Unicode
မိဘကျေးဇူးဆပ်ခြင်းနဲ့ ပတ်သက်တဲ့ ဘုရား အဆုံးအမကို ပြောကြပြီဆိုရင် ” မိဘကျေးဇူးကို ဘယ်လိုမှ ကျေအောင် မဆပ်နိုင်ဘူး” လို့ လူအများ ပြောလေ့ ရှိကြတယ်။
အမှန်က “ကျေအောင် မဆပ်နိုင်ဘူး”လို့ ဟောထားတာ မဟုတ်ပါဘူး။
ချစ်သား, ချစ်သမီးတို့ ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ ကျေးဇူးကို အလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး။ ကျေအောင် ဆပ်ဖို့ မလွယ်ဘူးလို့ ငါဘုရား ပြောချင်တယ်။ ပုဂ္ဂိုလ် နှစ်ယောက် ဆိုတာ မွေးမိခင်နဲ့ မွေးဖခင် အရင်းအချာကို ပြောတာပါ။
ချစ်သား, ချစ်သမီးတို့ “အမေကို လက်ယာပခုံးမှာတင် , အဖေကို လက်ဝဲ ပခုံးမှာ တင်ပြီး ရာသက်ပန် လုပ်ကျွေး ပြုစုတယ်။ မိဘနှစ်ပါးကို . . .
မွှေးပျံ့နေအောင် နံ့သာမျိုးစုံနဲ့ လိမ်းကျံပေးတယ်။အညောင်းပြေအောင် ခြေလက်တွေကို ဆုပ်နှယ်ပေးတယ်။အေးတဲ့အခါရေနွေး , ပူတဲ့အခါ ရေအေးနဲ့ရေချိုး သန့်စင်ပေးတယ်။ပုခုံးထက်မှာ ကျင်ကြီးကျင်ငယ် စွန့်စေတယ်။အဲလောက် ပြုစုလုပ်ကျွေးပေမယ့် မိဘကျေးဇူး အကျေဆပ်ပြီးသား မဖြစ်သေးဘူး။
ချစ်သား, ချစ်သမီးတို့ စကားအကုန်ပြောရမယ်ဆိုရင် စင်္ကဝြတေးမင်း ရာထူးမှာ ထားပြီး ကျေးဇူးဆပ်ဦးတော့ မိဘကျေးဇူးကို ကျေအောင် ဆပ်ရာ မရောက်သေးဘူး။
ချစ်သား , ချစ်သမီးတို့ ဒီလောက်ကျေးဇူးဆပ်ရဲ့သားနဲ့ ဘာလို့ ကျေးဇူး မကျေနိုင်ရတာလဲ ? ဆိုရင်မိဘတွေဟာ သားသမီးတွေအပေါ် သိပ်ကို ကျေးဇူးများကြလို့ပဲ။
သားသမီးတွေကို ကြီးပြင်းရွယ်ရောက် လူလားမြောက်အောင်ဂရုတစိုက် စောင့်ရှောက်ကြလို့။ နို့ချိုတိုက်ကျွေး မွေးမြူကြလို့။ ဒီလောကကြီးရဲ့ အာရုံကောင်းဆိုး အမျိုးမျိုးကို သိမြင်အောင် သေချာပြသလို့ပါပဲ။
ချစ်သား , ချစ်သမီးတို့ မိဘကျေးဇူး အကျေဆပ်နိုင်တဲ့ နည်းလမ်းတွေကို ငါဘုရား ညွှန်ပြပါရစေ။
သဒ္ဓါတရား မရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင်။သီလမရှိတဲ့ မိဘကို သီလနဲ့ ပြည့်စုံအောင်။မပေးရက် , မလှူရက် နမြောဝန်တိုတဲ့မိဘကို စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းနဲ့ ပြည့်စုံအောင်။ပညာဉာဏ် မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ ပြည့်စုံအောင်
ကောင်းစွာ နာယူ ဆောက်တည်စေမယ်။ လေးလေးနက်နက် သက်ဝင်စေမယ်။ ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေမယ် ဆိုရင်
မိဘကျေးဇူးကို အကျေ ဆပ်ပြီးသား ဖြစ်သွားပါတယ်။ဒါဟာ ဘုရားဟော မူရင်း ပါပဲ။မိဘကျေးဇူးဆပ်တဲ့နေရာမှာလောကနည်းနဲ့ ဆပ်ခြင်းဓမ္မနည်းနဲ့ ဆပ်ခြင်းလို့ နှစ်မျိုး ရှိပါတယ်။
