Unicode
သမ္ဗုဒ္ဓေဂါထာတော်ကျင့်ဆောင်နည်း
ရေသောက်လျှင် ရေခွက်ကို နှုတ်ခမ်းနား
၁ လက်မ အကွာထား၍ သမ္ဗုဒ္ဓေဂါထာတော်အား (၉) ခေါက် ပူဇော်ပြီး မှ သောက်ပါ ။

ထမင်းစားလျှင် ထမင်းပုဂံကို နှုတ်ခမ်းအနားမှာ ၁ လက်မ အကွာ ထား၍ သမ္ဗုဒ္ဓေဂါထာတော်အား ( ၁၂ )ခေါက်ရွတ်ပြီး မှ စားပါ ။
ဤကဲ့သို့ နေ့စဉ် ရက်မပျက်စေပဲ ကျင့်ဆောင် သွားပါလျှင် ပြောတိုင်း ဆိုတိုင်းအောင်မြင်စေ၏ ။ ဘေးရန်အန္တရာယ် ကင်းဝေးစေ၏
သြဇာအာဏာ တည်စေ၏
သမ္မာဒေဝနတ်များ လောကပါလနတ်များ အမြဲ စောင့်ရှောက်ရ၏။
တစ်ပါးသူတို့က မိမိ အား မကောင်းမကြံနိုင် ။ ဘေးဘယာ ရောဂါအနာများကင်းပျောက်ရ၏ ။
အန္တရာယ် ရန်စွယ် အတိုက်အခံ ကင်းဝေးလိုလျှင် သမ္ဗုဒ္ဓေဂါထာတော်အား
နံနက် သက်စေ့ ၊ ည သက်စေ့ ရွတ်ဆိုပူဇော်ရမည်။

အမှောင်ပယောဂ ၊ စုန်း ၊ နတ် ၊ ကဝေ ၊တစ္ဆေ ၊ မြေဘုတ် ၊ သူတစ်ပါး ပြုစားခြင်းတို့မှ ကင်းဝေးပပျောက်စေလိုလျှင် ည (၂၇) ခေါက် နံနက် (၂၇) ခေါက် ရွတ်ဆိုပူဇော်မည်။
လောကီကိစ္စ လောကီကောင်းကျိူးချမ်းသာ မင်္ဂလာသုခနှင့် ပြည့်စုံလိုပါလျှင် သမ္ဗုဒ္ဓေဂါထာတော်အား နံနက် ( ၅၄ )ခေါက် ည ( ၅၄ ) ခေါက် ရွတ်ဆိုပူဇော်ရမည် ။
အနာရောဂါများ ကင်းပျောက် ချမ်းသာလိုပါက နေ့စဉ် နံနက် အရုဏ်တတ်တိုင်းသမ္ဗုဒ္ဓေဂါထာတော်အား ( ၁ဝ၈ ) ခေါက် ရွတ်ဆိုပူဇော်ရမည် ။
ဝိဇ္ဇာမဟိဒ္ဓိ ၊ သိဒ္ဓိတန်ခိုး စွမ်းအားမျိူးကို အလိုရှိပါလျှင် သမ္ဗုဒ္ဓေဂါထာတော်အား နေ့စဉ် (၁ဝဝဝ ) ၊ ရွတ်အား ဆောင်၍ ၊အခေါင်သိဒ္ဓိိ ၊ မဟိဒ္ဓိသည် ဇမ္ဗူတစ်ခွင် ၊ ကျော်စောထင်လိမ့် ။
အဓိဋ္ဌာန် ၉ ရက် ၊၁၈ ရက် ၂၇ ရက် ၊၃၆ ရက် ၄၅ ရက် – ၊၅၄ ရက် အဓိဋ္ဌာန်ဝင်၍နေ့စဉ် ( ၁ဝဝဝ ) ရွတ်ဆိုပူဇော်ရမည်။

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Thi Lar Nanda
credit
Zawgyi

သြဇာအာဏာ တည်စေ၏

လောကီကိစ္စ လောကီကောင်းကျိုးချမ်းသာ မင်္ဂလာသုခနှင့် ပြည့်စုံလိုပါလျှင် သမ္ဗုဒ္ဓေဂါထာတော်အား နံနက် ( ၅၄ )ခေါက် ည ( ၅၄ ) ခေါက် ရွတ်ဆိုပူဇော်ရမည် ။
ဝိဇ္ဇာမဟိဒ္ဓိ ၊ သိဒ္ဓိတန်ခိုး စွမ်းအားမျိုးကို အလိုရှိပါလျှင် သမ္ဗုဒ္ဓေဂါထာတော်အား နေ့စဉ် (၁ဝဝဝ ) ၊ ရွတ်အား ဆောင်၍ ၊အခေါင်သိဒ္ဓိ ၊ မဟိဒ္ဓိသည် ဇမ္ဗူတစ်ခွင် ၊ ကျော်စောထင်လိမ့် ။

Thi Lar Nanda
credit