Health Knowledge
အင်တာနက် သုံး ဖုန်းကြည့်တာ များလို့ မျက်ရိုး ကိုက်တတ်သူများနဲ့ မျက်မှန် သမားများအတွက် ဆေးနည်း
Unicode
အင်တာနက် သုံး ဖုန်းကြည့်တာ များလို့ မျက်ရိုး ကိုက်တတသူများနဲ့ မျက်မှန် သမားများအတွက် ဆေးနည်း
မျက်မှန်လွတ်စေတဲ့ မျက်ကြည် စားဆေး
အသက် ( ၃၀ ) ကျော်မှပဲ မျက်စိ မကြည်
မှုန်ဝါးဝါးမို့ ဆရာဝန် ပြကြည့်တော့ အနီးကြည့် ပါဝါ ( +၁၅၀ ) ဒီဂရီ မျက်မှန် တပ်ခဲ့ရသည်
အခုအသက် ( ၄၀ ) ကျော် မှ မျက်မှန် လွတ်လေတော့ ထူးဆန်း နေသလို အများက ထင်ကြတော့သည်
ဆေးနည်း အချိုးအစား အတိုင်း လွယ်ကူစွာ ဖေါ်စပ်ရန် ဖြစ်လေသည်
ဆေးနည်း
၁။ဆီးဖြူးသီးကို ထုထောင်းပြီး အစေ့ ဖယ် နေလှန်း အမှုန့်ပြုလုပ်ရန် ။
၂။ကြိတ်မှန်ရွက်ကို ခူး အရိပ်မှာ အလိုအလျောက် သဘာဝ အတိုင်း အခြောက်ခံ အမှုန့်ပြုရန် ။
၃။ကွမ်းရွက်ကို အခြောက်လှန်း အမှုန့်ပြုရန် ။
၄။ပျားရည်စစ်စစ်
ထို ( ၄ ) မျိုးသာ လိုပါသည် ။
ယခုခေတ် ကာလ မျက်မှန်ကောင်း တစ်လက် လုပ်ပါမူ ကာလတန်ဖိုး လေးသောင်း ငါးသောင်း မက ကုန်သည်
နေရာ တကာ မျက်မှန် မပါတော့ စိတ်ပျက်ဖွယ် အကန်းကြီးလို ဖြစ်ပြန်သည် ။ မျက်မှန် မေ့ကျန်ပါလျှင် ဘာမှ မမြင်ရချင်တော့
စာဖတ်ဖို့ ၊ ဖုံးပွတ်ဖို့ အကုန် ခက်ချေသည် ။ မျက်မှန် ပါဝါကအကျမရှိ အတက်သာ
ထိုမျှမက ပါဝါ မကိုက်ပါလျှင် ဇက် ကြောကတက် စိတ်ကပျက် ဖြစ်ရပြန်သည်
သုံးဆောင်ပုံ
ညအိပ်ပြီ ဆိုပါလျှင်
ဆီးဖြူသီးမှုန့် လက်ဖက် စားဇွန်း( ၁ ) ဇွန်း
ကြိတ်မှန်ရွက် မှုန့် လက်ဖက် စားဇွန်း( ၁ ) ဇွန်း
ကွမ်းရွက်ခြောက်မှုန့် လက်ဖက်စားဇွန်း ( ၁ ) ဇွန်း
ထို ဆေးသုံးပါးအား ပျားရည် လက်ဖက်စားဇွန်း( ၃ ) ဇွန်း နှင့် ရောမွေ၍စား ပေးရန်သာဖြစ်သည် ။
သုံးလသာ ပုံမှန် မပျက် ယုံကြည်ချက်ဖြင့် စားပေးပါ
မျက်စိ ကြည်လင်လာပြီး မျက်မှန် လွတ်မှာ သေချာ နေပါလိမ့်မည် ။
ထိုမျှမက အကျိုးရလဒ်က အညောင်းအညာပါ ပြေလာ ပါလိမ့်မည် ။ ပေးသူက ပေးလေပြီ
စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Credit မူရင်းတင်သူ
Zawgyi
ဆေးနည်း
၎။ပျားရည်စစ်စစ်
ထို ( ၄ ) မျိုးသာ လိုပါသည် ။
သုံးဆောင်ပုံ
ညအိပ်ပြီ ဆိုပါလျှင်
Credit မူရင်းတင်သူ