Unicode
ဆင်းရဲဒုက္ခ ကြုံလျှင် ပြုသင့်သော ကုသိုလ် ၁၀ မျိုး
ဆင်းရဲပြီး ဒုက္ခရောက်နေ သူများပြုသင့်တဲ့ ကုသိုလ်

အရှင်ဘုရား
ဆင်းရဲနွမ်းပါးပြီး ဆေးဖိုးဝါးခ မတတ်နိုင် သူများ
ကျန်းမာရေး မကောင်းလို့် အလုပ်မလုပ်နိုင်
စားဝတ်နေရေးပါ ဒုက္ခရောက်ရသူများ ဘယ်လို ကုသိုလ်မျိုး ပြုသင့်ပါသလဲ ဘုရား?
အဲဒီလို အခြေအနေမျိုးမှာ လုပ်နိုင်တဲ့ ကုသိုလ်မျိုးကို လုပ်ဖို့လိုပါတယ်။
ဗုဒ္ဓစာပေမှာ ပုည ကြိယ ဝတ္တုဆယ်မျိုးကောင်းသော အကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်တဲ့ ကုသိုလ်ဆယ်မျိုး ရှိကြောင်း ဖော်ပြ ထားပါ တယ်။
အဲဒီ ဆယ်မျိုး ကတော့
၁။ ဒါန = ပေးကမ်း လှူဒါန်းခြင်း
၂။ သီလ = ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလဆောက်တည် ခြင်း
၃။ ဘာဝနာ = တရားဓမ္မ ကျင့်ကြံံ အားထုတ်ခြင်း
၄။ အပစာယန = အသက်သိက္ခာ ဂုဏ်ဝါ ကြီးသူအား အရိုအသေပြုခြင်း

၅။ ဝေယျာဝစ္စ = သူများကုသိုလ်ကောင်းမှု၌ ကူညီဆောင်ရွက် လုပ်ကိုင်ပေးခြင်း
၆။ ပတ္တိဒါန = မိမိရေသာ မိမိလုပ်သော ကုသိုလ်ကောင်းမှုကိုအမျှပေးဝေခြင်း
၇။ ပတ္တာနုမောဒန = မိမိသို့ရောက် လာသော ကုသိုလ်အဖို့ တစ်နည်းအားဖြင့် သူများပြုသော ကုသိုလ်အဖို့ကို ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ယူခြင်း
၈။ ဓမ္မဿဝန = တရားနာယူခြင်း
၉။ ဓမ္မဒေသနာ = လာဘ်လာဘကို မငဲ့ဘဲ တရားဟောပြောခြင်း
၁ဝ။ ဒိဋ္ဌိဇုကမ္မ = အယူဝါဒကိုဖြောင့်မတ် မှန်ကန်စွာ ပြုခြင်းတို့ ဖြစ်ပါတယ်
ဒီ ဆယ်မျိုးထဲက မိမိတို့ လုပ်နိုင်တဲ့ ကုသိုလ်မျိုးကို လုပ်နေပါကလည်း ကုသိုလ် ဖြစ်နေပြီး
ဘာမှ မလုပ်တာထက် စာရင် အများကြီး အကျိုးကြီး ပါတယ်။

ကုသိုလ်ဆိုတာ လုပ်တတ်ရင် ယူတတ်ရင် ရပါတယ်။
လှူစရာမရှိလို့ ကုသိုလ် မရဘူး ဆိုတာ မရှိပါဘူး။ ဒါနလုပ်မှသာ ကုသိုလ်ဖြစ်တာ မဟုတ်ပါဘူး။
ဒီမှာ ဖော်ပြထားတဲ့ ဆယ်မျိုးထဲမှာ လုပ်လို့ရတဲ့ ကုသိုလ်တွေ အများကြီးပါ။
မိမိတို့လုပ်နိုင်တဲ့ လုပ်လို့ရတဲ့ ကုသိုလ်မျိုးကြိုးစားပြီး လုပ်နေမယ် ဆိုရင်အဆိုးထဲက အကောင်းဆိုသလိုကုသိုလ်တရား တိုးပွားနေမှာပါ။
စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
မနာပ ဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
Credit
Zawgyi
ဆင္းရဲဒုကၡ ႀကဳံလွ်င္ ျပဳသင့္ေသာ ကုသိုလ္ ၁၀ မ်ိဳး
ဆင္းရဲၿပီး ဒုကၡေရာက္ေန သူမ်ားျပဳသင့္တဲ့ ကုသိုလ္

