ဗဟုသုတ

အသက်ဘေးမှ လွတ်မြောက်စေခဲ့တဲ့ သမ္ဗုဒ္ဓေဂါထာတော်အစွမ်း။(လွန်ခဲ့သော နှစ်ပေါင်း ၄၀ကျော်က ဖြစ်ရပ်မှန် အကြောင်းတစ်ခု ဖြစ်သည်။)

အသက်ဘေးမှ လွတ်မြောက်စေခဲ့တဲ့ သမ္ဗုဒ္ဓေဂါထာတော်အစွမ်း။(လွန်ခဲ့သော နှစ်ပေါင်း ၄၀ကျော်က ဖြစ်ရပ်မှန် အကြောင်းတစ်ခု ဖြစ်သည်။)

အချိန်မှာ မွန်းလွဲသုံးနာရီခန့် အချိန်ဖြစ်ပေသည်။

တိတိကျကျဆိုရလျှင် ၁၉၇၇ ခုနှစ်၊ ဇွန်လ ၁၅ ရက်၊ မွန်းလွဲ သုံးနာရီခန့် အချိန်ဖြစ်ပေသည်။

စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် တရားရုံးတွင် ရုံးကိစ္စများ ဆောင် ရွက်ပြီးနောက် ကျွန်တော်သည် မိမိ တာဝန်ထမ်းဆောင်ရာ

ပေါက်တောမြို့သို့ ပြန်ရန် အတွက် ပြည်နယ်တရားရုံးမှ မော်တော်ဘုတ် ဆိပ်ကမ်းရှိရာ ဆပ်ရိုးကျချောင်းဘက်သို့ ဆိုက်ကားဖြင့် လာခဲ့သည်။

လမ်းတွင်ပင် မိုးသည် တဖွဲဖွဲရွာစပြုနေပြီဖြစ်သည်။

ဆပ်ရိုးကျချောင်းရှိ ဘုတ်ဆိပ် (မော်တော်ဘုတ်ဆိပ်ကမ်း)သို့ ရောက်လာသောအခါ မိုးသာမက လေပြင်းတိုက်စပြုလေပြီ။

မိုးဦးလေဦးမို့ မိုးလည်းသည်း၍ လေလည်း ထန်တတ်ပါသည်။

တစ်နာရီ မိုင် ၄၀ နှုန်းဟူသည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ်လျက်ရှိသော စစ်တွေမြို့အဖို့ တိုက် ရိုးတိုက်စဉ်ပင်။

ကျွန်တော်သည် မိုးလည်းရွာ၊ လေလည်း တိုက်နေသည့်ကြားမှပင် ပေါက်တောမြို့သို့ ထွက်ခွာမည့် စန်းစန်း ဘုတ်ပေါ်သို့ တက်ရောက်ခဲ့ပါသည်။

စန်း စန်းဘုတ် ဟူသည်မှာ စန်းစန်းဟုခေါ် သော မော်တော်ဘုတ်၏ အမည်ဖြစ် သည်။

စစ်တွေနှင့် ပေါက်တောအကြား နေ့တိုင်းပြေးဆွဲနေသော မော်တော်ဘုတ် ဖြစ်ပါသည်။ မော်တော်ဘုတ်မှာ ပေါက် တောသို့ လိုက်ပါ မည့် ခရီးသည်အပြည့် နှင့် ဖြစ်နေတော့သည်။

စန်းစန်းဘုတ်သည် မိုးလေးတဖွဲ ဖွဲအကြားတွင် ဆပ်ရိုးကျချောင်းအတွင်း စတင်ခုတ်မောင်း လျက်ရှိသည်။

မိနစ် ၂၀ ကြာ သောအခါ ဆပ်ရိုးကျ ချောင်းမှ ထွက်ခွာတော့သည်။

ဆပ်ရိုးကျချောင်း မှထွက်ခွာသည်နှင့် လေးမြို့မြို့ဝနှင့် ဘင်္ဂလား ပင်လယ်အော်ဆုံရာသို့ ရောက် ရှိတော့သည်။

မိုးလည်း သည်းလာ၍ လေတိုက်နှုန်းသည် ပြင်းထန်လာသည်။

ဘင်္ဂလားပင်လယ်အော်ဖြစ်၍ လှိုင်းလေလည်း ကြီးလာပြီး ပတ်ဝန်း ကျင်တစ်ဝိုက် မှာလည်း မိုးသားတိမ်တိုက်များဖြင့် မည်းမှောင်လျက်ရှိတော့သည်။

