Cele News ဗဟုသုတ

ကားငါးစီးဆင့်ကာတိုက်သော်လည်း နှလုံးသားတွင် ဗုဒ္ဓရှိနေသောကြောင့် ဘာမှမဖြစ်ခဲ့တဲ့ ပရတိရမင်းသားကြီးဦးကျော်သူ

ဦးကျော်သူက တော့ ပြည်သူချစ် ရုပ်ရှင်နှင့် သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်နော်။ ဒီနေ့မှာတော့ ကားငါးစီးဆင့်တိုက်တဲ့ ယာဉ်တိုက်မှု ဖြစ်ခဲ့ပြီး နှလုံးသားထဲမှာ ဗုဒ္ဓ ရှိသောကြောင့် ကံကောင်းစွာဖြင့် တစ်စုံတစ်ရာ ဘာအန္တရာယ်မှ မဖြစ်ခဲ့ပုံကို သူ့ရဲ့ လူမှူကွန်ရက်စာမျက်နှာ မှာ အခုလိုပဲရေးသားထားပါတယ။

“ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်သော်ငြား………

ဘာမှ မပူပါနဲ့။ဘာမှ မဖြစ်ဘူး။ဗုဒ္ဓဘုရား နှလုံးသား မှာရှိတယ်။ဘုန်းဘုန်းဘုရား လည်မှာဆွဲထားတယ်။

ယနေ့ နာရေးကူညီမှုလမ်းကြောင်းရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိဖြတ်လမ်းရှိသောနေရာတွင် ပင်မကားများရှင်းပါကတစ်ဖက်လမ်းသို့ ကူးရန်အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနှင့် လိုက်ထရပ်ကားအား နောက်မှ အဝေးပြေးခရီးသယ်တင်ကားတစ်စီးမှ တိုက်လိုက်၍

ရှေ့ဆုံးတွင်ရပ်နေသော ကားမှာတစ်ဆင့်ချင်းတိုက်ခံရပြီး ကျွန်တော်မောင်းလာသည့် နာရေးနိဗ္ဗာန်ယာဉ်အား ရှေ့ဘေးမှ ဆောင့်တိုက် လိုက်၍ မိမိမှရှောင်လိုက် သော်လည်း မိမိ၏ ညာဖက်ရှိ ဘတ်စ်ကားတစ်စီး၏ နောက်ပိုင်းဘေးဖက် ကိုမိမိမှတစ်ဆင့်တိုက်မိတော့သည်။

လူများဘာမျှမဖြစ်သော်လည်း တိုက်ခံရသည့်ကားငယ်(ရှေ့/နောက်)၊ လိုက်ထရပ်(ရှေ့/နောက်)၊ နာကူယာဉ် ရှေ့(ဘယ်/ညာ) ၊ဘတ်စ်ကားကြီး(နောက်ဖက်ဘယ်ဖက်ခြမ်း ပွန်း)အသီးသီးထိသွားခဲ့သည်။ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်ခံရသည့်ဖြစ်ရပ်ပင်ဖြစ်တော့သည်။

မိမိမှ လမ်းမှန်၊ပုံမှန်မောင်းသော်ငြားတစ်ဖက်မှ အန္တရာယ်သည် မည်ကဲ့သို့လာမည်ကို အထူးသတိထားရန် အသိတရားတစ်ခုရှိခဲ့ရသည်။

နိဗ္ဗာန်ယာဉ်ပေါ် ပါလာသော ဘဝကူးသွားသည့်ရုပ်ခန္ဓာအား အသင်းမှ နိဗ္ဗာန်ယာဉ် တစ်စီးအား အမြန်ခေါ်၍ ဘော်ဒီအားပြောင်းရွှေ့ကာ ရေဝေးသုဿန်သို့ပို့ဆောင်သင်္ဂြိုလ်ပေးမှုအား တာဝန်မပျက်၊တာဝန်ကြေစွာ လုပ်ဆောင်ပေးခဲ့ပါသည်။

အသင်းသို့ ပြန်အရောက် သုခဆေးခန်းမှတာဝန်ရှိသူများမှ အတင်းခေါ်ဆောင်၍ မိမိအား အာထရာဆောင်းစက်ဖြင့် မိမိ၏နှလုံးအားစစ်ဆေးပါတော့သည်။သွေးပေါင်ချိန်ဖြင့်ချိန်ပါတော့သည်။ဘာမှမဖြစ်။ဘာမှမတွေ့။မိမိတွင် ဗုဒ္ဓရှိနေသည်။ဘုန်းဘုန်းရှိနေသည်။

မည်သို့ဖြစ်စေ မော်တော်ကား၊ဆိုင်ကယ်၊စက်ဘီး၊လမ်းလျှောက်သည့် နေ့စဉ် လုပ်ရပ်များတွင် မိမိသည် ….ဘယ်လောက်မှန်မှန် ဘယ်လောက်ဖြေးဖြေး…ဘယ်လောက်သတိထားထား….တစ်ဖက်မှ အန္တရာယ်သည်အချိန်မရွေးထိပ်တိုက်ရင်ဆိုင်နိုင်သည်ကိုတော့ သိထားသင့်တော့သည်။”

source-Kyaw Thu Fb Acc

ဦးေက်ာ္သူက ေတာ့ ျပည္သူခ်စ္ ႐ုပ္ရွင္ႏွင့္ သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္ပါတယ္ေနာ္။ ဒီေန႕မွာေတာ့ ကားငါးစီးဆင့္တိုက္တဲ့ ယာဥ္တိုက္မႈ ျဖစ္ခဲ့ၿပီး ႏွလုံးသားထဲမွာ ဗုဒၶ ရွိေသာေၾကာင့္ ကံေကာင္းစြာျဖင့္ တစ္စုံတစ္ရာ ဘာအႏၲရာယ္မွ မျဖစ္ခဲ့ပုံကို သူ႕ရဲ႕ လူမႉကြန္ရက္စာမ်က္ႏွာ မွာ အခုလိုပဲေရးသားထားပါတယ။

“ကားငါးစီးဆင့္ကာ ဆင့္ကာတိုက္ေသာ္ျငား…..

