါင်းရေအိတ်တည်ရောဂါ သားလေးရဲ့ အဖြစ်ဆိုးကြောင့် ဝမ်းနည်းနေတဲ့အကြောင်း လူမှုကွန်ရက် စာမျက်နှာမှာ အခုလိုပဲ ရေးသားထားပါတယ်။
“12-1-2021 #Baby လှိုင်းဘွဲ့
ကရင်ပြည်နယ်၊လှိုင်းဘွဲ့က ၁၀လ အရွယ် ခေါင်းရေအိတ်တည်ရောဂါ သားလေးပါ။မနက်က ကြာသပတေးနေ့ ခွဲစိတ်ဖို့အတွက် ရန်ကင်းဆေးရုံမှာ သွားစစ်ဆေးရပါတယ်။ဖောင်ဒေးရှင်းက ကားနဲ့ပဲ လိုက်ပို့ပေးခဲ့ပါတယ်။
ဆေးရုံက ဆေးစစ်ချက်တွေအရ ကလေးဦးနှောက်က ရေပိတဲ့ဒါဏ်ကြောင့် ပြားချပ်နေပြီး ပွန်းပဲ့ ဒါဏ်ရာရနေပါပြီ။ခွဲစိတ်ရင်လဲခေါင်းခွံက ပြန်မပိန်နိူင်တော့ သလို ရေထုတ်ပြီးရင်လည်း ဦးနှောက် သေးပြီး ပြားချပ်နေလို့ ရှင်သန်ဖို့မလွယ်နိူင်တော့ပါဖူး။
အခုခွဲစိတ်ဖို့ကိုလည်း မေ့ဆေးဒဏ်ခံနိူင်ဖို့နဲ့ ခွဲစိတ်မှုအောင်မြင်ဖို့က ၁၀ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတယ့်အကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။
ဆရာဝန်ကြီးတွေရဲ့ သုံးသပ်ဆွေးနွေးမှုအရ နိူင်ငံခြားရောက်နေတယ့် သားလေးမိဘတွေက သားလေးကို #မခွဲစိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ကျခြင်း၊စောခြင်းတွေမပြောလိုတော့ပါဖူး။အရာအားလုံးဟာ သားလေးရဲ့ကံတရားဖြစ်လို့ စိတ်မကောင်းဖြစ်ရပါတယ်။ဝဋ်ကြွေးတွေ များခဲ့ပုံရပါတယ်။
သားလေးအတွက် အလှူရရှိထားသည်များကို သားလေးအတွက် ကုန်ကျစရိတ်တချို့ လှူပေးပြီး ကျန်ရှိသည့် အလှူငွေများကို သားလေး ကုသိုလ်ရသွားအောင် အခြား လိုအပ်နေပြီး အလှူမရသည့် ကလေးလူနာများတွင် ထည့်သွင်းလှူဒါန်းပေးသွား မည်ဖြစ်ကြောင်း အလှူရှင်များအား အသိပေးအပ်ပါသည်။
သားလေး ဆေးရုံကပြန်ဆင်းသည့်အခါ စာရင်းရှင်းတမ်း တင်ပေးပါမယ်။ #ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010 ၊ 09455500014 ၊ 09776089484 ”
Source-Wai Lu Kyaw Foundation fb page
Zawgyi
