Knowledge Sharing ဗဟုသုတ

“အမှားတစ်ခုကြောင့် ဘ၀ကို မဖျက်ဆီးလိုက်ပါနဲ့”

သေချင်လောက်အောင်စိတ်ညစ်နေတဲ့သူများအတွက်တစ်နေ့က သူငယ်ချင်းနှစ်ပါး အသုဘတစ်ခုကြွကြတယ်။သူတို့ ပြန်လာတဲ့အခါ ၀မ်းနည်းစရာ အဖြစ်အပျက်လေးတစ်ခု ပြောလာပါတယ်။

“သေသွားတဲ့သူက အသက်ငယ်ငယ်၊မင်းသမီးအရှုံးပေးလောက်အောင် လှပတဲ့မိန်းကလေးတစ်ယောက်ပဲ။သူမဟာ သူ့ကိုယ်သူအဆုံးစီရင်ပြီး သေသွားတာ”လို့ ပြောပါတယ်။

ဘာကြောင့်ဒီလို လုပ်သလဲဆိုတာတော့မသိပါဘူး။ ဒါပေမယ့် တန်ဖိုးရှိတဲ့ လူ့ဘ၀တစ်ခုကိုခုလို ဖျက်ဆီးလိုက်တာကတော့ နှမြောစရာပါ။“လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မပြည်ကအပ်တစ်စင်း ထိချင်ထိမယ်။ လူဖြစ်ဖို့ရာ မလွယ်ဘူး”လို့ဘုရားက ဟောပါတယ်။

ဒါကြောင့် လူ့ဘ၀တစ်ခုခုကို လွယ်လွယ်နဲ့အဆုံးမစီရင်သင့်ပါဘူး။ လူအများစုဟာမှားတစ်စုံတစ်ရာ ဖြစ်လာရင်စိတ်လိုက်မာန်ပါ ကြံမိကြံရာ ကြံတတ်၊ လုပ်တတ်ကြတယ်။ဒါနဲ့ ပတ်သက်လို့ ဖတ်ဖူးတဲ့ ဥပမာလေးတစ်ခု ပြောချင်ပါတယ်။ အုတ်နံရံတစ်ခုမှာ မကောင်းတဲ့အုတ်နှစ်ချပ်ပါနေတော့ပန်းရံဆရာဟာ မကောင်းတဲ့အုတ်နှစ်ချပ်ကို ကြည့်ပြီးသူလုပ်ခဲ့တဲ့ အမှားအတွက်နောင်တရနေတာပေါ့။တွေ့တိုင်းစိတ်ဆင်းရဲနေတယ်။

အုတ်နံရံကို ပြန်ဖြိုဖို့ ခဏခဏ စိတ်ကူးမိပါတယ်။တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်ရောက်လာတယ်။အုတ်နံရံကို ကြည့်ပြီး“မင်းအုတ်နံရံ ကောင်းလိုက်တာ”လို့ ပြောလိုက်ပါတယ်။ပန်ရံဆရာက “မင်းမျက်စိကောင်းပါတယ်နော်။ မကောင်းတဲ့ အုတ်နှစ်ချပ်ကို မင်းမမြင်ဘူးလား။အဲနှစ်ချပ်က အုတ်နံရံကို ဖျက် ဆီးနေတာ။ ”

ဒီတော့ သူငယ်ချင်းက“ငါမြင်တာပေါ့။ ဒါပေမယ့် မကောင်းတဲ့အုတ်ကနှစ်ချပ်ပဲရှိတယ်။ ကျန်တဲ့အုတ်တွေ အကုန်လုံးကကောင်းတယ်လေ။ ဒါကြောင့် လှတယ်လို့ပြောတာပေါ့။”

ဒီတော့မှ ပန်ရံဆရာလည်း အသိ၀င်ပြီးစိတ်သက်သာရာ ရသွားပါတယ်။တကယ်တော့ ပန်ရံဆရာဟာ အုတ်တွေအကုန်လုံးကို ခြုံမကြည့်ပဲမကောင်းတဲ့အုတ်နှစ်ချပ်ကိုပဲကြည့်နေတော့သူ့အုတ် နံရံဟာ အကြည်းတန်နေတယ်လို့ ခံစားနေရတာပါ။

အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာတော့လှပတဲ့နံရံကို တွေ့မြင် ရပါတော့ တယ်။ဒီလိုပါပဲ။လူ့ဘ၀မှာ “အမှား” ဆိုတာတော့ရှိကြပါတယ်။ ဒါပေမယ့် “မှန်တာတွေအများကြီးရှိသေးတယ်”ဆိုတာကိုလည်း မမေ့ပါနဲ့။

အမှားကိုပဲ ပြန်စဉ်းစားနေရင်တော့ဘ၀ဟာအဓိပ္ပါယ်မဲ့နေတယ်လို့ ထင်ပြီးကိုယ့်ကိုယ်ကို လုပ်ကြံမိတတ်ပါတယ်။အမှန် အမှား အားလုံးကို ခြုံကြည့်လိုက်ရင်တော့“လူ့ဘ၀ ဆက်နေဖို့ သင့်သေးတယ်”ဆိုတာသိလာပါလိမ့်မယ်။

ထပ်ပြီး မှန်တာတွေ များများလုပ်ပေးခြင်းဖြင့်အမှားဟာ သေးငယ်သွားပြီး အမှန်တွေများလာပါလိမ့်မယ်။ ဒါဆိုရင် လူ့ဘ၀ဟာပိုတန်ဖိုးရှိလာပါပြီ။ ဒါကြောင့် အမှားလုပ်မိလို့ ယူကြုံးမရမဖြစ်ပါနဲ့။မှန်တာတွေကိုလည်း ပြန်စဉ်းစားလိုက်ပါ။ရခဲတဲ့လူ့ဘ၀ တစ်ခုလုံးကို အမှားလေးတစ်ခုကြောင့် မဖျက်ဆီးလိုက်ပါနဲ့။ပိုနစ်နာသွားပါလိမ့် မယ်။ရှေ့ဆက်မမှားအောင်လုပ်ဖို့လိုတယ်

Credit(မူးရင်းရေးသားသူအားလေးစားလျက်)