ဗဟုသုတ

အိမ်နဲ့ အလုပ်အကြား မိုင် (၂၀) ခရီးကို ညလုံးပေါက် လမ်းလျှောက်လာခဲ့တဲ့ လူငယ်ကို ကုမ္ပဏီစီအီးအို က ကားတစ်စီး ဆုချ

Unicode

အမေရိကန်နိုင်ငံ Alabama ပြည်နယ် Homewood မြို့က Walter Carr အမည်ရ လူငယ်တစ်ဦးဟာ Bellhops moving company

အမည်ရ ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့ပါတယ်။ အဲဒီလိုနဲ့ အလုပ်သစ်မှာ မနက်ဖြန် ပထမဆုံး စဆင်းရတော့မှာမို့ ဒီနေ့လို နေ့မျိုးမှာ Carr ဟာ သူ့ အိမ်ကနေ ညကတည်းက ထွက်ဖို့ လုပ်ရင်း မတော်တဆ သူ့ကားပျက်သွားခဲ့ပါတော့တယ်။အဲဒီအချိန်မှာပဲ ယင်းလူငယ်အတွက် ကသီလင်တ ဖြစ်ခဲ့ရပြီး အလုပ်ကလည်း နောက်နေ့မနက် အချိန်မှီ ဝင်ရမှာဖြစ်တဲ့အတွက်

ညတွင်းချင်းပဲ မိုင် ၂၀ (၃၂ ကီလိုမီတာ) အကွာအဝေးရှိ ခရီးကို လမ်းလျှောက်ပြီးတော့ပဲ သွားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ ကနဦးတော့ Carr ဟာ ကားတစ်စီးစီးနဲ့ လမ်းကြုံလိုက်ဖို့ အကူအညီတောင်းကြည့်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

အဲဒီလိုနဲ့ ၎င်းဟာ Alabama ပြည်နယ် Homewood မြို့ကနေ Pelham မြို့ဆီ တစ်ညလုံး မှောင်ကြီးမဲကြီးထဲမှာ လမ်းလျှောက်သွားခဲ့ရပါတယ်။အဲဒီလိုနဲ့ Homewood ကနေ ညပိုင်း ၁၁ နာရီ မိနစ် ၄၀ လောက်ကနေစပြီး လမ်းလျှောက်လာခဲ့ရာမှာတော့ သူ့သွားရမယ့် Pelham မြို့

ကို နောက်နေ့ မနက်ခင်း ၄ နာရီလောက်မှာ ရောက်လာခဲ့ပါတယ်။ အဲဒီမှာလည်း သူ့အလုပ်ကို လိုက်ပို့ပေးဖို့ သူကြိုငှားခဲ့တဲ့ အမျိုးသမီး ရဲ့ အိမ်လိမ်စာဆီ သူဆက်သွားရဖို့ ရှိနေခဲ့ပါတယ်။အဲဒီမှာပဲ Carr တစ်ယောက်လမ်းပေါ်မှာ မောလို့ ထိုင်အမောဖြေနေတာကို ဒေသခံ ရဲတွေကင်းလှည့်လာရင်းနဲ့ တွေ့ရှိမေးမြန်းပြီးတော့

သူ့ကို ကူညီလိုက်ပို့ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ ၎င်းကို သူသွားရမယ့် Ms Jenny Lamey ဆိုသူ အမျိုးသမီးနေအိမ်ကို ရဲတွေက လိုက်ပို့ ပေးခဲ့ပါတယ်။

Carr တစ်ယောက် ခုလို ခရီးဝေးကို လမ်းလျှောက်လာခဲ့ရတာကို Lamey သိသွားပြီးတော့ အံ့သြသွားခဲ့ပါတယ်။ ယင်းအကြောင်းကို လည်း Facebook ပေါ် တင်လိုက်တယ်လို့ သိရပါတယ်။အဲဒီလိုနဲ့ Bellhops ကုမ္ပဏီရဲ့ စီအီးအို Luke Marklin က Carr အကြောင်းကို Lamey ရဲ့ ဖေ့ဘွတ်ခ် ပို့စ်ကနေတဆင့် သိရှိသွားပြီး

နောက် Carr ရဲ့ မဆုတ်မနစ် ဇွဲလုံ့လရှိမှု၊ စိတ် ခံယူချက်တို့ကို အထင်ကြီးသွားပါတော့တယ်။ အဲဒီမှာ စီအီးအို Marklin ဟာ သူ့ဝန်ထမ်းသစ် Carr ဆီ သူ့ကားနဲ့ လာတွေ့ပါတော့တယ်။

အဲဒီလိုနဲ့ စီအီးအို Marklin က သူ့ပိုင်ဆိုင်ထားတဲ့ 2014 Ford Escape ကားကိုလည်း Carr ကို လက်ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

“ အရိုးသားဆုံး ပြောရရင် သူ့ကြောင့် ကျွန်တော် အတော်လေး အံ့သြခဲ့ရပါတယ်၊ သူလုပ်ခဲ့တာတွေက တကယ့်ကို ခိုင်မာတဲ့ နှလုံးသား၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကို ဖော်ညွန်းပြသနေပါတယ်” ဆိုပြီး စီအီးအို Marklin က ပြောသွားပါတယ်။credit

Zawgyi

အေမရိကန္နိုင္ငံ Alabama ျပည္နယ္ Homewood ၿမိဳ႕က Walter Carr အမည္ရ လူငယ္တစ္ဦးဟာ Bellhops moving company

