Knowledge Sharing ဗဟုသုတ

ဂေါတမဘုရားနောက်ဝယ် အစဉ်လိုက် ဆက်လက်ပွင့်ထွန်းမည့်ဘုရား (၁၀) ဆူ

ဂေါတမဘုရားနောက်ဝယ် အစဉ်လိုက် ဆက်လက်ပွင့်ထွန်းမည့်ဘုရား (၁၀) ဆူ

ဂေါတမဘုရား နောက်ဝယ် ဤ ဘဒ္ဒကမ္ဘာ ၌ အရိမေတ္တယျ ဘုရား တစ်ဆူ ပွင့်ရန်ကျန်ပါသေးသည်။ အရိမေတ္တယျ ဘုရားပွင့်ပြီး နောက်မှ ဘဒ္ဒကမ္ဘာ ပျက်သုန်းမည်။ထိုနောက် ကမ္ဘာသစ်ဖြစ်ပြီး ဘုရားပွင့်အခါရောက်သော် ဆက်လက်ပွင့်ထွန်းမည့် ဘုရားများကို ဗဟုသုတ အလို့ငှါ လေ့လာသိလိုသူ အချို့အတွက် ရည်ရွယ်တင်ဆက် အပ်ပါသည်။

ဂေါတမဘုရားနောက်ဝယ် အစဉ်လိုက် ဆက်လက်ပွင့်ထွန်းမည့်ဘုရား ၁၀ ဆူ။ (၁) အရိမတ်တေယဘြုရား ( အရိမေတ္တယျ )။ (၂) ရာမ ဘုရား ( ရာမ )။ (၃) ဓမ်မရာဇာ ဘုရား ( ပသနေဒီ )။ (၄) ဓမ္မသာမိ ဘုရား ( အဘိဘူ နတ်မင်း )။ (၅) နာရဒ ဘုရား ( စဏနီ ပုဏ္ဏား )။ (၆) ရံသိမုနီ ဘုရား ( အသုရိန်နတ်မင်း )။ (၇) ဒေဝ ဒေဝ ဘုရား ( သုဘ လုလင် )။ (၈) နရသီဟ ဘုရား ( ဝေဒေယျံ ပုဏ္ဏား )။ (၉) တိဿမုနိ ဘုရား ( နာဋ္ဌာဂီရိ ဆင်မင်း )။ (၁၀) သုမင်္ဂလ ဘုရား ( ပါလာလေယျ ဆင်မင်း )။

ဤတွင် သတိပြုမိသည်မှာ ဘုရားရှင်တို့၏ ဉာဏ်တော် အတိုင်းအဆမရှိ ကြီးရင့်ပုံကို သတိပြုမိမည်။ ကမ္ဘာပေါင်း များစွာ မရေမတွက် နိုင်အောင်လောက် များပြားဖြစ်တည်မည့် ကာလ။ပွင့်လတ္တံ့ဘုရားရှင်တို့၏ ဘဝဖြစ်စဉ် အားလုံးကို ကွက်ကွက် ကွင်းကွင်း ကြိုသိမြင်ထားသော အချက်က တကယ့်တုနှိုင်းစရာ မရှိ။အမှတ်စဉ် (၆) မှာ အသူရိန်နတ်မင်း သည်လည်း ဘုရားရှင်ဘဝ ရောက်မည့် ပါရမီရှင် ဖြစ်သည်ကို လည်းကောင်း။

အမှတ်စဉ် (၉) မှာ ဂေါတမဘုရား လက်ထက် ဘုရားအား ထိုးသတ်ရန် အားထုတ်သော နာဋ္ဌာဂီရိ ဆင်ဆိုးကြီးကို အများ သိကြပြီးသား။ ဒီ ဆင်ဆိုးသည်လည်း ဘုရားဖြစ်မည့် ပါရမီရှင် ပင်တည်း။အမှတ်စဉ် (၂) ဖြစ်သော ရာမဘုရား သည် ဤ ဘဒ္ဒကမ္ဘာ ပျက်သုန်းပြီး နောက် ၉၂ ကမ္ဘာတွင်မှ ရာမဘုရား ပွင့်တော်မူ မည်ဖြစ်သည်။ရာမဘုရား သည် မည်သူနည်း ။ အခုလက်ရှိ အများသိပုဂ္ဂိုလ် ထူးကြီး ပင် ဖြစ်သည်။

ကလေး လူကြီးပင် ယုံကြည်ကိုးစားသော ပုဂ္ဂိုလ်ထူးကြီး ဖြစ်သည်။သို့သော် ထိုပုဂ္ဂိုလ်ကို ဘုရားလောင်းဟု အမျာကသိသော်လည်း သူတို့ထင်နေသလို အရိမေတ္တယျ အလောင်းလျာ မဟုတ်ပဲ ၎င်းနောက် ကမ္ဘာ ကိုးဆယ်ကျော်မှ ပွင့်မည့် ရာမ ဘုရား အလောင်းအလျာ သာ ဖြစ်သည်။အမည်အတိအကျ မရေးပြသည်မှာ ငြင်းလည်းမငြင်းလို မလိုလားအပ်သော အရှုပ်အရှင်းများ ရှိလာနိူင်ပြီး အကျိုး မရှိ ၍ ဖြစ်သည်။

