ဗဟုသုတ

ရဟန်း၊ သံဃာတာ်များအပေါ် ဝစီကံသရမ်း နှုတ်ထွက်ကြမ်းခဲ့သည့် ရွှေကိုယ်နှင့် ဝက်နှုတ်သီးပြိတ္တာအကြောင်း..

Unicode

မင်္ဂလာပါ ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ဝိနည်းသိက္ခာပုဒ်နဲ့ အညီကျင့်ကြံနေသော ရဟန်းသံဃာတော်များ အပေါ် ကြမ်းတန်းစွာပြောဆိုခဲ့၍ ရွှေအဆင်းရှိသောကိုယ်နှင့် ဝက်နှုတ်သီး ပြိတ္တာအကြောင်းကို ပြန်လည်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ယနေ့ မျက်မှောက်ခေတ် သံဃာတော်များအား စော်ကားပုတ်ခတ် နေသူတော်တော်များများ တွေ့ရပါတယ်။ ဝိနည်းသိက္ခာ နဲ့ညီသည်ဖြစ်စေ မညီသည်ဖြစ်စေ မိမိတို့ဘက်က မပြစ်မှားကောင်းပါဘူး။ ဝိနည်းနဲ့မညီလျင် မညီတဲ့ ရဟန်းသာ အပြစ်ဖြစ်မှာပါ။ အဲ့ဒါကို ကိုယ်ကမနေနိုင်လို့ နှုတ်ကြမ်းရင်တော့ ငရဲကိုသေချာပေါက် ရောက်ပါလိမ့်မယ်။

ရှေးအခါက ဘုရားရှင် လက်ထက်တွင် အရှင်နာရဒမထေရ်သည် နံနက်စောစော ဆွမ်းခံရန် ရာဇဂြိုဟ်မြို့ထဲသို့ ကြွသွားစဉ် ကိုယ်သည် ရွှေအဆင်းရှိ၍ မျက်နှာကား ပုပ်သိုးသိုးရှိပြီး ပါးစပ်ကား ဝတ်နှုတ်သီးနှင့်တူ၏။ သူသည်အမြဲဆာလောင် နေသဖြင့် သနားဖွယ်ကောင်းလှ၏။ အရှင်နာရဒက ထိုပြိတ္တာနားသို့ချဉ်းကပ်၍“သင်၏ကိုယ်သည် အလုံးစုံ ရွှေအဆင်းရှိသည်ဖြစ်၍ အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပ၏။ သင်၏ မျက်နှာသည်ကား ဝက်မျက်နှာနှင့်တူ၏။ သင်သည် ရှေးဘဝက အဘယ်ကံကို ပြုခဲ့ဖူးသနည်းဟု အရှင်နာရဒကမေး၏။”

ထိုပြိတ္တာက အရှင်ဘုရား ကျွန်ုပ်သည်ကိုယ်ဖြင့် စောင့်စည်းသူ ဖြစ်ခဲ့ပါ၏။ သို့သော် ဝစီသရမ်းမှု နှုတ်ထွက်ကြမ်း၍ ကြမ်းတမ်းသော စကားလုံးများဖြင့် ရဟန်းတော်များကို ရှုံ့ချပြောဆိုခဲ့ခြင်း အကုသိုလ်ကံကြောင့် ဝက်မျက်နှာ ဝက်နှုတ်သီးနှင့် အရုပ်ဆိုးလှ၍ အမြဲဆာလောင်မွတ်သိပ်နေသည့် ပြိတ္တာဘဝသို့ ရောက်နေခြင်းဖြစ်ပါတယ်။

ကိုယ်ဖြင့်စောင့်စည်းခဲ့သောကြောင့် ရွှေအဆင်းနှင့် တူသော အဆင်းရှိရခြင်း ဖြစ်ပါတယ်။တပည့်တော်ကဲ့သို့ ဝစီသရမ်းနှုတ်ထွက် မကြမ်းတမ်းရလေ အောင်နောင်လာနောက်သားတို့အားသတိ ပေးစကား ပြောကြားစေလိုပါသည် ဘုရားဟု လျှောက်ထားလေ၏။ အရှင်နာရဒမထေရ်သည် ထိုပြိတ္တာအား ဝန်ခံခဲ့ပြီး မြို့ထဲ၌ ဆွမ်းခံကြွလေ၏။ မထေရ်သည် ထိုပြိတ္တာအကြောင်းကို မြတ်စွာဘုရားရှင်အား လျှောက်ထား၏။