မနီးမဝေးရှိ ဖရုံကာကျွန်းစုများ (မြေငူကျွန်းများ)ကိုပင်

မမြင်ရတော့။ လေရှင်းတောင် မီးပြတိုက် ဟူသည် မည်သည့်နေရာသို့ ရောက်နေသည်ကို မသိ။ တစ်သက်လုံး ရန်ကုန်တွင် နေထိုင် ကြီးပြင်းခဲ့ရသော ကျွန်တော့်အဖို့ ဘင်္ဂလားပင်လယ်အော်တွင် စန်းစန်းဘုတ်ကို စီးပြီး မုန်တိုင်းနှင့် ကြုံတွေ့နေရချေ ပြီတကား။

စက်ဆရာသည် မော်တော်ဘုတ်ကို မောင်းနှင်နေသော်လည်း မော်တော်ဘုတ် သည် ရွေ့လျားနေသည်ဟု မထင်ရပေ။

မိုးသည်း၍ လေထန်နေသော အခြေအနေတွင် သဘာဝအတိုင်း လှိုင်းက တိုက်ခတ်လာတော့သည်။ မော်တော်ဘုတ်မှာ လှိုင်းဒဏ်၊ လေဒဏ်၊ မိုးဒဏ်တို့အကြား အလူးအလှိမ့်ခံနေရသည်။

လှိုင်းလုံးရောက်လာသောအခါ မော်တော်ဘုတ်ကို မြှောက်၍ ပစ်တင်လိုက်သလို ဖြစ်သွားပြီး လှိုင်းလုံးလွန်သွားသော အခါ မော်တော်ဘုတ်ကို အောက်သို့ပြန်၍ ပစ်ချလိုက်သကဲ့သို့ ဖြစ်ကာ ကျွန်တော့်အဖို့ ရင်ထဲတွင် အေးခနဲ၊ စိမ့်ခနဲ ဖြစ်သွား တော့သည်။

တစ်ခါတစ်ရံ လှေနှစ်ဖက်လုံးမှ တဖြန်းဖြန်းဖြင့် လှိုင်းရိုက်ပုတ်သံသည် သစ်သားဖြင့်ပြုလုပ်ထားသော မော်တော် ဘုတ်အား နှစ်ခြမ်း ကွဲသွားစေတော့ မည် လားဟုတွေးထင်ရသည်။

လှေအလယ်မှ ပေါက်ပြီး ဒယ်အိုးနစ်များ နစ်သွားလေ မည်လား ဟု လည်း စိုးရိမ်နေမိတော့သည်။

ဤကဲ့သို့ မိုးသဲသဲမဲမဲရွာနေစဉ် မော်တော်ဘုတ်၏ တစ်ဖက်တစ်ချက်တွင် ရှိသော မိုးရေကာ ဖျင်များကို လိပ်တင် ထားကြ သည်။ မိုးရေကာဖျင်ကို လိပ်ထား သောကြောင့် လှေနှင့်ခရီးသည်များ

ရေစို သည်ထက် မိုးရေကာဖျင်ကို ချထားပါက တိုက်နေသောလေကို တွန်းထားသလို ဖြစ်ပြီး လေဒဏ်ဖြင့် လှေမှောက်နိုင်သော ကြောင့် ဖြစ်သည်။

ထိုအခါ ခရီးသည်များမှာ မိုးရေ အစိုမခံချင်ကြသဖြင့် လေတိုက်သော ဘက်မှ အခြားတစ်ဖက်သို့ စုပြုံပြီး ရွှေ့ပြောင်း နေရာယူ ကြပြန်သည်။ ထိုအခါ လှေသည် လူများ စုပြုံနေရာယူသည်

ဘက်သို့ စောင်းသွားပြီး မှောက်တော့ မည်ကဲ့သို့ ဖြစ်နေတော့သည်။ ယင်း အခြေအနေမျိုးတွင် တစ်ဖက်မှ လေသည် ပို၍ ပြင်းပြင်းထန်ထန် တိုက်လိုက်မည် ဆိုပါက လှေသည် မုချမှောက်မှာဖြစ် သည်။ ကျွန်တော်အပါအဝင် ခရီးသည် များ၏ ကံကြမ္မာကား မတွေးရဲအောင်ပင်။

ပင်လယ်ကို ကျွမ်းလှအောင် ရခိုင်သား ပဲ့နင်းသည်ပင် မျက်လုံးပြူးလျက် ရှိသည်။ ခရီးသည်များကို ရေစိုခံပြီး လှေ၏ နှစ်ဖက်မျှ၍ နေရာယူကြရန် မြည်တွန် တောက်တီး ပြောဆိုလျက်ရှိသည်။

ငါတော့ မကယ်နိုင်ဘူး ဟုလည်းပြောဆိုလျက် ရှိရာ ရေမကူး တတ်သော ကျွန်တော့်မှာ အသက်ကို မည်သည့်နေရာတွင် ထားရမှန်းပင် မသိတော့ပေ။ ခရီးသည် ရခိုင်သား အဘိုးကြီးတစ်ဦး

