ဗဟုသုတ

ကြီးပွားတော့မယ့်သူ……..(ကြီးပွားချင်ရင် ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါ)

Unicode

ကြီးပွားတော့မယ့်သူ…….

ဘုရားရှိခိုးဖြစ်ရဲ့လား။ သောက်တော်ရေရောနေ့စဉ်ကပ်ဖြစ်ရဲ့လား။ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ရဲ့လား။အဲ့လိုနေ့စဉ်လုပ်ရင် ကုသိုလ်ကိုစွဲသွားတာလို့ခေါ်တယ်။ မကြာခင် #ကြီးပွါးတော့မယ့်လက္ခဏာပဲ။

သေချာမှတ်ထား၊ လောကမှာ အကုသိုလ်ကို စွဲသွားတဲ့လူ
ရယ်၊ကုသိုလ်ကို စွဲသွားတဲ့လူရယ်လို့ လူနှစ်မျိုးရှိတယ်။လူတစ်ယောက်ဟာ #အကုသိုလ်ဘက်မှာ စွဲသွားပြီဆိုရင်အဲဒီလူဟာ မကြာခင် မွဲသွားတတ်တော့တာပဲ။

တွေ့ဖူးတယ်မလား၊ အရက်သေစာသောက် စားမှုကို စွဲသွားတဲ့သူတွေ၊ မကောင်းတဲ့နေရာတွေမှာ စွဲလမ်းသွားတဲ့သူတွေကိုလေ။

အဲ့သလိုလူမျိုးတွေဟာ မကြာခင် မွဲသွားတတ်တယ်။ ငါတို့ ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကို ကင်ပွန်းသင့်တယ်လို့ ခေါ်တာပေါ့ကွာ။#ကုသိုလ်ဘက်မှာ စွဲသွားတဲ့လူတွေကြတော့မကြာမတင်မှာပဲ ချမ်းသာလာတတ်တယ်ကွ။

နေ့စဉ် ပြုနေကျ သောက်တော်ရေကပ်၊ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတာလောက်မှမလုပ်ရရင် တစ်ခုခုလိုနေသလို တွေ့လာပြီဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာလို့ခေါ်တယ်။

အဲ့သလို ဖြစ်လာပြီဆိုရင် စိတ်သာချပေတော့ကွ၊ မကြာခင် ကြီးပွါးချမ်းသာတော့မယ်။ ဘာကြောင့်လဲဆိုတော့ကုသိုလ်ကို စွဲသွားလို့ပဲ။

စွဲသွားတဲ့အခါကျတော့ ကုသိုလ်ကောင်းမှုဆိုတာ နေ့စဉ်ပြုဖြစ်လာတော့တာပဲ။အဲ့ဒါမျိုးကို #အာစိဏ္ဏကံကုသိုလ်လို့ ခေါ်တယ်။

သေချာမှတ်ထားနော်၊ #အာစိဏ္ဏကံကုသိုလ်ဆိုတာ နေ့စဉ်၊အပတ်စဉ်၊ လစဉ် ဆိုသလိုအချိန်မှန်မှန်ပြုတဲ့ကုသိုလ်မျိုးကို ဆိုလိုတယ်။ အချိန်မှန်မှန် ပြုတယ်ဆိုရင် #ပဋ္ဌာန်းလိုအာသေဝနပစ္စည်း တပ်တော့တာပဲကွ။(အာသဝနေဆိုတာအထပ်ထပ်အခါခါ ပြုတာမျိုးကို ပြောတာပဲ)

ဓားသွေးသလိုပေါ့ကွာ။အချိန်မှန်မှန်၊အထပ်ထပ်အခါခါ သွေးဖန်များများတော့၊ဓားဟာ ထက် လာရသလိုပဲ၊ ကုသိုလ်ကောင်းမှုဆိုတာလည်း အချိန်မှန်မှန်အထပ်ထပ်အဖန်ဖန် ပြုဖန်များတော့ ထက်မြက်လာတော့တာပဲကွ။

အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊အမျှဝေတဲ့ အခြေခံကုသိုလ်အလုပ်တွေကိုလည်း စွဲသွားသည်အထိ ကြိုးစားပြီးတော့လုပ်ကွာ။

မကြာခင် #ကြီးပွားချမ်းသာလာပါလိမ့်မယ်။အရှင်ဝိသာရဒ (ရမ္မာဝတီ) တရားတော်မှ။creditပါ မူရင်းရေးသားပူဇော်သူ

Zawgyi

ႀကီးပြားေတာ့မယ့္သူ

ဘုရားရွိခိုးျဖစ္ရဲ႕လား။ ေသာက္ေတာ္ေရေရာေန႕စဥ္ကပ္ျဖစ္ရဲ႕လား။ဘုရားပန္းလည္း အပတ္စဥ္လႉျဖစ္ရဲ႕လား။အဲ့လိုေန႕စဥ္လုပ္ရင္ ကုသိုလ္ကိုစြဲသြားတာလို​ေခၚတယ္။ မၾကာခင္ #ႀကီးပြါးေတာ့မယ့္လကၡဏာပဲ။

