မြတ် စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပျက်ရာ ၊ပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်ကြီး ၆ခုဆိုတာ
ပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့…မြန်မာတွေကတော့ ပြောကြတယ်“လူမိုက်နဲ့ငွေ” အတူမနေဘူးတဲ့ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်။မြတ်စွာဘုရားက ဘာကိုဟောသလဲဆိုရင်နံပါတ်(၁)က အာလသျလူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့။
ပျင်းရိလို့ရှိရင် ပျင်းတယ်ဆိုတာ ပူလွန်းတယ်၊အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊မစားရသေးဘူး၊
စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့နေတာကို ပျင်းတယ်လို့ပြောတာနော်။အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့ယိုကျဖို့ရာ အပေါက်တစ်ခုပဲတဲ့။
နောက် နံပါတ်(၂)ကတော့ ပမာဒတဲ့ – အပျော်အပါးတွေဘက်ပဲ စိတ်ဝင် စားတယ်။ကောင်းကျိုးချမ်းသာဖြစ်ဖို့ စိတ်မဝင်စားဘူး။လုပ်ငန်းကိုလည်း စိတ်မဝင်စားဘူး။ အပျော်အပါးတွေကိုအမြဲတမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်တယ်။
နံပါတ်(၃)က အနုဋ္ဌာန – လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာတက်တက်ကြွကြွ မရှိဘူး။ ဝတ်ကျေတမ်းကျေပဲလုပ်တယ်၊ဖြေးဖြေးဆေးဆေးပဲ။ slow ပေ့ါ…။သွက်သွက်လက်လက် လုပ်ရမယ့်ဟာကိုသွက်သွက်လက်လက် မလုပ်ဘူး။
ပျင်းပျင်းရိရိလုပ်တယ်၊ အဲဒီလိုဟာမျိုး မဖြစ်ရဘူးတဲ့။ကြိုးကြိုးစားစားလုပ်ရမယ်။ အဲဒီတော့ပျင်းရိခြင်းဟာလည်း ဥစ္စာရဲ့ ယိုပေါက်တစ်ခု။
နံပါတ်(၄)က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကိုလွှတ်ထားပြီးတော့ပျော်ပါးခြင်းဟာလည်း ပစ္စည်းဥစ္စာရဲ့ယိုကျတဲ့ အပေါက်တစ်ခုတဲ့။
နံပါတ်(၅)က မစောင့်စည်းခြင်း၊ ကိုယ့်စိတ်ကိုလည်း အစောင့်စည်းဘူး။ကာယကံဝစီကံကိုလည်း မထိန်းသိမ်း မစောင့်ရှောက်ဘူး။
ကိုယ်ကျင့်တရားကိုလည်း မထိန်းသိမ်းမစောင့်ရှောက်ဘူး။အဲဒါဟာ စီး ပွားရေးယိုပေါက်တစ်ခုပဲ။နံပါတ်(၆)က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ်အိပ်တာပဲ။အအိပ်များနေတယ်၊ အဲဒီဟာလည်းပဲ ပျက်စီးခြင်းအကြောင်းတစ်ခုပဲ။
ခုနကပြောခဲ့တဲ့ အာလသျနဲ့ တန္ဒီမှာ
အာလသျပျင်းရိတယ်ဆိုတဲ့နေရာမှာဘာအလုပ်မှ မလုပ်ဘဲနေတာမျိုး၊တန္ဒီကျတော့ ဖြစ်ပေါ်လာတဲ့ အချိန်ကိုရွှေ့တာ
အမြဲတမ်းအချိန်ကိုရွှေ့ချင်တယ်။စောသေးတယ်၊ အချိန်ရွှေ့လိုက်တယ်။၈နာရီလောက် အလုပ်လုပ်ရမှာကို မလုပ်သေးပါဘူး။၉နာရီမှ လုပ်မယ်။
၉နာရီကျတော့လည်း၁၀-နာရီကျမှာ သွားတော့မယ်။ဒီလိုအချိန်တွေကို ရွှေ့ရွှေ့သွားတာမျိုးကို ဆိုလိုတယ်။အဲဒီအပေါက်၆ ပေါက်ကို ပိတ်နိုင်မှတဲ့။မပိတ်နိုင်လို့ရှိရင် ပစ္စည်းဥစ္စာဟာလူတွေနဲ့အတူ မရှိနိုင်ဘူးလို့ဒီလို မြတ်စွာဘုရားက ဟောတယ်။
အဲဒီလိုဟောတာတွေဟာ ကိုယ့်အတွက်ပစ္စုပ္ပန်ဘဝမှာကောင်းကျိုးရနိုင်သလိုသံသရာအတွက်လည်း ကောင်းကျိုးရနိုင်တယ်။
မကောင်းတဲ့ အချက်အလက်တွေကို ရှောင်ပြီးတော့ကောင်းတဲ့ အချက် အလက်တွေကို ကိုယ့်သန္တာန်မှာကျင့်ဆောင်ဖို့အရေးကြီးတယ်။
ယိုပေါက်ကြီးတွေပိတ်ပြီး စီးပွားလာဘ်လာဘတိုးတက်ကြပါစေ။(ပါချုပ်ဆရာတော်ဘုရားကြီး)
(အခွင့်ကောင်းကိုယူ ဓမ္မစာအုပ်မှ)ကိုသန့်ကြီးထံမှ ကူးယူ မျှဝေပါသည်။