မြတ်စွာဘုရားရှင်က ချစ်သား သတ္တဝါတို့သည် မိမိတို့ပြုခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံ၏ အကျိုးကို မိမိတို့သာ ခံစား-စံစားရသည်။ အခ သူတို့က ပြုလုပ်မပေးနိုင်ပါ ဟုမိန့်တော်မူသည်။ ထိုနောက် မြတ်စွာဘုရားရှင်သည် တရားသဘင် ၌ရဟန်း၊ လူပရိတ်သတ်တို့အား ထိုပြိတ္တာအ ကြောင်းကို ပြန်လည် ဟောပြ၍ ဝစီဒုစရိုက်ဆိုးကျိုးကိုပြကာ ဆုံးမတော်မူ၏။

ထိုတရားကို ကြားနာရသော် တရားနာပရိတ်သတ် တို့သည် ဝစီဒုစရိုက်မှုတို့၌ ကြောက်ရွံ့ထိတ်လန့်ကြပြီး ကုသိုလ် သုစရိုက်မှုတို့၌ အားထုတ်ရန် စိတ်ထက်သန်ကြလေသည်။ ဖတ်ရှု့အားပေးတဲ့ ပရိသတ်ကြီလည်း ဒီစာလေးကိုဖတ်ပြီး ဗဟုသုတရမယ်လို့ တင်ပါတယ်။ ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။ မူရင်းတင်သူ Credit

(သူကရမုခပတေဝတ်ထု)

Credit to Ashinlakhanatharya

ထပ်ဆင့်ဒါနပြုပူဇော်ပါသည်

Zawgyi

မဂၤလာပါ ပရိသတ္ႀကီးေရ ဒီေန႕မွာေတာ့ ဝိနည္းသိကၡာပုဒ္နဲ႕ အညီက်င့္ႀကံေနေသာ ရဟန္းသံဃာေတာ္မ်ား အေပၚ ၾကမ္းတန္းစြာေျပာဆိုခဲ့၍ ေ႐ႊအဆင္းရွိေသာကိုယ္ႏွင့္ ဝက္ႏႈတ္သီး ၿပိတၱာအေၾကာင္းကို ျပန္လည္ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ယေန႕ မ်က္ေမွာက္ေခတ္ သံဃာေတာ္မ်ားအား ေစာ္ကားပုတ္ခတ္ ေနသူေတာ္ေတာ္မ်ားမ်ား ေတြ႕ရပါတယ္။ ဝိနည္းသိကၡာ နဲ႕ညီသည္ျဖစ္ေစ မညီသည္ျဖစ္ေစ မိမိတို႔ဘက္က မျပစ္မွားေကာင္းပါဘူး။ ဝိနည္းနဲ႕မညီလ်င္ မညီတဲ့ ရဟန္းသာ အျပစ္ျဖစ္မွာပါ။ အဲ့ဒါကို ကိုယ္ကမေနနိုင္လို႔ ႏႈတ္ၾကမ္းရင္ေတာ့ ငရဲကိုေသခ်ာေပါက္ ေရာက္ပါလိမ့္မယ္။

ေရွးအခါက ဘုရားရွင္ လက္ထက္တြင္ အရွင္နာရဒမေထရ္သည္ နံနက္ေစာေစာ ဆြမ္းခံရန္ ရာဇၿဂိဳဟ္ၿမိဳ႕ထဲသို႔ ႂကြသြားစဥ္ ကိုယ္သည္ ေ႐ႊအဆင္းရွိ၍ မ်က္ႏွာကား ပုပ္သိုးသိုးရွိၿပီး ပါးစပ္ကား ဝတ္ႏႈတ္သီးႏွင့္တူ၏။ သူသည္အၿမဲဆာေလာင္ ေနသျဖင့္ သနားဖြယ္ေကာင္းလွ၏။ အရွင္နာရဒက ထိုၿပိတၱာနားသို႔ခ်ဥ္းကပ္၍“သင္၏ကိုယ္သည္ အလုံးစုံ ေ႐ႊအဆင္းရွိသည္ျဖစ္၍ အရပ္မ်က္ႏွာ အားလုံးတို႔၌ ထြန္းလင္းေတာက္ပ၏။ သင္၏ မ်က္ႏွာသည္ကား ဝက္မ်က္ႏွာႏွင့္တူ၏။ သင္သည္ ေရွးဘဝက အဘယ္ကံကို ျပဳခဲ့ဖူးသနည္းဟု အရွင္နာရဒကေမး၏။”

