ဘုရားတည်ရခြင်း၊ ဘုရား ပြု ပြင်ရခြင်းအကျိုး (၂၉) ပါး
သိထားသင့်တဲ့ အချက်များ ဖြစ်ပါသည်
၁။ မဇ္ဈိမဒေသ၌သာ ဖြစ်ရခြင်း
၂။ မြတ်သော ယောက်ျားဘဝကိုသာ ရစေခြင်း
၃။ ဣနြေ္ဒချို့တဲ့မှု မဖြစ်ခြင်း
၄။ အပါယ်သို့ မလားရခြင်း
၅။ ဒွန်းစဏ္ဍားအမျိုး၌ မဖြစ်ရခြင်း
၆။ ကျွန်အမျိုး၌ မဖြစ်ရခြင်း
၇။ လောကန္တရိတ်ငရဲ၌ မဖြစ်ရခြင်း
၈။ ယုတ်မာသောအမျိုး၌ မဖြစ်ရခြင်း
၉။ ဘုန်းတန်ခိုးကြီးခြင်း
၁၀။ ရွှေအဆင်းကဲ့သို့ အဆင်းလှခြင်း
၁၁။ မြင်သူ အပေါင်းတို့ ချစ်ခင်ခြင်း
၁၂။ ကောင်းသော လာဘ်လာဘ ပေါများခြင်း
၁၃။ ကျီကျဘဏ္ဍာ ပြည့်စုံခြင်း
၁၄။ ကျွဲ၊ နွား၊ ဆင်၊ မြင်း၊ ရွှေငွေရတနာ ပြည့်စုံခြင်း
၁၅။ ကြံစည်သမျှ ပြည့်စုံခြင်း
၁၆။ နတ်မင်းကြီး ဖြစ်ရခြင်း
၁၇။ စကြဝတေးမင်းအဖြစ်ကို ရခြင်း
၁၈။ သိကြားမင်း အကြိမ်(၁၀၀၀)ဖြစ်ခြင်း
၁၉။ စကြဝတေးမင်း အကြိမ်(၁၀၀၀)ဖြစ်ခြင်း
၂၀။ ပဒေသရာဇ်အဖြစ်ကို မရေနိုင်အောင် ရခြင်း
၂၁။ ဘုရားဆုကို ရနိုင်ခြင်း
၂၂။ ပစ္စေကဗုဒ္ဓါဆုကို ရနိုင်ခြင်း
၂၃။ သာဝကဆုကို ရနိုင်ခြင်း
၂၄။ မင်းပုဏ္ဍားမြတ်သောအမျိုးသာဖြစ်ခြင်း
၂၅။ ယုတ်ညံ့ သိမ်ဖျင်းသော အမျိုး၌မဖြစ်ခြင်း
၂၆။ အကျိုး ၆ ပါးနှင့်ပြည့်စုံခြင်း…ချမ်းသာ လာဘ်ပေါ အခြံရံများ ပညာကြီး တန်ခိုးကြီး အနာကင်းခြင်း
၂၇။ အကျိုး ၇ ပါးနှင့်ပြည့်စုံခြင်း… သက်ရှည် အားကြီး ပညာ ရဲရင့် အကြားအမြင်များ ထက်မြတ် ချစ်ဖွယ်သောရုပ်
၂၈။ သံသရာ၌ ကျင်လည်ရသည်ရှိသော် မနိုင်ယှဉ်အပ်သော စည်းစိမ်ချမ်းသာတို့ကို ရရှိစေခြင်း
၂၉။ နိဗ္ဗန်ရွှေပြည်သို့ ရောက်ရခြင်း
အခုစာဖတ်သူတို့လည်း ဘုရားတည်နိုင်လောက်သော ချမ်းသာကြွယ်ဝမှုမျိုး ရရှိနိုင်ကြပြီး အမျိုး ဘာသာ သာသနာအတွက် သမ်ပိုးထမ်းရွက်ဆောင်ရွက်နိုင်သော သူတော်မြတ် သူတော်ကောင်းများ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သ ပေးလိုက်ပါတယ်။
Credit. ..Original Uploader