မိဘအတွက် အစားအသောက် , အဝတ်အထည် , နေအိမ်တိုက်တာ , ကားရထား စတဲ့ လူမှု အသုံးအဆောင် ပစ္စည်းတွေ ပြည့်စုံအောင် စီမံဖန်တီးပေးတာကို လောကနည်းနဲ့ ကျေးဇူး ဆပ်တယ်လို့ ခေါ်ပါတယ်။
စိတ်ထားမတတ်တဲ့မိဘ စိတ်ထားတတ်အောင်..ကုသိုလ် နည်းပါးတဲ့ မိဘ ကုသိုလ် တိုးပွားအောင် ကူညီပံ့ပိုးပေးတာကို ဓမ္မနည်းနဲ့ ကျေးဇူး ဆပ်တယ်လို့ ခေါ်ပါတယ်။
တကယ်တော့လည်း ရှည်လျားလွန်းလှတဲ့ အစမထင် သံသရာမှာသူက မိဘဖြစ်လိုက် , ကိုယ်က မိဘဖြစ်လိုက်နဲ့ အပြန်ပြန် အလှန်လှန် ကျင်လည်နေကြရတာမို့ ဘယ်သူ့ကျေးဇူးကို ဘယ်သူက ကျေအောင် ဆပ်ပြီးပြီ ဆိုတာ ပုထုဇဉ်လောကမှာ လုံးဝ မရှိနိုင်ဘူး။ဒါကြောင့် …
ကျေးဇူးကျေတာ , မကျေတာကို အဓိက မထားဘဲ ” ကျေးဇူးဆပ်နေဖို့ အဓိက” လို့ နှလုံးသွင်းပြီးလောကနည်းနဲ့ရော ဓမ္မနည်းနဲ့ပါ မိဘကို အမြဲ ကျေးဇူး ဆပ်နေဖို့ပဲ အရေးကြီးပါတယ်။
မိဘကို ရုပ်ပိုင်းဆိုင်ရာရော , စိတ်ပိုင်းဆိုင်ရာပါ အဆင့်အတန်းမြင့်အောင်ကျေးဇူးဆပ်နေတဲ့ သားကောင်း , သမီးကောင်းရဲ့ ထံမှောက်ကို …
ကံကောင်းခြင်း လက်ဆောင်တွေ ” ဝင်လာမစဲ တသဲသဲ ” ဆိုသလို အလုံးအရင်းနဲ့ ဝင်လာမှာကတော့ သေချာပေါက်ပါပဲ..။ဆရာတော် အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )
Zawgyi
မိဘေက်းဇူးဆပ္ျခင္းနဲ႕ ပတ္သက္တဲ့ ဘုရား အဆုံးအမကို ေျပာၾကၿပီဆိုရင္ ” မိဘေက်းဇူးကို ဘယ္လိုမွ ေက်ေအာင္ မဆပ္နိုင္ဘူး” လို႔ လူအမ်ား ေျပာေလ့ ရွိၾကတယ္။
အမွန္က “ေက်ေအာင္ မဆပ္နိုင္ဘူး”လို႔ ေဟာထားတာ မဟုတ္ပါဘူး။
ခ်စ္သား, ခ်စ္သမီးတို႔ ပုဂၢိဳလ္ႏွစ္ေယာက္ရဲ႕ ေက်းဇူးကို အလြယ္တကူ ဆပ္႐ုံနဲ႕ မေက်နိဳင္ဘူး။ ေက်ေအာင္ ဆပ္ဖို႔ မလြယ္ဘူးလို႔ ငါဘုရား ေျပာခ်င္တယ္။ ပုဂၢိဳလ္ ႏွစ္ေယာက္ ဆိုတာ ေမြးမိခင္နဲ႕ ေမြးဖခင္ အရင္းအခ်ာကို ေျပာတာပါ။
ခ်စ္သား, ခ်စ္သမီးတို႔ “အေမကို လက္ယာပခုံးမွာတင္ , အေဖကို လက္ဝဲ ပခုံးမွာ တင္ၿပီး ရာသက္ပန္ လုပ္ေကြၽး ျပဳစုတယ္။ မိဘႏွစ္ပါးကို . . .
ေမႊးပ်ံ့ေနေအာင္ နံ႕သာမ်ိဳးစုံနဲ႕ လိမ္းက်ံေပးတယ္။အေညာင္းေျပေအာင္ ေျခလက္ေတြကို ဆုပ္ႏွယ္ေပးတယ္။ေအးတဲ့အခါေရေႏြး , ပူတဲ့အခါ ေရေအးနဲ႕ေရခ်ိဳး သန့္စင္ေပးတယ္။ပုခုံးထက္မွာ က်င္ႀကီးက်င္ငယ္ စြန့္ေစတယ္။အဲေလာက္ ျပဳစုလုပ္ေကြၽးေပမယ့္ မိဘေက်းဇူး အေက်ဆပ္ၿပီးသား မျဖစ္ေသးဘူး။
