တရားအားထုတ်သူများ မပြောအပ်သောစကား (၃၂) မျိုး (တရားအားထုတ်နေစဥ်)
၁။ မင်းနှင့် ပတ်သက်သော စကား။ ၂။ ခိုးသူနှင့် ပတ်သက်သော စကား။
၃။ အမတ်နှင့် ပတ်သက်သော စကား။ ၄။ စစ်သည်စစ်သားများနှင့် ပတ်သက်သော စကား။
၅။ ဘေးရန်အန္တရာယ်နှင့်ပတ်သက်သော စကား။
၆။ စစ်ထိုးစစ်တိုက်ပွဲနှင့် ပတ်သက်သော စကား။ ၇။ထမင်း စားဖွယ်နှင့် ပတ်သက်သောစကား။
၈။ အဖျော်ယမကာနှင့် ပတ်သက်သော စကား။
၉။ အဝတ်အရုံ အခြုံအခင်းနှင့် ပတ်သက်သော စကား။
၁၀။ ယာဉ်အမျိုးမျိုးနှင့် ပတ်သက်သောစကား။
၁၁။ အိပ်ရာ နေရာနှင့် ပတ်သက်သော စကား။
၁၂။ ပန်းအမျိုးမျိုးနှင့်ပတ်သက်သော စကား။ ၁၃။ နံ့သာအမျိုးမျိုးနှင့် ပတ်သက်သော စကား။
၁၄။ ဆွေမျိုးများနှင့် ပတ်သက်သော စကား။
၁၅။ ရွာနှင့် ပတ်သက်သော စကား။ ၁၆။ နိဂုံးနှင့်ပတ်သက်သော စကား။
၁၇။ မြို့နှင့် ပတ်သက်သော စကား။
၁၈။ ဇနပုဒ်နှင့် ပတ်သက်သော စကား။
၁၉။ မိန်းမနှင့် ပတ်သက်သော စကား။
၂၀။ ယောက်ျားနှင့် ပတ်သက်သော စကား။ ၂၁။ ရဲရင့်သူနှင့် ပတ်သက်သော စကား။
၂၂။ လမ်းကောင်း, မကောင်းနှင့် ပတ်သက်သော စကား။
၂၃။ ရေဆိပ် အိုးထိန်း,ကျွန်မနှင့် ပတ်သက်သော စကား။
၂၄။ သေပြီးသူတို့နှင့် ပတ်သက်သော စကား။
၂၅။ ဆိုခဲ့ပြီးသော စကားများမှတစ်ပါး အကြောင်းစုံစကား။
၂၆။ လောကစကား, သမုဒ္ဒရာနှင့် ပတ်သက်သောစကား။
၂၇။ ကြီးပွားခြင်းနှင့် ပတ်သက်သော စကား။ ၂၈။ဆုတ်ယုတ်ခြင်းနှင့် ပတ်သက်သော စကား။
၂၉။ ပြတ်ကြောင်းနှင့် ပတ်သက်သော စကား။
၃၀။ ဆက်ကြောင်းနှင့်ပတ်သက်သော စကား။ ၃၁။ ကာမချမ်းသာနှင့် ပတ်သက်သော စကား။
၃၂။ ကိုယ်ညှဉ်းဆဲခြင်းနှင့်ပတ်သက်သော စကား။
ဤကား တရားအားထုတ်သည့် ယောဂီများ မပြောအပ်သော စကား (၃၂) မျိုးတည်း။
ပါဠိ , အဋ္ဌကထာ(crd:Thar Htwe Nyi)