Health Knowledge

ဒူးနာသူတိုင်းကို ကိုယ်ချင်းစာလို့ ကိုယ်တွေ့ပျောက်တဲ့နည်းလေး တင်ပေးလိုက်ပါတယ်

Unicode

ဒူးနာဖူးသူမှသိလို့ ကိုယ်ချင်းစာစိတ်နဲ့ ဆေးနည်းတင်ပေးလိုက်ပါတယ်နော်။ဒီနည်းလမ်းကစာရေးဆရာမ လှိုင်း(တောင်ကြီး)ရဲ့ လက်တွေ့ ဒူးနာပျောက်ဆေးနည်းတစ်ခုပါ။ဒူးနာပျောက်တဲ့ဆေးနည်းပြောပြမယ် နော် လက်တွေ့သက်သာခဲ့တာမို့ ဒူးနာနေတဲ့မိတ်ဆွေတွေလုပ်ကြည့်စေချင်ပါတယ်

ကျမညာဖက်ဒူးကတစ်စစ်စစ်နဲ့ကိုက်ကိုက်ပြီးနာနေတာ တော်တော်ကြာပေါ့ နာလာရင်အော်နေရတယ်ဆေးမျိုးစုံလိမ်းကြည့်တာ ပူပြီးနံတယ် ခဏသက်သာတယ်ပြန်ဖြစ်ရော ဒါနဲ့ ခြေဖနောင့်နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်းအတိုင်း လုပ်ကြည့်မယ်ဆိုပြီး ပြန်လုပ်ကြည့်တာ ခုတော့ပျောက်သွားလို့ ရန်ကုန်မှာချော်လဲလို့ရတဲ့ ဒဏ်ရာနာနေတာကြောင့်ခုပြန်လုပ်ထားပါတယ်ခြေသလုံးပုံပါနေလို့ကန်တော့ပါရှင်

ရှားစောင်းလက်ပတ် လက်တစ်ဝါးစာကို ဆူးတွေ လှီးထုတ်ပြီးအပြားလိုက်နှစ်ခြမ်းခြမ်းလိုက်ပါ ပြီးရင်မီးနွေးနွေးလေးကင်ပါ အပူခံနိုင်သလောက်ကင်ပြီးရင် ဒူးခေါင်းပေါ်မှာဖြေးဖြေးခြင်းတင်ပါ

ပြီးရင်ရှားစောင်းလက်ပတ်ပြုတ်ကျမှာစိုးလို့ပုံပါအတိုင်း ကြွပ်ကြွပ်အိပ် ကိုအနေတော်ညှပ်ပြီ အပြင်မှာပြန်ကပ်ထားပါ ပြီးရင် ကြွပ်ကြွပ်ကြိုးနဲ့မလျှော့မတင်းစီးပြီးထားပါ သွားစရာမရှိရင်တော့ နေလည်လဲလုပ်ထားလို့ရပါတယ်

ညအိပ်ရာဝင်လုပ်ထားရင် ပိုကောင်းတယ် တစ်ညလုံးစည်းပြီးအိပ်လိုက် မနက်ကျတော့ပြန်ဖြေ နောက်ရက်ညအိပ်ရာဝင်တစ်ခါထပ်လုပ် အနာပေါ်မူတည်ပြီးပျောက်ပါမယ် ကျမတော့ ၃ ရက်ဆက်လုပ်တာနဲ့ခုပျောက်သွားပြီ

ခုတော့ချော်လဲထားတဲ့ဘယ်ဖက်ဒူးကဒဏ်ကိုပြန်လုပ်ထားတာပါ ခြေဖနောင့်နာရင်လဲ ဒီအတိုင်းပဲလုပ် ခုထိပြန်မနာတော့ပါဘူးဒူးနာတဲ့သူတွေကို ကိုယ်ခြင်းစာလို့တင်ပေးလိုက်တာပါ လုပ်ကြည့်ကြပါနော်

ဒူးနာခြင်းမှကင်ဝေးကြပါစေ

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

လှိုင်း(တောင်ကြီး )၂ရက် ၃လ ၂၀၂၀ နှစ်
Credit

Zawgyi









Credit