အရွင္ဘုရား
ဆင္းရဲႏြမ္းပါးၿပီး ေဆးဖိုးဝါးခ မတတ္နိုင္ သူမ်ား
က်န္းမာေရး မေကာင္းလို႔္ အလုပ္မလုပ္နိုင္
စားဝတ္ေနေရးပါ ဒုကၡေရာက္ရသူမ်ား ဘယ္လို ကုသိုလ္မ်ိဳး ျပဳသင့္ပါသလဲ ဘုရား?
အဲဒီလို အေျခအေနမ်ိဳးမွာ လုပ္နိုင္တဲ့ ကုသိုလ္မ်ိဳးကို လုပ္ဖို႔လိုပါတယ္။
ဗုဒၶစာေပမွာ ပုည ႀကိယ ဝတၱဳဆယ္မ်ိဳးေကာင္းေသာ အက်ိဳး၏ တည္ရာျဖစ္၍ ျပဳသင့္ျပဳထိုက္တဲ့ ကုသိုလ္ဆယ္မ်ိဳး ရွိေၾကာင္း ေဖာ္ျပ ထားပါ တယ္။
အဲဒီ ဆယ္မ်ိဳး ကေတာ့
၁။ ဒါန = ေပးကမ္း လႉဒါန္းျခင္း
၂။ သီလ = ငါးပါး၊ ရွစ္ပါး၊ ဆယ္ပါးစေသာ သီလေဆာက္တည္ ျခင္း
၃။ ဘာဝနာ = တရားဓမၼ က်င့္ႀကံံ အားထုတ္ျခင္း
၄။ အပစာယန = အသက္သိကၡာ ဂုဏ္ဝါ ႀကီးသူအား အရိုအေသျပဳျခင္း

၅။ ေဝယ်ာဝစၥ = သူမ်ားကုသိုလ္ေကာင္းမႈ၌ ကူညီေဆာင္႐ြက္ လုပ္ကိုင္ေပးျခင္း
၆။ ပတၱိဒါန = မိမိေရသာ မိမိလုပ္ေသာ ကုသိုလ္ေကာင္းမႈကိုအမွ်ေပးေဝျခင္း
၇။ ပတၱာႏုေမာဒန = မိမိသို႔ေရာက္ လာေသာ ကုသိုလ္အဖို႔ တစ္နည္းအားျဖင့္ သူမ်ားျပဳေသာ ကုသိုလ္အဖို႔ကို ဝမ္းေျမာက္ ဝမ္းသာ သာဓုေခၚယူျခင္း
၈။ ဓမၼႆဝန = တရားနာယူျခင္း
၉။ ဓမၼေဒသနာ = လာဘ္လာဘကို မငဲ့ဘဲ တရားေဟာေျပာျခင္း
၁ဝ။ ဒိ႒ိဇုကမၼ = အယူဝါဒကိုေျဖာင့္မတ္ မွန္ကန္စြာ ျပဳျခင္းတို႔ ျဖစ္ပါတယ္
ဒီ ဆယ္မ်ိဳးထဲက မိမိတို႔ လုပ္နိုင္တဲ့ ကုသိုလ္မ်ိဳးကို လုပ္ေနပါကလည္း ကုသိုလ္ ျဖစ္ေနၿပီး
ဘာမွ မလုပ္တာထက္ စာရင္ အမ်ားႀကီး အက်ိဳးႀကီး ပါတယ္။

ကုသိုလ္ဆိုတာ လုပ္တတ္ရင္ ယူတတ္ရင္ ရပါတယ္။
လႉစရာမရွိလို႔ ကုသိုလ္ မရဘူး ဆိုတာ မရွိပါဘူး။ ဒါနလုပ္မွသာ ကုသိုလ္ျဖစ္တာ မဟုတ္ပါဘူး။
ဒီမွာ ေဖာ္ျပထားတဲ့ ဆယ္မ်ိဳးထဲမွာ လုပ္လို႔ရတဲ့ ကုသိုလ္ေတြ အမ်ားႀကီးပါ။
မိမိတို႔လုပ္နိုင္တဲ့ လုပ္လို႔ရတဲ့ ကုသိုလ္မ်ိဳးႀကိဳးစားၿပီး လုပ္ေနမယ္ ဆိုရင္အဆိုးထဲက အေကာင္းဆိုသလိုကုသိုလ္တရား တိုးပြားေနမွာပါ။
စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။
မနာပ ဒါယီ အရွင္ဝိစိတၱ(ဒိုက္ဦး)
Credit