ဗဟုသုတ

အိမ်တော်ရာစေတီနှင့်အရံစေတီတို့မှအလင်းတန်းများထွက်ပေါ်ခြင်းနှင့်ဝသုန္ဒြေနတ်ရုပ်တုမှရေစက်ရေပေါက်များကျ

Unicode

အိမ်တော်ရာစေတီတော်မြတ်ကြီးနှင့်အရံစေတီတို့မှအလင်းတန်းများထွက်ပေါ်ခြင်းနှင့်ဘုရားဝင်းအတွင်းရှိဝသုန္ဒြေနတ်ရုပ်တုမှရေစက်ရေပေါက်များကျခြင်းဖြစ်ပေါ်မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊သီရိဟေမာအရှေ့ရပ်ကွက်၊

၂၇x၂၈လမ်းကြား၊၈၈x၈၉လမ်းကြားရှိပုဂံမင်းတည်ထားကိုးကွယ်တော်မူခဲ့သောမဟာလောကရံသီအိမ်တော်ရာစေတီတော်မြတ်ကြီးနှင့်အရံစေတီတို့မှဒီဇင်ဘာလ၂၉ရက်နေ့(နတ်တော်လပြည့်နေ့)မွန်းလွဲပိုင်းကအလင်းတန်းများထွက်ပေါ်ခြင်း၊ဝသုန္ဒြေနတ်ရုပ်တု၏ဆံပင်အဖျားမှရေစက်ရေပေါက်ကျခြင်းများထူးခြားတိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။”ဂေါပကရုံးကလျှပ်စစ်အကူဝန်ထမ်းဦးရဲဝင်းအောင်ကထမင်းစားဖို့အိမ်ပြန်စဉ်မှာဝသုန္ဒြေနတ်ရုပ်တုအောက်ခြေမှာရေအိုင်နေလို့ကြည့်တဲ့အခါမှာရုပ်တုရဲ့ဆံပင်အဖျားကနေရေစက်ရေပေါက်တွေအောက်ကိုကျနေတာစတင်တွေ့ရှိလို့ကျွန်တော့်ဆီအကြောင်းကြားပါတယ်။

နောက်ပြီးဂေါပကအဖွဲ့ဥကကဋ္ဌကနေတဆင့်ဆရာတော်ကြီးများထံဆက်လက်လျှောက်ထားခဲ့ပါတယ်”ဟုဂေါပကအဖွဲ့ရုံးအဖွဲ့မှူးဦးညွန့်မြိုင်ကပြောကြားသည်။အဆိုပါဝသုန္ဓြေရုပ်တုသည်ဘုရားဝင်းအတွင်းပွင့်တော်မူဘုရားအနီးတွင်လွန်ခဲ့သောနှစ်ပေါင်း၃၀ထက်မနည်းကတည်ရှိခဲ့ပြီးပြန်လည်မွမ်းမံထားရှိကာအမြင့်၃ပေခန့်ရှိအင်္ဂတေဖြင့်ထုလုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။”ရုပ်တုရဲ့အောက်ခြေမှာရေပိုက်ရှိတယ်လို့အရင်ဘုရားဝန်ထမ်းအချို့ကပြောတာရှိလို့ရုပ်တုပတ်ဝန်းကျင်ကိုရှာကြည့်ပေမယ့်ရေပိုက်သွယ်တန်းထားမှုမတွေ့ရဘူး။တကယ်လို့ရေပိုက်ကထွက်တယ်ဆိုလဲဘေးတွေပန်းထွက်ရမှာ။အောက်ကနေအပေါ်ကိုတက်သွားပြီးမှဆံပင်အဖျားကနေပြန်ကျဖို့ဆိုတာကမဖြစ်နိုင်ဘူး။ပြီးတော့ရုပ်တုနားမှာရေစင်တစ်ခုရှိတော့အဲဒီရေစင်ကလာတဲ့ပိုက်တွေထဲကနေများကျနိုင်သလားဆိုပြီးရေပိုက်ခေါင်းတွေပိတ်ကြည့်ပေမယ့်ရေစက်ကကျနေတုန်းပဲ။ရေစက်တွေကတောက်လျောက်ကျနေတာမျိုးမဟုတ်ဘူး။ရေစက်ရေပေါက်ကျတဲ့ပုံစံကအပေါ်ကနေအောက်ကိုဆံပင်အဖျားကနေရေစက်ချသလိုမျိုးတစ်စက်ချင်းကျနေတာ။ကျတဲ့ရေကဘာအမှုန်အမွှားမှမပါဘဲသန့်နေတာ။၁၅မိနစ်လောက်ကျလိုက်၂မိနစ်လောက်ရပ်သွားလိုက်။ပြီးတော့တစ်ခါပြန်ကျလိုက်ဖြစ်နေတာ။ရုပ်တုအပေါ်ပိုင်းမှာလည်းစိုနေတာမျိုးမရှိဘူး။ရေထွက်

