Cele News ဗဟုသုတ

ဒလ အမှိုက်ပုံမှာ စွန့်ပစ်ထားပြီး ချက်ကြိုးမှာ သွေးထွက်နေတဲ့ ကလေးလေးကို ဆေးရုံပို့ခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ပြည်သူချစ် ရုပ်ရှင်နဲ့သရုပ်ဆောင် မင်းသမီးတစ်ယောက်လဲ ဖြစ်ပါတယ်။သူမကတော့ ပရဟိတ လုပ်ငန်းတွေက််ိုလည်း စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

သူမကတော့ စွန့်ပစ်ခံရတဲ့ကလေးအများအပြားကိုလည်း သူမရဲ့ သားသမီးရင်းချာသကဲ့သို့ ပြုစုပြိုးထောင်ပေးသောကြောင့် တစ်နိုင်ငံလုံးက ပရိတ်သတ်များကလည်း ဂုဏ်ယူမဆုံးဖြစ်ရတဲ့ မင်းသမီးတစ်လတ်ပဲဖြစ်ပါတယ်နော်။

ဒီနေ့မှာတော့ ဒလ အမှိုက်ပုံမှာစွန့်ပစ်သွားတဲ့ ချက်ကြိုးမှာ သွေးထွက်နေတဲ့ ကလေးလေးကို ဆေးရုံပို့ပေးခဲ့ပြီး

ကံကောင်းစွာဖြင့် ကလေးလေးက တစ်စုံတစ်ရာ ဘာမှမဖြစ်ခဲ့ပဲ အဆင်ပြေသွားခဲ့ကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာ အခုလိုပဲ ရေးသားထားပါတယ်။

“သားငယ်လေးကတော့ ဆေးရုံပြပီး အဆင်ပြေသွားပါပီ..ကောက်တွေ့သော ပတ်ဝန်းကျင်မှ အန်တီကြီး မိသားစု ကိုလဲ ကျေးဇူးတင်ပါတယ်ရှင် မနက်ဖြန် ကလေးကို ဒလ ဘက်သို့ သမ္မာန်စီးပီး သွားခေါ်ပါမယ်.

တွေ့တွေ့ချင်း ကျမဆီ ဖုန်းဆက်ပီး ဆေးရုံ ပို့ပေးထားပါသော အန်တီကြီး မိသားစု နှင့် ကလေးများအား စောင့်ရှောက်ကျွေးမွေး ကယ်တင်နိုင်ရန် လှူဒါန်းပေးကြသော

ခုနှစ်ရက် သားသမီး အလှူရှင်များ အားလုံး ကျေးဇူးတင်ပါတယ်ရှင်…ကျမတို့ “ခိုင်” မိသားစု ရဲ့ (၄၄)ယောက်မြောက် သားလေးလဲ ဖြစ်ပြီး လူ့အသက် တစ်ချောင်းကို လဲ ဝိုင်းဝန်း ကယ်တယ်နိုင်ခဲ့ပါပီရှင်…”

Credit-Khine Hnin Wai Fb Page