ဘာမွ မပူပါနဲ႕။ဘာမွ မျဖစ္ဘူး။ဗုဒၶဘုရား ႏွလုံးသား မွာရွိတယ္။ဘုန္းဘုန္းဘုရား လည္မွာဆြဲထားတယ္။

ယေန႕ နာေရးကူညီမႈလမ္းေၾကာင္းေရေဝးသုႆန္သို႔အသြား လမ္းတစ္ေနရာရွိျဖတ္လမ္းရွိေသာေနရာတြင္ ပင္မကားမ်ားရွင္းပါကတစ္ဖက္လမ္းသို႔ ကူးရန္အတြက္ တန္းစီေစာင့္ေနေသာ ကားေလးတစ္စီးႏွင့္ လိုက္ထရပ္ကားအား ေနာက္မွ အေဝးေျပးခရီးသယ္တင္ကားတစ္စီးမွ တိုက္လိုက္၍

ေရွ႕ဆုံးတြင္ရပ္ေနေသာ ကားမွာတစ္ဆင့္ခ်င္းတိုက္ခံရၿပီး ကြၽန္ေတာ္ေမာင္းလာသည့္ နာေရးနိဗၺာန္ယာဥ္အား ေရွ႕ေဘးမွ ေဆာင့္တိုက္ လိုက္၍ မိမိမွေရွာင္လိုက္ ေသာ္လည္း မိမိ၏ ညာဖက္ရွိ ဘတ္စ္ကားတစ္စီး၏ ေနာက္ပိုင္းေဘးဖက္ ကိုမိမိမွတစ္ဆင့္တိုက္မိေတာ့သည္။

လူမ်ားဘာမွ်မျဖစ္ေသာ္လည္း တိုက္ခံရသည့္ကားငယ္(ေရွ႕/ေနာက္)၊ လိုက္ထရပ္(ေရွ႕/ေနာက္)၊ နာကူယာဥ္ ေရွ႕(ဘယ္/ညာ) ၊ဘတ္စ္ကားႀကီး(ေနာက္ဖက္ဘယ္ဖက္ျခမ္း ပြန္း)အသီးသီးထိသြားခဲ့သည္။ကားငါးစီးဆင့္ကာ ဆင့္ကာတိုက္ခံရသည့္ျဖစ္ရပ္ပင္ျဖစ္ေတာ့သည္။

မိမိမွ လမ္းမွန္၊ပုံမွန္ေမာင္းေသာ္ျငားတစ္ဖက္မွ အႏၲရာယ္သည္ မည္ကဲ့သို႔လာမည္ကို အထူးသတိထားရန်အသိတရားတစ္ခုရွိခဲ့ရသည္။

နိဗၺာန္ယာဥ္ေပၚ ပါလာေသာ ဘဝကူးသြားသည့္႐ုပ္ခႏၶာအား အသင္းမွ နိဗၺာန္ယာဥ္ တစ္စီးအား အျမန္ေခၚ၍ ေဘာ္ဒီအားေျပာင္းေ႐ႊ႕ကာ ေရေဝးသုႆန္သို႔ပို႔ေဆာင္သျဂၤိုလ္ေပးမႈအား တာဝန္မပ်က္၊တာဝန္ေၾကစြာ လုပ္ေဆာင္ေပးခဲ့ပါသည္။

အသင္းသို႔ ျပန္အေရာက္ သုခေဆးခန္းမွတာဝန္ရွိသူမ်ားမွ အတင္းေခၚေဆာင္၍ မိမိအား အာထရာေဆာင္းစက္ျဖင့္ မိမိ၏ႏွလုံးအားစစ္ေဆးပါေတာ့သည္။ေသြးေပါင္ခ်ိန္ျဖင့္ခ်ိန္ပါေတာ့သည္။ဘာမွမျဖစ္။ဘာမွမေတြ႕။မိမိတြင္ ဗုဒၶရွိေနသည္။ဘုန္းဘုန္းရွိေနသည္။

မည္သို႔ျဖစ္ေစ ေမာ္ေတာ္ကား၊ဆိုင္ကယ္၊စက္ဘီး၊လမ္းေလွ်ာက္သည့္ ေန႕စဥ္ လုပ္ရပ္မ်ားတြင္ မိမိသည္ ….ဘယ္ေလာက္မွန္မွန္ ဘယ္ေလာက္ေျဖးေျဖး…ဘယ္ေလာက္သတိထားထား….တစ္ဖက္မွ အႏၲရာယ္သည္အခ်ိန္မေ႐ြးထိပ္တိုက္ရင္ဆိုင္နိုင္သည္ကိုေတာ့ သိထားသင့္ေတာ့သည္။”

source-Kyaw Thu Fb Acc