နိုင်လောက်တဲ့အပေါက်ရှိမလားဆိုပြီးသံချောင်းအသေးနဲ့ထိုးရှာသေးတယ်မတွေ့ရဘူး”ဟုဦးညွန့်မြိုင်ကဆက်လက်ပြောကြားသည်။ထို့ပြင်ရေစက်ရေပေါက်ကျကြောင်းတွေ့ရှိသည့်အချိန်နှင့်တိုက်ဆိုင်စွာမဟာလောကရံသီအိမ်တော်ရာစေတီတော်မြတ်ကြီး၏ငှက်မြတ်နားတော်နှင့်ဘုရားပရဝုဏ်အရှေ့မြောက်ထောင့်ရှိစလင်းမြို့စားမင်းသမီးတည်ထားခဲ့သောစေတီတော်၏စိန်ဖူးတော်တို့မှအလင်းတန်းများထွက်ပေါ်နေသည်ကိုဘုရားဝင်းပြင်ပရှိလူများနှင့်ဘုရားအတွင်းရှိဂေါပကအဖွဲ့ဝင်များ၊ဝန်ထမ်းများကဖူးတွေ့ခဲ့ရပြီးမှတ်တမ်းဗီဒီယိုရိုက်ကူးကာလူမှုကွန်ယက်ပေါ်တွင်တင်ထားကြောင်းလည်းသိရသည်။ရေစက်ရေပေါက်များကျသည်ဆိုသည့်အတိတ်နိမိတ်သည်အေးချမ်းခြင်း၊ကြည်လင်သန့်ရှင်းခြင်းဟူသည့်သဘောကိုဆောင်သည့်အတွက်မန္တလေးမြို့အပါအဝင်မြန်မာနိုင်ငံတော်တစ်ခုလုံးအေးချမ်းမည့်အတိတ်နိမိတ်အဖြစ်ယူဆကြောင်းလည်းပြောကြားသည်။ယင်းသို့ထူးခြားမှုများဖြစ်ပေါ်ရာသို့စေတီတော်ဩဝါဒါစရိယမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌမိုးကောင်းတိုက်၊အလယ်ရွှေကျောင်းဆရာတော်ဘဒ္ဒန္တဓမ္မဒီပတျာလင်္ကာရနှင့်စေတီတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်ဆရာတော်များ၊ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအောင်လင်းအေး၊အတွင်းရေးမှူးဦးဝင်းအောင်၊တွဲဖက်အတွင်းရေးမှူးဦးအောင်နိုင်ဦးတို့နှင့်အဖွဲ့ဝင်များလာရောက်၍ကြည့်ရှုစစ်ဆေးခဲ့သည်။လက်ရှိအချိန်တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များအရဘုရားဝင်းအတွင်းသို့တာဝန်ရှိသူမှအပမည်သူ့ကိုမျှဝင်ခွင့်မပြုကြောင်းသိရသည်။(Ah Lin Nge)

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit

Zawgyi

အိမ္ေတာ္ရာေစတီေတာ္ျမတ္ႀကီးႏွင့္အရံေစတီတို႔မွအလင္းတန္းမ်ားထြက္ေပၚျခင္းႏွင့္ဘုရားဝင္းအတြင္းရွိဝသုေႏၵျနတ္႐ုပ္တုမွေရစက္ေရေပါက္မ်ားက်ျခင္းျဖစ္ေပၚမႏၲေလးၿမိဳ႕၊ခ်မ္းေအးသာစံၿမိဳ႕နယ္၊သီရိေဟမာအေရွ႕ရပ္ကြက္၊

၂၇x၂၈လမ္းၾကား၊၈၈x၈၉လမ္းၾကားရွိပုဂံမင္းတည္ထားကိုးကြယ္ေတာ္မူခဲ့ေသာမဟာေလာကရံသီအိမ္ေတာ္ရာေစတီေတာ္ျမတ္ႀကီးႏွင့္အရံေစတီတို႔မွဒီဇင္ဘာလ၂၉ရက္ေန႕(နတ္ေတာ္လျပည့္ေန႕)မြန္းလြဲပိုင္းကအလင္းတန္းမ်ားထြက္ေပၚျခင္း၊ဝသုေႏၵျနတ္႐ုပ္တု၏ဆံပင္အဖ်ားမွေရစက္ေရေပါက္က်ျခင္းမ်ားထူးျခားတိုက္ဆိုင္စြာျဖစ္ေပၚခဲ့ေၾကာင္းသိရသည္။”ေဂါပက႐ုံးကလွ်ပ္စစ္အကူဝန္ထမ္းဦးရဲဝင္းေအာင္ကထမင္းစားဖို႔အိမ္ျပန္စဥ္မွာဝသုေႏၵျနတ္႐ုပ္တုေအာက္ေျခမွာေရအိုင္ေနလို႔ၾကည့္တဲ့အခါမွာ႐ုပ္တုရဲ႕ဆံပင္အဖ်ားကေနေရစက္ေရေပါက္ေတြေအာက္ကိုက်ေနတာစတင္ေတြ႕ရွိလို႔ကြၽန္ေတာ့္ဆီအေၾကာင္းၾကားပါတယ္။