ကမူ ပြန်လှည့်ပြန်လှည့် မဖြစ်ပါ မဖြစ်ပါဟု ရခိုင်သံ ဝဲဝဲဖြင့် ပြောဆိုလျက်ရှိသည်။ အမယ်အိုများ၊ အမျိုး သမီးငယ်များကလည်း ဘုရား ဘုရားဖြင့် ဘုရားတ လျက်ရှိကြတော့သည်။

ကျွန်တော်သည် ယခင်က မုန်တိုင်းမိပြီး သင်္ဘောပျက်၍ ခရီးသည်များဒုက္ခ ရောက်ကြရသော အဖြစ်အပျက်၊ ဇာတ်လမ်း များ ကို ဖတ်ခဲ့ဖူးပါသည်။ ယခုတော့ ကိုယ်တွေ့ကြုံရပေပြီ။

သေဘေးကို တွေ့ နေရပေပြီ။ သေရတော့မည်လော၊ နေရဦး မည် လော ဟူသည်မှာ မိနစ်ပိုင်းအတွင်း အဆုံးအဖြတ် ခံယူရပေတော့မည်။

သေဒဏ် စီရင်ချက်အမိန့်အား ဖတ်ကြားနေသည်ကို နားထောင်နေရသော တရားခံ ၏ ဘဝနှင့် ကျွန်တော်၏ ဘဝကား တူလှဘိတော့ သည်။ ဒေသခံတိုင်းရင်းသား ခရီးသည်များ ကိုယ် တိုင်က

ကြောက်စရာဘေးအဖြစ် ထိတ်လန့်ကြောက် ရွံ့နေသော၊ ဘုရားတနေသော အမူအရာများကို ပြသလျက်ရှိရာ ကျွန်တော့်အဖို့ အမှန်တကယ် သေ ရတော့မည့်သူ၊ သေဒဏ်စီရင်ချက် အမိန့်ကို ကိုယ် တိုင်နာခံနေရသူ (တရားခံ) သဖွယ် ခံစားနေရတော့ သည်။

ထိုအခါမှ ကျွန်တော်သည် ဟိုအဝေးတစ် နေရာတွင်ရှိကြသော မိဘနှစ်ပါးကို သတိရလာ သည်။ ရန်ကုန်တွင်ရှိကြသော ဇနီးနှင့် သားသမီး များကိုလည်း သတိရလာသည်။ သေခါနီးမှ မိဘ နှင့်ဇနီး၊

သားသမီးများကို လွမ်းနေမိတော့သည်။ မိဘများကို သတိရခြင်းကား မြင်းမိုရ်တောင်ဦး မကကျူးသည့် ကျေးဇူးကြီးလှ မိနှင့်ဖ တို့ဖြစ်သော ကြောင့်။ ဇနီးနှင့် သားသမီးတို့ကို သတိရလာခြင်

း ကား သံယောဇဉ်တည်းဟူသော အပူမီးကြောင့်။ များများချစ်လေ များများဒုက္ခကြီးမားလေ ဟူသော တရားတော်၏ အဆုံးအမသည် ပြောမယုံ၊ ကြုံ မှသိ ဖြစ်ရချေပြီ။

မိဘကို သတိရလိုက်၊ ဇနီးနှင့် သား သမီးများကို သတိရလိုက်ဖြင့် သေခါနီးဖြစ်သော ကျွန်တော်၏ လှုပ်ရှားနေသော စိတ်တို့သည် ဆောက်တည်ရာမရ ဖြစ်လျက်ရှိချေပြီ။

ကျွန်တော် ၏ လစာကို မျှော်နေကြသော ဇနီးနှင့်သမီး၊ သား တို့သည် လစာအစား နာရေးသတင်းကိုသာ ကြား ကြရပေတော့မည်။

ကျွန်တော်သည် ဆုံးဖြတ်ချက်တစ်ခုကို ချ မှတ်လိုက်တော့သည်။ သည်မိုးနှင့် သည်လေနှင့် သည်လှိုင်းတို့အကြားတွင် စက္ကူလှေငယ်လေးသ ဖွယ် အလူးအလှိမ့်ခံနေရသော

ဤမော်တော်ဘုတ် လေးမှာ အချိန်မရွေး တိမ်းမှောက်သွားနိုင်သည်။ သေခြင်းတရားကို ရင်ဆိုင်ရုံမှ တစ်ပါး တခြားမရှိ။ တစ်ဘဝတွင် တစ်ခါတော့ သေကြမည်သာ။ မသေမီ ရတနာသုံးပါးကို ယုံယုံကြည်ကြည် နှလုံးသွင်းသွား ရန်သာရှိတော့သည်။