ခ်စ္သား, ခ်စ္သမီးတို႔ စကားအကုန္ေျပာရမယ္ဆိုရင္ စကၤျဝေတးမင္း ရာထူးမွာ ထားၿပီး ေက်းဇူးဆပ္ဦးေတာ့ မိဘေက်းဇူးကို ေက်ေအာင္ ဆပ္ရာ မေရာက္ေသးဘူး။
ခ်စ္သား , ခ်စ္သမီးတို႔ ဒီေလာက္ေက်းဇူးဆပ္ရဲ႕သားနဲ႕ ဘာလို႔ ေက်းဇူး မေက်နိဳင္ရတာလဲ ? ဆိုရင္မိဘေတြဟာ သားသမီးေတြအေပၚ သိပ္ကို ေက်းဇူးမ်ားၾကလို႔ပဲ။
သားသမီးေတြကို ႀကီးျပင္း႐ြယ္ေရာက္ လူလားေျမာက္ေအာင္ဂ႐ုတစိုက္ ေစာင့္ေရွာက္ၾကလို႔။ နို႔ခ်ိဳတိုက္ေကြၽး ေမြးျမဴၾကလို႔။ ဒီေလာကႀကီးရဲ႕ အာ႐ုံေကာင္းဆိုး အမ်ိဳးမ်ိဳးကို သိျမင္ေအာင္ ေသခ်ာျပသလို႔ပါပဲ။
ခ်စ္သား , ခ်စ္သမီးတို႔ မိဘေက်းဇူး အေက်ဆပ္နိုင္တဲ့ နည္းလမ္းေတြကို ငါဘုရား ၫႊန္ျပပါရေစ။
သဒၶါတရား မရွိတဲ့မိဘကို သဒၶါတရားနဲ႕ ျပည့္စုံေအာင္။သီလမရွိတဲ့ မိဘကို သီလနဲ႕ ျပည့္စုံေအာင္။မေပးရက္ , မလႉရက္ နေျမာဝန္တိုတဲ့မိဘကို စြန့္ႀကဲေပးကမ္း လႉဒါန္းျခင္းနဲ႕ ျပည့္စုံေအာင္။ပညာဉာဏ္ မရွိတဲ့ မိဘကို ပညာဉာဏ္နဲ႕ ျပည့္စုံေအာင္
ေကာင္းစြာ နာယူ ေဆာက္တည္ေစမယ္။ ေလးေလးနက္နက္ သက္ဝင္ေစမယ္။ ခိုင္ခိုင္ခံ့ခံ့ တည္တံ့ၿမဲၿမံေစမယ္ ဆိုရင္
မိဘေက်းဇူးကို အေက် ဆပ္ၿပီးသား ျဖစ္သြားပါတယ္။ဒါဟာ ဘုရားေဟာ မူရင္း ပါပဲ။မိဘေက်းဇူးဆပ္တဲ့ေနရာမွာေလာကနည္းနဲ႕ ဆပ္ျခင္းဓမၼနည္းနဲ႕ ဆပ္ျခင္းလို႔ ႏွစ္မ်ိဳး ရွိပါတယ္။
မိဘအတြက္ အစားအေသာက္ , အဝတ္အထည္ , ေနအိမ္တိုက္တာ , ကားရထား စတဲ့ လူမႈ အသုံးအေဆာင္ ပစၥည္းေတြ ျပည့္စုံေအာင္ စီမံဖန္တီးေပးတာကို ေလာကနည္းနဲ႕ ေက်းဇူး ဆပ္တယ္လို႔ ေခၚပါတယ္။
စိတ္ထားမတတ္တဲ့မိဘ စိတ္ထားတတ္ေအာင္..ကုသိုလ္ နည္းပါးတဲ့ မိဘ ကုသိုလ္ တိုးပြားေအာင္ ကူညီပံ့ပိုးေပးတာကို ဓမၼနည္းနဲ႕ ေက်းဇူး ဆပ္တယ္လို႔ ေခၚပါတယ္။
တကယ္ေတာ့လည္း ရွည္လ်ားလြန္းလွတဲ့ အစမထင္ သံသရာမွာသူက မိဘျဖစ္လိုက္ , ကိုယ္က မိဘျဖစ္လိုက္နဲ႕ အျပန္ျပန္ အလွန္လွန္ က်င္လည္ေနၾကရတာမို႔ ဘယ္သူ႕ေက်းဇူးကို ဘယ္သူက ေက်ေအာင္ ဆပ္ၿပီးၿပီ ဆိုတာ ပုထုဇဥ္ေလာကမွာ လုံးဝ မရွိနိုင္ဘူး။ဒါေၾကာင့္ …
ေက်းဇူးေက်တာ , မေက်တာကို အဓိက မထားဘဲ ” ေက်းဇူးဆပ္ေနဖို႔ အဓိက” လို႔ ႏွလုံးသြင္းၿပီးေလာကနည္းနဲ႕ေရာ ဓမၼနည္းနဲ႕ပါ မိဘကို အၿမဲ ေက်းဇူး ဆပ္ေနဖို႔ပဲ အေရးႀကီးပါတယ္။
မိဘကို ႐ုပ္ပိုင္းဆိုင္ရာေရာ , စိတ္ပိုင္းဆိုင္ရာပါ အဆင့္အတန္းျမင့္ေအာင္ေက်းဇူးဆပ္ေနတဲ့ သားေကာင္း , သမီးေကာင္းရဲ႕ ထံေမွာက္ကို …
ကံေကာင္းျခင္း လက္ေဆာင္ေတြ ” ဝင္လာမစဲ တသဲသဲ ” ဆိုသလို အလုံးအရင္းနဲ႕ ဝင္လာမွာကေတာ့ ေသခ်ာေပါက္ပါပဲ..။ဆရာေတာ္ အရွင္ဆႏၵာဓိက ( ေ႐ႊပါရမီေတာရ )