Unicode
အမေရိကန်လေယာဥ် ပျက်ကျလုနီးပါး ဖြစ်ချ်ိန်မှာ တန်ခိုးပြ ကာကွယ်ပေးခဲ့တဲ့ တောင်ပုလု ဆရာတော်ဘုရားကြီး၏ ကမ္ဘာ ကျော်ဖြစ်ရပ်
ဘာသာရေးနှင့်ဆက်နွယ်သော အထွေထွေဗဟုသုတလွန်ခဲ့တဲ့ ၃၈ နှစ်လောက်က ထူးခြားဖြစ်စဉ်တခုပါ။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့အနီးရှိ တောင်ပုလုတောရရိပ်သာတွင် သီတင်းသုံးနေထိုင်ခဲ့သော တောင်ပုလုဆရာတော်ဘုရားကြီးသည် တစ်ချိန်က ရဟန္တာဟုထင်ပေါ်ကျော်ကြားခဲ့သည်။
ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူတစ်ယောက်အကြောင်းအပါအဝင် စာအုပ်ပေါင်းများစွာကိုရေးခဲ့သူ စာရေးဆရာ ဒါရိုက်တာဦးဆန်းလွင်သည် တောင်ပုလု ဆရာတော်ဘုရားကြီးကိုအကြောင်းပြု၍ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကာ အရှင်အာဒိစ္စရံသီ ဘွဲ့အမည်ဖြင့်ရဟန်းဝတ်ပြီး မြန်မာပြည်အနှံတရားများ လှည့်လည်ဟောခဲ့ပါသည်။
ပျဉ်းမနား မဟာမြိုင်ဆရာတော် ဦးဇောတိကသည်လည်း ဆရာတော်ကြီးကို အကြောင်းပြု၍ ဘာသာကူးပြောင်းကာ ရဟန်းဝတ်ပြီး စာအုပ်ပေါင်းများစွာရေး၍ ကမ္ဘာ့နိုင်ငံ အသီးသီးကို လှည့်လည်တရားဟောခဲ့ပါသည်။ 1970 ခုနှစ်ကျော်ဝန်းကျင်လောက်က အမေရိကန်ကို ပျံသန်းတဲ့လေယာဉ်တစ်စီးဟာ ကောင်းကင်ယံမှ ပျက်ကျလုဆဲဆဲ ဖြစ်ခဲ့ပါတယ်။
အဲ့ဒီအချိန်မှာဘဲ လေယာဉ်မူးနှစ်ဦးဟာ လေယာဉ်ဦးခေါင်းရှေ့တည့်တည့်မှာ သင်္ကန်းဝတ်နဲ့ ရဟန်းတော်တစ်ပါးကိုမြင်လိုက်ရတဲ့အချိန်မှာ လေယာဉ်ပျံဟာ ရုတ်တရက်ပြန်လည်ကောင်းသွားပြီး အမေရိကန်ကို ချောမောစွာပြန်လည်ရောက်ရှိခဲ့ပါတယ်။
အဲ့ဒီသတင်းကို အမေရိကန်သတင်းစာမှာ ဟိုးလေး တစ်ကျော်ဖြစ်ခဲ့ပြီး မြန်မာရဟန်းတော်တစ်ပါးက လေယာဉ်ကိုကယ်တင်ခဲ့ကြောင်း အကျယ်တစ်ဝန်း ရေးသားဂုဏ်ပြုခဲ့ကြပါတယ်။
အဲ့ဒီအဖြစ်အပျက်ကို အဲ့ဒီလေယာဉ်မှာပါတဲ့ းဆိုသူဟာအံသြပြီး အမေရိကန်ကို အဲ့ဒီနေ့ကထွက်တဲ့ လေယာဉ်ရဲ့ခရီးစဉ်ကို လှမ်းစုံစမ်းကြည့်တော့ အဲ့ဒီနေ့ကခရီးသည်တွေမှာ မြန်မာနိုင်ငံသားနှစ်ဦးပါပြီး တစ်ဦးက ဒေါ်ခင်ဝင်းဖြစ်ကာ တစ်ခြားတစ်ဦးက တောင်ပုလု ဆရာတော်ကြီးပါတဲ့။
ဒေါ်ခင်ဝင်းဟာ တောင်ပုလု ဆရာတော်ဘုရားကြီးပုံကို လေယာဉ်မှုးတွေကိုပြတဲ့အခါ လေယာဉ်ဦးခေါင်းပိုင်းမှာရပ်ပြီး လေထဲမှာ သင်္ကန်းတလူလူနဲ့လွင့်နေတာ အဲ့ဒီ ရဟန်းတော်ပါတဲ့။ အဲ့ဒီလေယာဉ်မှုးတွေရဲ့ကျေးဇူးကြောင့် အမေရိကန်မှာ တောင်ပုလုတရားစခန်းတစ်ခုဖွင့်လှစ်ပေးပြီး ခုအချိန်ထိသာသနာပြုနေကြတယ်လို့သိရပါတယ်။
