Unicode
အတိတ်ကပါလာတဲ့ ကံကြမာဆိုးကြောင့် ကြေကွဲရပေမယ့်လည်း အလှဆုံးပြုံးထားတဲ့ ကောင်မလေး
တစ်ခါတရံမှာ အတိတ်ကပါလာတဲ့ ကံကြမာဆိုးကြောင့် လက်ရှိဘဝမှာ အဆိုးတွေ ခန္ဓာကိုယ်အစိတ်အပိုင်း ချို့ယွင်းမှုတွေကို ရင်ဆိုင်ရပေမယ့် ဒါတွေကြောင့် စိတ်ဓာတ်ကျအားငယ်နေလို့မရပါဘူး။ မိမိရဲ့လက်ရှိဘဝကို ကိုယ်တိုင်နားလည် လက်ခံပြီး အကောင်းဆုံးပြုမုနေထိုင်မှသာလျှင် ကိုယ့်ရဲ့နေ့စဉ်ဘဝက ပျော်ရွှင်စရာကောင်းလာမှာပါ။
ဒါ့ကြောင့် ပရိသတ်တွေကို အတိတ်ကပါလာတဲ့ ကံကြမာဆိုးနဲ့ လက်ရှိဘဝမှာ နှလုံးက ရင်ဘတ်အပြင်ကို ထွက်ပြီးမွေးဖွားလာတာကြောင့် ဝေဒနာဆိုးတွေ ခံစားနေရပေမယ့် အလှဆုံးပြုံးထားတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ဒီကောင်မလေးကတော့ အမေရိကန်နိုင်ငံ Florida မှာနေထိုင်တဲ့ Virsaviya Borun-Goncharova ဖြစ်ပြီး သူမဟာ လက်ရှိမှာ အသက် 11 နှစ်အရွယ်ရှိနေပါပြီ။
Virsaviya လေးကို ကိုယ်ဝန်လွယ်ထားရတုန်းကဆိုရင်လည်း သူမရဲ့မိခင်ဟာ ဆရာဝန်တွေရဲ့ ဒီကလေးလေးဟာ ကိုယ်ဝန်ဆောင်စဉ် ဒါမှမဟုတ် မွေးဖွားလာပြီးပြီးချင်း သေမယ်ဆိုတဲ့ စကားတွေကို ကြားခဲ့ရပေမယ့် မိခင်စိတ်အပြည့်နဲ့ သမီးလေး Virsaviya ကိုလူ့လောကထဲရောက်အောင် မွေးထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။
Virsaviya လေးရဲ့ ဒီအခြေအနေဟာ နာလည်နိုင်ဖို့ အရမ်းခက်ခဲလှသလို လူတစ်သန်းမှာ တစ်ယောက်သာ အသက်ရှင်နိုင်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။အသက်မသေပဲ ရှင်သန်ခွင့်ရပေမယ့် Virsaviya ဟာ ကံအရမ်းကောင်းလွန်းသူတော့မဟုတ်ခဲ့ပါဘူး ၊ မွေးထဲက သူမရဲ့ နှလုံးဟာ ရင်ဘတ်အပြင်ဘက်ကို ထွက်နေခဲ့ပြီး ဒီအခြေအနေအကြောင့်ပဲ သူမဟာ ဆိုးရွားတဲ့ ဝေဒနာတွေခံစားခဲ့ရပါတယ်။
Virsaviya လေးဟာ မွေးထဲကနေ နှစ်အတော်ကြာတဲ့အထိ သူမရဲ့အချိန်တော်တော်များများကို ဆေးရုံမှာ ကုန်ဆုံးခဲ့ရပြီး အောက်ဆီဂျင်မပြတ်အောင် ဂရုစိုက်နေခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမယ့် Virsaviya လေးကတော့ ဒီဝေဒနာတွေကြောင့် စိတ်ဓာတ်မကျနေပါဘူး ၊
တခါတရံအောက်စီဂျင်ပြတ်သွားတဲ့အချိန်မှာ သူမအရမ်းကို ခံစားရပေမယ့် အပြင်ထွက်နေတဲ့ နှလုံးကိုလည်း အထဲကို ပြန်မထည့်ချင်ပါဘူး၊ သူငယ်ချင်းတွေနဲ့အတူ သီချင်းဆိုလိုက် ကနေရတာနဲ့တင် အရမ်းကိုပျော်ရွှင်နေပါပြီလို့ ပြောထားပါတယ်။ဘယ်လောက်ပဲ ဆိုးရွားလှတဲ့ ကျန်းမာရေးအခြေအနေတွေကို ရင်ဆိုင်ရ ရင်ဆိုင်ရ Virsaviya လေးကတော့ အလှဆုံးပြုံးထားဆဲပါပဲ။