အမည္ရ ကုမၸဏီတစ္ခုမွာ အလုပ္ရခဲ့ပါတယ္။ အဲဒီလိုနဲ႕ အလုပ္သစ္မွာ မနက္ျဖန္ ပထမဆုံး စဆင္းရေတာ့မွာမို႔ ဒီေန႕လို ေန႕မ်ိဳးမွာ Carr ဟာ သူ႕ အိမ္ကေန ညကတည္းက ထြက္ဖို႔ လုပ္ရင္း မေတာ္တဆ သူ႕ကားပ်က္သြားခဲ့ပါေတာ့တယ္။

အဲဒီအခ်ိန္မွာပဲ ယင္းလူငယ္အတြက္ ကသီလင္တ ျဖစ္ခဲ့ရၿပီး အလုပ္ကလည္း ေနာက္ေန႕မနက္ အခ်ိန္မွီ ဝင္ရမွာျဖစ္တဲ့အတြက္

ညတြင္းခ်င္းပဲ မိုင္ ၂၀ (၃၂ ကီလိုမီတာ) အကြာအေဝးရွိ ခရီးကို လမ္းေလွ်ာက္ၿပီးေတာ့ပဲ သြားဖို႔ ဆုံးျဖတ္ခဲ့ပါေတာ့တယ္။ ကနဦးေတာ့ Carr ဟာ ကားတစ္စီးစီးနဲ႕ လမ္းႀကဳံလိုက္ဖို႔ အကူအညီေတာင္းၾကည့္ခဲ့ေပမယ့္ အဆင္မေျပခဲ့ပါဘူး။

အဲဒီလိုနဲ႕ ၎ဟာ Alabama ျပည္နယ္ Homewood ၿမိဳ႕ကေန Pelham ၿမိဳ႕ဆီ တစ္ညလုံး ေမွာင္ႀကီးမဲႀကီးထဲမွာ လမ္းေလွ်ာက္သြားခဲ့ရပါတယ္။ အဲဒီလိုနဲ႕ Homewood ကေန ညပိုင္း ၁၁ နာရီ မိနစ္ ၄၀ ေလာက္ကေနစၿပီး လမ္းေလွ်ာက္လာခဲ့ရာမွာေတာ့ သူ႕သြားရမယ့္ Pelham ၿမိဳ႕

ကို ေနာက္ေန႕ မနက္ခင္း ၄ နာရီေလာက္မွာ ေရာက္လာခဲ့ပါတယ္။ အဲဒီမွာလည္း သူ႕အလုပ္ကို လိုက္ပို႔ေပးဖို႔ သူႀကိဳငွားခဲ့တဲ့ အမ်ိဳးသမီး ရဲ႕ အိမ္လိမ္စာဆီ သူဆက္သြားရဖို႔ ရွိေနခဲ့ပါတယ္။

အဲဒီမွာပဲ Carr တစ္ေယာက္လမ္းေပၚမွာ ေမာလို႔ ထိုင္အေမာေျဖေနတာကို ေဒသခံ ရဲေတြကင္းလွည့္လာရင္းနဲ႕ ေတြ႕ရွိေမးျမန္းၿပီးေတာ့ သူ႕ကို ကူညီလိုက္ပို႔ေပးခဲ့ပါတယ္။ အဲဒီလိုနဲ႕ ၎ကို သူသြားရမယ့္ Ms Jenny Lamey ဆိုသူ အမ်ိဳးသမီးေနအိမ္ကို ရဲေတြက လိုက္ပို႔ ေပးခဲ့ပါတယ္။

Carr တစ္ေယာက္ ခုလို ခရီးေဝးကို လမ္းေလွ်ာက္လာခဲ့ရတာကို Lamey သိသြားၿပီးေတာ့ အံ့ၾသသြားခဲ့ပါတယ္။ ယင္းအေၾကာင္းကို လည္း Facebook ေပၚ တင္လိုက္တယ္လို႔ သိရပါတယ္။

အဲဒီလိုနဲ႕ Bellhops ကုမၸဏီရဲ႕ စီအီးအို Luke Marklin က Carr အေၾကာင္းကို Lamey ရဲ႕ ေဖ့ဘြတ္ခ္ ပို႔စ္ကေနတဆင့္ သိရွိသြားၿပီးေနာက္ Carr ရဲ႕ မဆုတ္မနစ္ ဇြဲလုံ႕လရွိမႈ၊ စိတ္ ခံယူခ်က္တို႔ကို အထင္ႀကီးသြားပါေတာ့တယ္။ အဲဒီမွာ စီအီးအို Marklin ဟာ သူ႕ဝန္ထမ္းသစ္ Carr ဆီ သူ႕ကားနဲ႕ လာေတြ႕ပါေတာ့တယ္။

အဲဒီလိုနဲ႕ စီအီးအို Marklin က သူ႕ပိုင္ဆိုင္ထားတဲ့ 2014 Ford Escape ကားကိုလည္း Carr ကို လက္ေဆာင္ေပးလိုက္တယ္လို႔ သိရပါတယ္။

“ အရိုးသားဆုံး ေျပာရရင္ သူ႕ေၾကာင့္ ကြၽန္ေတာ္ အေတာ္ေလး အံ့ၾသခဲ့ရပါတယ္၊ သူလုပ္ခဲ့တာေတြက တကယ့္ကို ခိုင္မာတဲ့ ႏွလုံးသား၊ စိတ္ဓာတ္ႀကံ့ခိုင္မႈတို႔ကို ေဖာ္ၫြန္းျပသေနပါတယ္” ဆိုၿပီး စီအီးအို Marklin က ေျပာသြားပါတယ္။credit