Health Knowledge

ဝက်ခြံတွေသက်သာသွားအောင် အာလူးနဲ့ကုသနိုင်မယ့်နည်းလမ်း

Unicode

ဝက်ခြံသမားတွေအတွက် အိမ်တွင်းဖြစ်နည်းလမ်းတွေက အများကြီးရှိပါတယ်။ ဒီအများကြီးထဲကမှ လူတိုင်းလုပ်ရတာလွယ်ကူစေဖို့ အာလူးနဲ့ကုသနိုင်မယ့်နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။ ဝက်ခြံအပြင် ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမာရွတ်တွေကိုပါ သက်သာစေမယ့်နည်းလမ်းကိုပါ ပြောပြပေးထားတယ်နော်။

အာလူးကို အဝိုင်းချပ်လေးတွေဖြစ်အောင်လှီးပြီး မျက်နှာမှာ ၁၀ မိနစ်လောက် ညှင်သာစွာပွတ်ပေးခြင်းက မျက်နှာမှာရှိတဲ့ ဝက်ခြံတွေကို သက်သာစေပါတယ်။ ပြီးရင်တော့ ရေနဲ့သေချာမျက်နှာသစ်ပါ။ အာလူးအခွံနဲ့ မျက်နှာကို ပွတ်ပေးခြင်းကလည်း မျက်နှာမှာရှိတဲ့ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အာလူးကိုပါးပါးသေးသေးလေးတွေဖြစ်အောင် ခြစ်ချပြီး အရည်ရအောင်ညှစ်ပါ။ ရလာတဲ့အာလူးအရည်တွေကို မျက်မှာမှာသုတ်လိမ်းပြီး ၁၀ မိနစ်ထားပါ။ ဒီနည်းလမ်းက မျက်နှာပေါ်က ဝက်ခြံတွေကိုသက်သာစေပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း မှေးမှိန်သွားစေပါတယ်။

ခရမ်းချဉ်သီး တစ်လုံးကို အရည်ရအောင်ကြိတ်ပြီး အာလူး တစ်လုံးကိုလည်း အရည်ရအောင်ညှစ်ပါ။ ပြီးရင်တော့ ရလာတဲ့နှစ်ခုလုံးကိုရောပြီး ပန်းကန်ထဲထည့်ပါ။ ပျားရည်လည်း စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပြီး မွှေပါ။ ပြီးတာနဲ့ မျက်နှာမှာသုတ်လိမ်းပြီး ပေါင်းတင်ပေးပါ။ ၁၅ မိနစ်ကြာရင်တော့ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းက ဝက်ခြံတွေကို သက်သာစေပါတယ်။

Sensitive Skin တွေဆိုရင်တော့ အိမ်တွင်းဖြစ်နည်းလမ်းတွေ မလုပ်ပါနဲ့။ ဆရာဝန်နဲ့ပဲသေချာတိုင်ပင် ဆွေးနွေးသင့်ပါတယ်။

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit MyStyle

Zawgyi

ဝက္ၿခံသမားေတြအတြက္ အိမ္တြင္းျဖစ္နည္းလမ္းေတြက အမ်ားႀကီးရွိပါတယ္။ ဒီအမ်ားႀကီးထဲကမွ လူတိုင္းလုပ္ရတာလြယ္ကူေစဖို႔ အာလူးနဲ႕ကုသနိုင္မယ့္နည္းလမ္းကို ေျပာျပေပးလိုက္ပါတယ္။ ဝက္ၿခံအျပင္ ဝက္ၿခံေၾကာင့္က်န္ခဲ့တဲ့အမာ႐ြတ္ေတြကိုပါ သက္သာေစမယ့္နည္းလမ္းကိုပါ ေျပာျပေပးထားတယ္ေနာ္။

အာလူးကို အဝိုင္းခ်ပ္ေလးေတြျဖစ္ေအာင္လွီးၿပီး မ်က္ႏွာမွာ ၁၀ မိနစ္ေလာက္ ညွင္သာစြာပြတ္ေပးျခင္းက မ်က္ႏွာမွာရွိတဲ့ ဝက္ၿခံေတြကို သက္သာေစပါတယ္။ ၿပီးရင္ေတာ့ ေရနဲ႕ေသခ်ာမ်က္ႏွာသစ္ပါ။ အာလူးအခြံနဲ႕ မ်က္ႏွာကို ပြတ္ေပးျခင္းကလည္း မ်က္ႏွာမွာရွိတဲ့ဆဲလ္ေသေတြကို ဖယ္ရွားေပးနိုင္ပါတယ္။

အာလူးကိုပါးပါးေသးေသးေလးေတြျဖစ္ေအာင္ ျခစ္ခ်ၿပီး အရည္ရေအာင္ညွစ္ပါ။ ရလာတဲ့အာလူးအရည္ေတြကို မ်က္မွာမွာသုတ္လိမ္းၿပီး ၁၀ မိနစ္ထားပါ။ ဒီနည္းလမ္းက မ်က္ႏွာေပၚက ဝက္ၿခံေတြကိုသက္သာေစၿပီး ဝက္ၿခံေၾကာင့္ျဖစ္တဲ့ အမာ႐ြတ္ေတြကိုလည္း ေမွးမွိန္သြားေစပါတယ္။

ခရမ္းခ်ဥ္သီး တစ္လုံးကို အရည္ရေအာင္ႀကိတ္ၿပီး အာလူး တစ္လုံးကိုလည္း အရည္ရေအာင္ညွစ္ပါ။ ၿပီးရင္ေတာ့ ရလာတဲ့ႏွစ္ခုလုံးကိုေရာၿပီး ပန္းကန္ထဲထည့္ပါ။ ပ်ားရည္လည္း စားပြဲတင္ဇြန္း ၃ ဇြန္းထည့္ၿပီး ေမႊပါ။ ၿပီးတာနဲ႕ မ်က္ႏွာမွာသုတ္လိမ္းၿပီး ေပါင္းတင္ေပးပါ။ ၁၅ မိနစ္ၾကာရင္ေတာ့ ေရေဆးခ်လိဳက္ပါ။ ဒီနည္းလမ္းက ဝက္ၿခံေတြကို သက္သာေစပါတယ္။

Sensitive Skin ေတြဆိုရင္ေတာ့ အိမ္တြင္းျဖစ္နည္းလမ္းေတြ မလုပ္ပါနဲ႕။ ဆရာဝန္နဲ႕ပဲေသခ်ာတိုင္ပင္ ေဆြးေႏြးသင့္ပါတယ္။

စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

Credit MyStyle