credit – မူရင်း

ေဂါတမဘုရားေနာက္ဝယ္ အစဥ္လိုက္ ဆက္လက္ပြင့္ထြန္းမည့္ဘုရား (၁၀) ဆူ

ေဂါတမဘုရား ေနာက္ဝယ္ ဤ ဘဒၵကမာၻ ၌ အရိေမတၱယ် ဘုရား တစ္ဆူ ပြင့္ရန္က်န္ပါေသးသည္။ အရိေမတၱယ် ဘုရားပြင့္ၿပီး ေနာက္မွ ဘဒၵကမာၻ ပ်က္သုန္းမည္။ထိုေနာက္ ကမာၻသစ္ျဖစ္ၿပီး ဘုရားပြင့္အခါေရာက္ေသာ္ ဆက္လက္ပြင့္ထြန္းမည့္ ဘုရားမ်ားကို ဗဟုသုတ အလို႔ငွါ ေလ့လာသိလိုသူ အခ်ိဳ႕အတြက္ ရည္႐ြယ္တင္ဆက္ အပ္ပါသည္။

ေဂါတမဘုရားေနာက္ဝယ္ အစဥ္လိုက္ ဆက္လက္ပြင့္ထြန္းမည့္ဘုရား ၁၀ ဆူ။ (၁) အရိမတ္ေတယၾဘဳရား ( အရိေမတၱယ် )။ (၂) ရာမ ဘုရား ( ရာမ )။ (၃) ဓမ္မရာဇာ ဘုရား ( ပသေနဒီ )။ (၄) ဓမၼသာမိ ဘုရား ( အဘိဘူ နတ္မင္း )။ (၅) နာရဒ ဘုရား ( စဏနီ ပုဏၰား )။ (၆) ရံသိမုနီ ဘုရား ( အသုရိန္နတ္မင္း )။ (၇) ေဒဝ ေဒဝ ဘုရား ( သုဘ လုလင္ )။ (၈) နရသီဟ ဘုရား ( ေဝေဒယ်ံ ပုဏၰား )။ (၉) တိႆမုနိ ဘုရား ( နာ႒ာဂီရိ ဆင္မင္း )။ (၁၀) သုမဂၤလ ဘုရား ( ပါလာေလယ် ဆင္မင္း )။

ဤတြင္ သတိျပဳမိသည္မွာ ဘုရားရွင္တို႔၏ ဉာဏ္ေတာ္ အတိုင္းအဆမရွိ ႀကီးရင့္ပုံကို သတိျပဳမိမည္။ ကမာၻေပါင္း မ်ားစြာ မေရမတြက္ နိုင္ေအာင္ေလာက္ မ်ားျပားျဖစ္တည္မည့္ ကာလ။ပြင့္လတၱံ့ဘုရားရွင္တို႔၏ ဘဝျဖစ္စဥ္ အားလုံးကို ကြက္ကြက္ ကြင္းကြင္း ႀကိဳသိျမင္ထားေသာ အခ်က္က တကယ့္တုႏွိုင္းစရာ မရွိ။အမွတ္စဥ္ (၆) မွာ အသူရိန္နတ္မင္း သည္လည္း ဘုရားရွင္ဘဝ ေရာက္မည့္ ပါရမီရွင္ ျဖစ္သည္ကို လည္းေကာင္း။

အမွတ္စဥ္ (၉) မွာ ေဂါတမဘုရား လက္ထက္ ဘုရားအား ထိုးသတ္ရန္ အားထုတ္ေသာ နာ႒ာဂီရိ ဆင္ဆိုးႀကီးကို အမ်ား သိၾကၿပီးသား။ ဒီ ဆင္ဆိုးသည္လည္း ဘုရားျဖစ္မည့္ ပါရမီရွင္ ပင္တည္း။အမွတ္စဥ္ (၂) ျဖစ္ေသာ ရာမဘုရား သည္ ဤ ဘဒၵကမာၻ ပ်က္သုန္းၿပီး ေနာက္ ၉၂ ကမာၻတြင္မွ ရာမဘုရား ပြင့္ေတာ္မူ မည္ျဖစ္သည္။ရာမဘုရား သည္ မည္သူနည္း ။ အခုလက္ရွိ အမ်ားသိပုဂၢိဳလ္ ထူးႀကီး ပင္ ျဖစ္သည္။

ကေလး လူႀကီးပင္ ယုံၾကည္ကိုးစားေသာ ပုဂၢိဳလ္ထူးႀကီး ျဖစ္သည္။သို႔ေသာ္ ထိုပုဂၢိဳလ္ကို ဘုရားေလာင္းဟု အမ်ာကသိေသာ္လည္း သူတို႔ထင္ေနသလို အရိေမတၱယ် အေလာင္းလ်ာ မဟုတ္ပဲ ၎ေနာက္ ကမာၻ ကိုးဆယ္ေက်ာ္မွ ပြင့္မည့္ ရာမ ဘုရား အေလာင္းအလ်ာ သာ ျဖစ္သည္။အမည္အတိအက် မေရးျပသည္မွာ ျငင္းလည္းမျငင္းလို မလိုလားအပ္ေသာ အရႈပ္အရွင္းမ်ား ရွိလာနိူင္ၿပီး အက်ိဳး မရွိ ၍ ျဖစ္သည္။

credit – မူရင္း