Cele News ဗဟုသုတ

လမ်းဘေးခွေးလေးတွေကို အာဟာရဒါနကျွေးမွေးခဲ့တဲ့ သရုပ်ဆောင် ခင်ဝင့်ဝါ……

လမ်းဘေးခွေးလေးတွေကို အာဟာရဒါနကျွေးမွေးခဲ့တဲ့ သရုပ်ဆောင် ခင်ဝင့်ဝါ

သရုပ်ဆောင်ခင်ဝင့်ဝါကတော့ လမ်းဘေးခွေးလေးတွေအတွက် အာဟာရဒါန ကျွေးမွေးခဲ့တယ်လို့ သိရပါ တယ်။

သူကတော့ သရုပ်ဆောင်မျိုးမျိုးခိုင်ရဲ့ လမ်းဘေးတိရိစ္ဆာန်လေးတွေကို အစာကျွေးတဲ့အလုပ်မှာ အာဟာရဒါနအတွက် လှူဒါန်းပေးခဲ့တဲ့အကြောင်းကို မျိုးမျိုးခိုင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဇန်နဝါရီလ ၁၈ ရက်နေ့ကရေးသားထာတာဖြစ်ပါတယ်။

“သမီးခင့်ဝင့်ဝါရဲ့ အလှူလေးပါရှင်။ သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး မိဘကို လုပ်ကျွေးပြုစုရသော သမီးလေးဖြစ်ပါစေရှင်။ ကောင်းသောကုသိုလ်ကံများ မြင့်မား ပါစေ” လို့ မျိုးမျိုးခိုင်က ရေးသားဆု တောင်းပေး ထားတာပါ။

ခင်ဝင့်ဝါကတော့ အလှူအတန်းဘက်မှာ အမြဲဆိုသလို သူတတ်နိုင်သလောက် လှူဒါန်းပေးနေတဲ့ အနုပညာရှင် တစ်ဦးပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁)ရက် နေ့ကလည်း နှစ်ဦးအလှူ အဖြစ် မေတ္တာမွန် ပရဟိတကျောင်းမှာရှိတဲ့ ဆရာတော်နဲ့ ကျောင်းမှာနေထိုင်တဲ့ ကလေးအယောက် (၁၀၀) ကျော်ကို တစ်နေ့တာ အာဟာရဒါန လှူဒါန်းခဲ့ပါသေးတယ်။

သိမ့်

Credit-Original Writer

Zawgyi







သိမ့်