ေသခ်ာမွတ္ထား၊ ေလာကမွာ အကုသိုလ္ကို စြဲသြားတဲ့လူရယ္၊ကုသိုလ္ကို စြဲသြားတဲ့လူရယ္လို႔ လူႏွစ္မ်ိဳးရွိတယ္။လူတစ္ေယာက္ဟာ #အကုသိုလ္ဘက္မွာ စြဲသြားၿပီဆိုရငအဲဒီလူဟာ မၾကာခင္ မြဲသြားတတ္ေတာ့တာပဲ။

ေတြ႕ဖူးတယ္မလား၊ အရက္ေသစာေသာက္ စားမႈကို စြဲသြားတဲ့သူေတြ၊ မေကာင္းတဲ့ေနရာေတြမွာ စြဲလမ္းသြားတဲ့သူေတြကိုေလ။

အဲ့သလိုလူမ်ိဳးေတြဟာ မၾကာခင္ မြဲသြားတတ္တယ္။ ငါတို႔ ေဒသအေခၚက်ေတာ့ အဲ့ဒါမ်ိဳးကို ကင္ပြန္းသင့္တယ္လို႔ ေခၚတာေပါ့ကြာ။#ကုသိုလ္ဘက္မွာ စြဲသြားတဲ့လူေတြၾကေတာ့မၾကာမတင္မွာပဲ ခ်မ္းသာလာတတ္တယ္ကြ။

ေန႕စဥ္ ျပဳေနက် ေသာက္ေတာ္ေရကပ္၊ဘုရားရွိခိုး၊ ေမတၱာပို႔၊ အမွ်ေဝတာေလာက္မွမလုပ္ရရင္ တစ္ခုခုလိုေနသလို ေတြ႕လာၿပီဆိုရင္ အဲဒါမ်ိဳးကို ကုသိုလ္ကို စြဲသြားတာလို႔ေခၚတယ္။

အဲ့သလို ျဖစ္လာၿပီဆိုရင္ စိတ္သာခ်ေပေတာ့ကြ၊ မၾကာခင္ ႀကီးပြါးခ်မ္းသာေတာ့မယ္။ ဘာေၾကာင့္လဲဆိုေတာ့ကုသိုလ္ကို စြဲသြားလို႔ပဲ။

စြဲသြားတဲ့အခါက်ေတာ့ ကုသိုလ္ေကာင္းမႈဆိုတာ ေန႕စဥ္ျပဳျဖစ္လာေတာ့တာပဲ။အဲ့ဒါမ်ိဳးကို #အာစိဏၰကံကုသိုလ္လို႔ ေခၚတယ္။

ေသခ်ာမွတ္ထားေနာ္၊ #အာစိဏၰကံကုသိုလ္ဆိုတာ ေန႕စဥ္၊အပတ္စဥ္၊ လစဥ္ ဆိုသလိုအခ်ိန္မွန္မွန္ျပဳတဲ့ကုသိုလ္မ်ိဳးကို ဆိုလိုတယ္။ အခ်ိန္မွန္မွန္ ျပဳတယ္ဆိုရင္ #ပ႒ာန္းလိုအာေသဝနပစၥည္း တပ္ေတာ့တာပဲကြ။(အာသဝေနဆိုတာ အထပ္ထပ္အခါခါ ျပဳတာမ်ိဳးကို ေျပာတာပဲ)

ဓားေသြးသလိုေပါ့ကြာ။အခ်ိန္မွန္မွန္၊အထပ္ထပ္အခါခါ ေသြးဖန္မ်ားမ်ားေတာ့၊ဓားဟာ ထက္ လာရသလိုပဲ၊ ကုသိုလ္ေကာင္းမႈဆိုတာလည္း အခ်ိန္မွန္မွန္အထပ္ထပ္အဖန္န္ ျပဳဖန္မ်ားေတာ့ ထက္ျမက္လာေတာ့တာပဲကြ။

အလုပ္ကိုလည္း ႀကိဳးစားၿပီး လုပ္သလို၊ေသာက္ေတာ္ေရကပ္၊ ဘုရားရွိခိုး၊ ေမတၱာပို႔၊အမွ်ေဝတဲ့ အေျခခံကုသိုလ္အလုပ္ေတြကိုလည္း စြဲသြားသည္အထိ ႀကိဳးစားၿပီးေတာ့လုပ္ကြာ။

မၾကာခင္ #ႀကီးပြားခ်မ္းသာလာပါလိမ့္မယ္။အရွင္ဝိသာရဒ (ရမၼာဝတီ) တရားေတာ္မွ။creditပါ မူရင္းေရးသားပူေဇာ္သူ