ေဝဠုေက်ာ္ကေတာ့ ျပည္သူခ်စ္ ႐ုပ္ရွင္ႏွင့္ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္ၿပီး ယခုအခါမွာေတာ့ ပရဟိတ အလုပ္ေတြကိုလည္း စြမ္းစြမ္းတမံ ေဆာင္႐ြက္ေနသူလည္း ျဖစ္ပါတယ္။
ဒီေန႕မွာေတာ့ ကရင္ျပည္နယ္၊လွိုင္းဘြဲ႕က ၁၀လ အ႐ြယ္ ေခါင္းေရအိတ္တည္ေရာဂါ သားေလးရဲ႕ အျဖစ္ဆိုးေၾကာင့္ ဝမ္းနည္းေနတဲ့အေၾကာင္း လူမႈကြန္ရက္ စာမ်က္ႏွာမွာ အခုလိုပဲ ေရးသားထားပါတယ္။
“12-1-2021 #Baby လွိုင္းဘြဲ႕
ကရင္ျပည္နယ္၊လွိုင္းဘြဲ႕က ၁၀လ အ႐ြယ္ ေခါင္းေရအိတ္တည္ေရာဂါ သားေလးပါ။
မနက္က ၾကာသပေတးေန႕ ခြဲစိတ္ဖို႔အတြက္ ရန္ကင္းေဆး႐ုံမွာ သြားစစ္ေဆးရပါတယ္။ေဖာင္ေဒးရွင္းက ကားနဲ႕ပဲ လိုက္ပို႔ေပးခဲ့ပါတယ္။
ေဆး႐ုံက ေဆးစစ္ခ်က္ေတြအရ ကေလးဦးေႏွာက္က ေရပိတဲ့ဒါဏ္ေၾကာင့္ ျပားခ်ပ္ေနၿပီး ပြန္းပဲ့ ဒါဏ္ရာရေနပါၿပီ။ခြဲစိတ္ရင္လဲေခါင္းခြံက ျပန္မပိန္နိူင္ေတာ့ သလို ေရထုတ္ၿပီးရင္လည္း ဦးေႏွာက္ ေသးၿပီး ျပားခ်ပ္ေနလို႔ ရွင္သန္ဖို႔မလြယ္နိူင္ေတာ့ပါဖူး။
အခုခြဲစိတ္ဖို႔ကိုလည္း ေမ့ေဆးဒဏ္ခံနိူင္ဖို႔နဲ႕ ခြဲစိတ္မႈ ေအာင္ျမင္ဖို႔က ၁၀ရာခိုင္ႏႈန္းပဲ ရွိတယ္ဆိုတယ့္အေၾကာင္း စိတ္မေကာင္းစြာ ၾကားသိရပါတယ္။
ဆရာဝန္ႀကီးေတြရဲ႕ သုံးသပ္ေဆြးေႏြးမႈအရ နိူင္ငံျခားေရာက္ေနတယ့္ သားေလးမိဘေတြက သားေလးကို #မခြဲစိတ္ဖို႔ဆုံးျဖတ္လိုက္ပါတယ္။ေနာက္က်ျခင္း၊ေစာျခင္းေတြမေျပာလိုေတာ့ပါဖူး။အရာအားလုံးဟာ သားေလးရဲ႕ကံတရားျဖစ္လို႔ စိတ္မေကာင္းျဖစ္ရပါတယ္။ဝဋ္ေႂကြးေတြ မ်ားခဲ့ပုံရပါတယ္။
သားေလးအတြက္ အလႉရရွိထားသည္မ်ားကို သားေလးအတြက္ ကုန္က်စရိတ္တခ်ိဳ႕ လႉေပးၿပီး က်န္ရွိသည့္ အလႉေငြမ်ားကို သားေလး ကုသိုလ္ရသြားေအာင္ အျခား လိုအပ္ေနၿပီး အလႉမရသည့္ ကေလးလူနာမ်ားတြင္
ထည့္သြင္း လႉဒါန္းေပးသြား မည္ျဖစ္ေၾကာင္း အလႉရွင္မ်ားအား အသိေပးအပ္ပါသည္။
သားေလး ေဆး႐ုံကျပန္ဆင္းသည့္အခါ စာရင္းရွင္းတမ္း တင္ေပးပါမယ္။ #ေဝဠုေက်ာ္ေဖာင္ေဒးရွင္း
09455500010 ၊ 09455500014 ၊ 09776089484 ”
Source-Wai Lu Kyaw Foundation fb page