ဗဟုသုတ
မိသားစုကို မုန့်ဖတ်ထုပ် ရောင်းပြီးတော့ လုပ်ကျွေးနေတဲ့ အသက် (၉) နစ် အရွယ် ကလေးငယ်လေ……း
Unicode
မိသားစုကို မုန့်ဖတ်ထုပ် ရောင်းပြီးတော့ လုပ်ကျွေးနေတဲ့ အသက် (၉) နစ် အရွယ် ကလေးငယ်လေး
မုန့်ဖတ်ထုပ် ရောင်းပြီးတော့ မိသားစုကိုလုပ်ကျွေးနေတဲ့ အသက် (၉) နစ် အရွယ် သားလေး ဖိုးလပြည့်ကြောငိးကို ပြောပြပေးချင်ပါတယ်နော်။မြောက်ဒဂုံ မန္တလေးလမ်းဘက်မာ စက်ဘီးအသေးလေးနဲ့ဦးထုတ်လေးဆောင်းပြီးတော့
မုန့်ဖက်ထုတ်ရောင်းနေတဲ့သားလေး အောင်သူဟိန်းကျော်(ခ)ဖိုးလပြည့် ကိုတွေ့ရင်အားပေးကြပါအုံးနော်။သားလေးဟာ အသက် (၉) နစ်ပဲ ရပါသေးတာပါ။ အမေနဲ့အဖေကလည်း မုန့်ဖတ်ထုတ် ရောင်းပါတယ်တဲ့။
အမက အိမ်မကိစ္စကိစ္စလေးတွေလုပ်ပြီးတော့ ညီမလေးက အမနဲ့အိမ်မာ ကျန်ခဲ့ပါတယ်တဲ့နော်။မြောက်ဒဂုံ (၃၃) ရပ်ကွက် သန္တာလမ်းမာ နေပါတယ်တဲ့ သားလေးကစကားပြောတာချစ်ဖို့ကောင်းတယ်ဗျာ။
အရွယ်နဲ့ မလိုက်အောင် စက်ဘီးလေးနင်းပြီးတော့ ရပ်ကွက်တွေ ပတ်ပြီးတော့ မုန့်ဖတ်ထုတ် ရောင်းတာပါ။ကျွန်တော်လည်း မုန့်ဖတ်ထုတ်တွေ အားပေးလိုက်ပြီး မုန့်ဖိုးပေးလိုက်ပါသေးတယ်နောိ။ ကျွန်တော့်ကိုပြန်ခါနီး သူ့ညီမလေးမွေးနေ့က
ဖေဖော်ဝါရီ (၁၄) ရက်နေ့တဲ့။အဲဒီနေ့ကျရင် သားရဲ့အိမ်ကို လာခဲ့ပါတဲ့ဗျာ။ ညီမလေးအတွက် မွေးနေ့ပွဲလေး လုပ်ပေးမလို့တဲ့ဗျာ။ဒီအရွယ်လေးနဲ့ မိသားစုအတွက်လည်း
အားကိုးရတဲ့အပြင်ကို ညီမလေးကိုလည်း ချစ်တတ်တဲ့သားလေးရေ လိုအင်ဆန္ဒတွေ အားလုံးပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်နော်။credit
Zawgyi