ကျွန်တော်သည် မျက်စိကို စုံမှိတ်ကာ သမ္ဗုဒ္ဓေ ဘုရားရှိခိုးဂါထာတော်ကြီးကို အကြိမ် ကြိမ်ရွတ်နေမိတော့သည်။ ကျွန်တော် ၏ ကြောက် စိတ်သည် မည်မျှကြီးမားနေသနည်းဆိုသော် ကျွန်တော်ရွတ်နေသော

သမ္ဗုဒ္ဓေဂါထာတော်သည် မဆုံးနိုင် တော့ပေ။ အိုးနင်းခွက်နင်း၊ ကပေါက်တိ ကပေါက်ချာ၊ ပြောင်းတိပြောင်းပြန် ဖြစ်လျက်ရှိ ချေပြီ။

ကျွန်တော်သည် သေခြင်းတရားကို ရင်ဆိုင် ရန် ရဲရဲကြီး ဆုံးဖြတ်ကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားရပြန်သည်။ သမ္ဗုဒ္ဓေဂါထာတော်ကြီးကို အစမှအဆုံး မှန်မှန်ကန်ကန်ဖြစ်ရန် ကြိုးစား၍ ရွတ် ဖတ်လေသည်။ အကြိမ်ကြိမ်အခါခါ ရွတ်ဖတ်ခဲ့လေ တော့သည်။

အံ့ဖွယ်ကောင်းလေစွ၊ ထိုကဲ့သို့ ရွတ်ဖတ်ပြီး နာရီဝက်ခန့်အကြာတွင် ကြုံတွေ့နေရသော ဘေး အန္တရာယ်အခြေအနေသည် အနည်းငယ် ပြောင်း လဲသွားပေသည်။ ဘင်္ဂလားပင်လယ်အော်ကို

ဖြတ် ၍မောင်းနှင်နေသော မော်တော်ဘုတ်သည် ဘင်္ဂလား ပင်လယ်အော်ကို ကျော်လွန်ပြီး လေးမြို့ မြစ်အတွင်း သို့ ရောက်ရှိလာတော့သည်။ ပင်လယ် မှာထက်မြစ် အတွင်း ခုတ်မောင်းရခြင်းက မော်တော် ဘုတ်ငယ် အဖို့ပို၍ အဆင်ပြေလှသည်။

ထို့ပြင် လေးမြို့မြစ်အတွင်း ဝင်လာသော အခါ အနီးအနားတွင်ရှိကြသော ဖရုံကာကျွန်းစု များသည် ဘင်္ဂလားပင်လယ် အော်မှ တိုက်ခတ်လာ သောလေများကို အလိုအလျောက် အကာအကွယ် ပေးလျက်ရှိတော့သည်။

မိုးသက်လေသည် လည်း ငြိမ်သက်စပြုလာတော့သည်။ စက်မောင်းသမားနှင့် ပဲ့နင်းတို့၏ မျက်နှာတွင် စိုးရိမ်သည့် လက္ခဏာ ကို မမြင်ရ တော့။ ခရီးသည်အဘိုးအို အဘွားအိုများ

သည်ပင် ပြုံးရယ်စပြုလာကြပြီဖြစ်သည်။ ထိုအခါ မှပင် သေဘေးမှ လွတ်မြောက် ပြီဟု ကျွန်တော်လည်း မိမိကိုယ်ကို ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။

ဤအတွေ့အကြုံအား ကျွန်တော်၏ ဘဝ တွင် မေ့ပျောက်၍မရနိုင်သော အတွေ့အကြုံလေး တစ်ရပ်ပင် ဖြစ်သည်။ ဝန်ထမ်းဘဝ၏ ဘဝတစ်ကွေ့ အတွေ့အကြုံလေး တစ်ရပ်ပင် ဖြစ်ပါတော့သည်။

ထို့ပြင်ပို၍ ပြောဆိုလိုသည်။ ဝန်ခံလိုသည် မှာ အခြားမဟုတ်။ ယင်းနေ့(၁၅-၆-၇၇) ရက်မှစ၍ ယနေ့ထက်တိုင် ကျွန်တော် သည် သမ္ဗု ဒ္ဓေအဋ္ဌဝီသဉ္စ အစချီဘုရားရှိခိုးဂါထာတော်ကြီးကို နေ့စဉ်မပြတ် ယုံယုံကြည်ကြည် ရွတ်ဆိုလျက်ရှိသည် ဟူသော အချက်ပင်ဖြစ်ပေသတည်း။

မောင်ဉာဏ်စိန်၊ မနောမယဂမ္ဘီရဂျာနယ် (လေးစားစွာဖြင့် ခရက်ဒစ်)