ထိုၿပိတၱာက အရွင္ဘုရား ကြၽန္ုပ္သည္ကိုယ္ျဖင့္ ေစာင့္စည္းသူ ျဖစ္ခဲ့ပါ၏။ သို႔ေသာ္ ဝစီသရမ္းမႈ ႏႈတ္ထြက္ၾကမ္း၍ ၾကမ္းတမ္းေသာ စကားလုံးမ်ားျဖင့္ ရဟန္းေတာ္မ်ားကို ရႈံ႕ခ်ေျပာဆိုခဲ့ျခင္း အကုသိုလ္ကံေၾကာင့္ ဝက္မ်က္ႏွာ ဝက္ႏႈတ္သီးႏွင့္ အ႐ုပ္ဆိုးလွ၍ အၿမဲဆာေလာင္မြတ္သိပ္ေနသည့္ ၿပိတၱာဘဝသို႔ ေရာက္ေနျခင္းျဖစ္ပါတယ္။

ကိုယ္ျဖင့္ေစာင့္စည္းခဲ့ေသာေၾကာင့္ ေ႐ႊအဆင္းႏွင့္ တူေသာ အဆင္းရွိရျခင္း ျဖစ္ပါတယ္။တပည့္ေတာ္ကဲ့သို႔ ဝစီသရမ္းႏႈတ္ထြက္ မၾကမ္းတမ္းရေလ ေအာင္ေနာင္လာေနာက္သားတို႔အားသတိ ေပးစကား ေျပာၾကားေစလိုပါသည္ ဘုရားဟု ေလွ်ာက္ထားေလ၏။ အရွင္နာရဒမေထရ္သည္ ထိုၿပိတၱာအား ဝန္ခံခဲ့ၿပီး ၿမိဳ႕ထဲ၌ ဆြမ္းခံႂကြေလ၏။ မေထရ္သည္ ထိုၿပိတၱာအေၾကာင္းကို ျမတ္စြာဘုရားရွင္အား ေလွ်ာက္ထား၏။

ျမတ္စြာဘုရားရွင္က ခ်စ္သား သတၱဝါတို႔သည္ မိမိတို႔ျပဳခဲ့ေသာ ကုသိုလ္ကံ အကုသိုလ္ကံ၏ အက်ိဳးကို မိမိတို႔သာ ခံစား-စံစားရသည္။ အခ သူတို႔က ျပဳလုပ္မေပးနိုင္ပါ ဟုမိန႔္ေတာ္မူသည္။ ထိုေနာက္ ျမတ္စြာဘုရားရွင္သည္ တရားသဘင္ ၌ရဟန္း၊ လူပရိတ္သတ္တို႔အား ထိုၿပိတၱာအ ေၾကာင္းကို ျပန္လည္ ေဟာျပ၍ ဝစီဒုစရိုက္ဆိုးက်ိဳးကိုျပကာ ဆုံးမေတာ္မူ၏။

ထိုတရားကို ၾကားနာရေသာ္ တရားနာပရိတ္သတ္ တို႔သည္ ဝစီဒုစရိုက္မႈတို႔၌ ေၾကာက္႐ြံ႕ထိတ္လန႔္ၾကၿပီး ကုသိုလ္ သုစရိုက္မႈတို႔၌ အားထုတ္ရန္ စိတ္ထက္သန္ၾကေလသည္။ ဖတ္ရႈ႕အားေပးတဲ့ ပရိသတ္ႀကီလည္း ဒီစာေလးကိုဖတ္ၿပီး ဗဟုသုတရမယ္လို႔ တင္ပါတယ္။ ျပန္လည္ေဖာ္ျပျခင္းျဖစ္ပါတယ္။ မူရင္းတင္သူ Credit

(သူကရမုခပေတဝတ္ထု)

Credit to Ashinlakhanatharya

ထပ္ဆင့္ဒါနျပဳပူေဇာ္ပါသည္