credit – Myanmarload
Zawgyi
အတိတ္ကပါလာတဲ့ ကံၾကမာဆိုးေၾကာင့္ ေၾကကြဲရေပမယ့္လည္း အလွဆုံးၿပဳံးထားတဲ့ ေကာင္မေလး
တစ္ခါတရံမွာ အတိတ္ကပါလာတဲ့ ကံၾကမာဆိုးေၾကာင့္ လက္ရွိဘဝမွာ အဆိုးေတြ ခႏၶာကိုယ္အစိတ္အပိုင္း ခ်ိဳ႕ယြင္းမႈေတြကို ရင္ဆိုင္ရေပမယ့္ ဒါေတြေၾကာင့္ စိတ္ဓာတ္က်အားငယ္ေနလို႔မရပါဘူး။ မိမိရဲ႕လက္ရွိဘဝကို ကိုယ္တိုင္နားလည္ လက္ခံၿပီး အေကာင္းဆုံးျပဳမုေနထိုင္မွသာလွ်င္ ကိုယ့္ရဲ႕ေန႕စဥ္ဘဝက ေပ်ာ္႐ႊင္စရာေကာင္းလာမွာပါ။
ဒါ့ေၾကာင့္ ပရိသတ္ေတြကို အတိတ္ကပါလာတဲ့ ကံၾကမာဆိုးနဲ႕ လက္ရွိဘဝမွာ ႏွလုံးက ရင္ဘတ္အျပင္ကို ထြက္ၿပီးေမြးဖြားလာတာေၾကာင့္ ေဝဒနာဆိုးေတြ ခံစားေနရေပမယ့္ အလွဆုံးၿပဳံးထားတဲ့ ေကာင္မေလးတစ္ေယာက္ အေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။ဒီေကာင္မေလးကေတာ့ အေမရိကန္နိုင္ငံ Florida မွာေနထိုင္တဲ့ Virsaviya Borun-Goncharova ျဖစ္ၿပီး သူမဟာ လက္ရွိမွာ အသက္ 11 ႏွစ္အ႐ြယ္ရွိေနပါၿပီ။
Virsaviya ေလးကို ကိုယ္ဝန္လြယ္ထားရတုန္းကဆိုရင္လည္း သူမရဲ႕မိခင္ဟာ ဆရာဝန္ေတြရဲ႕ ဒီကေလးေလးဟာ ကိုယ္ဝန္ေဆာင္စဥ္ ဒါမွမဟုတ္ ေမြးဖြားလာၿပီးၿပီးခ်င္း ေသမယ္ဆိုတဲ့ စကားေတြကို ၾကားခဲ့ရေပမယ့္ မိခင္စိတ္အျပည့္နဲ႕ သမီးေလး Virsaviya ကိုလူ႕ေလာကထဲေရာက္ေအာင္ ေမြးထုတ္ေပးခဲ့တာပဲျဖစ္ပါတယ္။
Virsaviya ေလးရဲ႕ ဒီအေျခအေနဟာ နာလည္နိုင္ဖို႔ အရမ္းခက္ခဲလွသလို လူတစ္သန္းမွာ တစ္ေယာက္သာ အသက္ရွင္နိုင္တဲ့ အေျခအေနပဲ ျဖစ္ပါတယ္။အသက္မေသပဲ ရွင္သန္ခြင့္ရေပမယ့္ Virsaviya ဟာ ကံအရမ္းေကာင္းလြန္းသူေတာ့မဟုတ္ခဲ့ပါဘူး ၊ ေမြးထဲက သူမရဲ႕ ႏွလုံးဟာ ရင္ဘတ္အျပင္ဘက္ကို ထြက္ေနခဲ့ၿပီး ဒီအေျခအေနအေၾကာင့္ပဲ သူမဟာ ဆိုး႐ြားတဲ့ ေဝဒနာေတြခံစားခဲ့ရပါတယ္။
Virsaviya ေလးဟာ ေမြးထဲကေန ႏွစ္အေတာ္ၾကာတဲ့အထိ သူမရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို ေဆး႐ုံမွာ ကုန္ဆုံးခဲ့ရၿပီး ေအာက္ဆီဂ်င္မျပတ္ေအာင္ ဂ႐ုစိုက္ေနခဲ့ရတာပဲျဖစ္ပါတယ္။ဒါေပမယ့္ Virsaviya ေလးကေတာ့ ဒီေဝဒနာေတြေၾကာင့္ စိတ္ဓာတ္မက်ေနပါဘူး ၊
တခါတရံေအာက္စီဂ်င္ျပတ္သြားတဲ့အခ်ိန္မွာ သူမအရမ္းကို ခံစားရေပမယ့္ အျပင္ထြက္ေနတဲ့ ႏွလုံးကိုလည္း အထဲကို ျပန္မထည့္ခ်င္ပါဘူး၊ သူငယ္ခ်င္းေတြနဲ႕အတူ သီခ်င္းဆိုလိုက္ ကေနရတာနဲ႕တင္ အရမ္းကိုေပ်ာ္႐ႊင္ေနပါၿပီလို႔ ေျပာထားပါတယ္။ဘယ္ေလာက္ပဲ ဆိုး႐ြားလွတဲ့ က်န္းမာေရးအေျခအေနေတြကို ရင္ဆိုင္ရ ရင္ဆိုင္ရ Virsaviya ေလးကေတာ့ အလွဆုံးၿပဳံးထားဆဲပါပဲ။
credit – Myanmarload