Credit >>>original writer & uploader
Zawgyi
အေမရိကန္ေလယာဥ္ ပ်က္က်လဳနီးပါး ျဖစ္ခ်္ိန္မွာ တန္ခိုးျပ ကာကြယ္ေပးခဲ့တဲ့ ေတာင္ပုလု ဆရာေတာ္ဘုရားႀကီး၏ ကမာၻ ေက်ာ္ျဖစ္ရပ္
ဘာသာေရးႏွင့္ဆက္ႏြယ္ေသာ အေထြေထြဗဟုသုတလြန္ခဲ့တဲ့ ၃၈ ႏွစ္ေလာက္က ထူးျခားျဖစ္စဥ္တခုပါ။ မႏၲေလးတိုင္းေဒသႀကီး မိတၳီလာၿမိဳ႕အနီးရွိ ေတာင္ပုလုေတာရရိပ္သာတြင္ သီတင္းသုံးေနထိုင္ခဲ့ေသာ ေတာင္ပုလုဆရာေတာ္ဘုရားႀကီးသည္ တစ္ခ်ိန္က ရဟႏၲာဟုထင္ေပၚေက်ာ္ၾကားခဲ့သည္။
ရတနာသုံးပါးကို ယုံၾကည္ကိုးကြယ္လာသူတစ္ေယာက္အေၾကာင္းအပါအဝင္ စာအုပ္ေပါင္းမ်ားစြာကိုေရးခဲ့သူ စာေရးဆရာ ဒါရိုက္တာဦးဆန္းလြင္သည္ ေတာင္ပုလု ဆရာေတာ္ဘုရားႀကီးကိုအေၾကာင္းျပဳ၍ ဗုဒၶဘာသာသို႔ ကူးေျပာင္းကာ အရွင္အာဒိစၥရံသီ ဘြဲ႕အမည္ျဖင့္ရဟန္းဝတ္ၿပီး ျမန္မာျပည္အႏွံတရားမ်ား လွည့္လည္ေဟာခဲ့ပါသည္။
ပ်ဥ္းမနား မဟာၿမိဳင္ဆရာေတာ္ ဦးေဇာတိကသည္လည္း ဆရာေတာ္ႀကီးကို အေၾကာင္းျပဳ၍ ဘာသာကူးေျပာင္းကာ ရဟန္းဝတ္ၿပီး စာအုပ္ေပါင္းမ်ားစြာေရး၍ ကမာၻ႔နိုင္ငံ အသီးသီးကို လွည့္လည္တရားေဟာခဲ့ပါသည္။ 1970 ခုႏွစ္ေက်ာ္ဝန္းက်င္ေလာက္က အေမရိကန္ကို ပ်ံသန္းတဲ့ေလယာဥ္တစ္စီးဟာ ေကာင္းကင္ယံမွ ပ်က္က်လဳဆဲဆဲ ျဖစ္ခဲ့ပါတယ္။
အဲ့ဒီအခ်ိန္မွာဘဲ ေလယာဥ္မူးႏွစ္ဦးဟာ ေလယာဥ္ဦးေခါင္းေရွ႕တည့္တည့္မွာ သကၤန္းဝတ္နဲ႕ ရဟန္းေတာ္တစ္ပါးကိုျမင္လိုက္ရတဲ့အခ်ိန္မွာ ေလယာဥ္ပ်ံဟာ ႐ုတ္တရက္ျပန္လည္ေကာင္းသြားၿပီး အေမရိကန္ကို ေခ်ာေမာစြာျပန္လည္ေရာက္ရွိခဲ့ပါတယ္။
အဲ့ဒီသတင္းကို အေမရိကန္သတင္းစာမွာ ဟိုးေလး တစ္ေက်ာ္ျဖစ္ခဲ့ၿပီး ျမန္မာရဟန္းေတာ္တစ္ပါးက ေလယာဥ္ကိုကယ္တင္ခဲ့ေၾကာင္း အက်ယ္တစ္ဝန္း ေရးသားဂုဏ္ျပဳခဲ့ၾကပါတယ္။
အဲ့ဒီအျဖစ္အပ်က္ကို အဲ့ဒီေလယာဥ္မွာပါတဲ့ းဆိုသူဟာအံၾသၿပီး အေမရိကန္ကို အဲ့ဒီေန႕ကထြက္တဲ့ ေလယာဥ္ရဲ႕ခရီးစဥ္ကို လွမ္းစုံစမ္းၾကည့္ေတာ့ အဲ့ဒီေန႕ကခရီးသည္ေတြမွာ ျမန္မာနိုင္ငံသားႏွစ္ဦးပါၿပီး တစ္ဦးက ေဒၚခင္ဝင္းျဖစ္ကာ တစ္ျခားတစ္ဦးက ေတာင္ပုလု ဆရာေတာ္ႀကီးပါတဲ့။
ေဒၚခင္ဝင္းဟာ ေတာင္ပုလု ဆရာေတာ္ဘုရားႀကီးပုံကို ေလယာဥ္မႈးေတြကိုျပတဲ့အခါ ေလယာဥ္ဦးေခါင္းပိုင္းမွာရပ္ၿပီး ေလထဲမွာ သကၤန္းတလူလူနဲ႕လြင့္ေနတာ အဲ့ဒီ ရဟန္းေတာ္ပါတဲ့။ အဲ့ဒီေလယာဥ္မႈးေတြရဲ႕ေက်းဇူးေၾကာင့္ အေမရိကန္မွာ ေတာင္ပုလုတရားစခန္းတစ္ခုဖြင့္လွစ္ေပးၿပီး ခုအခ်ိန္ထိသာသနာျပဳေနၾကတယ္လို႔သိရပါတယ္။
Credit >>>original writer & uploader