ေနာက္ၿပီးေဂါပကအဖြဲ႕ဥကက႒ကေနတဆင့္ဆရာေတာ္ႀကီးမ်ားထံဆက္လက္ေလွ်ာက္ထားခဲ့ပါတယ္”ဟုေဂါပကအဖြဲ႕႐ုံးအဖြဲ႕မႉးဦးၫြန႔္ၿမိဳင္ကေျပာၾကားသည္။အဆိုပါဝသုေႏၶျ႐ုပ္တုသည္ဘုရားဝင္းအတြင္းပြင့္ေတာ္မူဘုရားအနီးတြင္လြန္ခဲ့ေသာႏွစ္ေပါင္း၃၀ထက္မနည္းကတည္ရွိခဲ့ၿပီးျပန္လည္မြမ္းမံထားရွိကာအျမင့္၃ေပခန႔္ရွိအဂၤေတျဖင့္ထုလုပ္ထားျခင္းျဖစ္ေၾကာင္းသိရသည္။”႐ုပ္တုရဲ႕ေအာက္ေျခမွာေရပိုက္ရွိတယ္လို႔အရင္ဘုရားဝန္ထမ္းအခ်ိဳ႕ကေျပာတာရွိလို႔႐ုပ္တုပတ္ဝန္းက်င္ကိုရွာၾကည့္ေပမယ့္ေရပိုက္သြယ္တန္းထားမႈမေတြ႕ရဘူး။တကယ္လို႔ေရပိုက္ကထြက္တယ္ဆိုလဲေဘးေတြပန္းထြက္ရမွာ။ေအာက္ကေနအေပၚကိုတက္သြားၿပီးမွဆံပင္အဖ်ားကေနျပန္က်ဖိဳ႕ဆိုတာကမျဖစ္နိုင္ဘူး။ၿပီးေတာ့႐ုပ္တုနားမွာေရစင္တစ္ခုရွိေတာ့အဲဒီေရစင္ကလာတဲ့ပိုက္ေတြထဲကေနမ်ားက်နိဳင္သလားဆိုၿပီးေရပိုက္ေခါင္းေတြပိတ္ၾကည့္ေပမယ့္ေရစက္ကက်ေနတုန္းပဲ။ေရစက္ေတြကေတာက္ေလ်ာက္က်ေနတာမ်ိဳးမဟုတ္ဘူး။ေရစက္ေရေပါက္က်တဲ့ပုံစံကအေပၚကေနေအာက္ကိုဆံပင္အဖ်ားကေနေရစက္ခ်သလိုမ်ိဳးတစ္စက္ခ်င္းက်ေနတာ။က်တဲ့ေရကဘာအမႈန္အမႊားမွမပါဘဲသန႔္ေနတာ။၁၅မိနစ္ေလာက္က်လိဳက္၂မိနစ္ေလာက္ရပ္သြားလိုက္။ၿပီးေတာ့တစ္ခါျပန္က်လိဳက္ျဖစ္ေနတာ။႐ုပ္တုအေပၚပိုင္းမွာလည္းစိုေနတာမ်ိဳးမရွိဘူး။ေရထြက္

နိုင္ေလာက္တဲ့အေပါက္ရွိမလားဆိုၿပီးသံေခ်ာင္းအေသးနဲ႕ထိုးရွာေသးတယ္မေတြ႕ရဘူး”ဟုဦးၫြန႔္ၿမိဳင္ကဆက္လက္ေျပာၾကားသည္။ထို႔ျပင္ေရစက္ေရေပါက္က်ေၾကာင္းေတြ႕ရွိသည့္အခ်ိန္ႏွင့္တိုက္ဆိုင္စြာမဟာေလာကရံသီအိမ္ေတာ္ရာေစတီေတာ္ျမတ္ႀကီး၏ငွက္ျမတ္နားေတာ္ႏွင့္ဘုရားပရဝုဏ္အေရွ႕ေျမာက္ေထာင့္ရွိစလင္းၿမိဳ႕စားမင္းသမီးတည္ထားခဲ့ေသာေစတီေတာ္၏စိန္ဖူးေတာ္တို႔မွအလင္းတန္းမ်ားထြက္ေပၚေနသည္ကိုဘုရားဝင္းျပင္ပရွိလူမ်ားႏွင့္ဘုရားအတြင္းရွိေဂါပကအဖြဲ႕ဝင္မ်ား၊ဝန္ထမ္းမ်ားကဖူးေတြ႕ခဲ့ရၿပီးမွတ္တမ္းဗီဒီယိုရိုက္ကူးကာလူမႈကြန္ယက္ေပၚတြင္တင္ထားေၾကာင္းလည္းသိရသည္။ေရစက္ေရေပါက္မ်ားက်သည္ဆိုသည့္အတိတ္နိမိတ္သည္ေအးခ်မ္းျခင္း၊ၾကည္လင္သန႔္ရွင္းျခင္းဟူသည့္သေဘာကိုေဆာင္သည့္အတြက္မႏၲေလးၿမိဳ႕အပါအဝင္ျမန္မာနိုင္ငံေတာ္တစ္ခုလုံးေအးခ်မ္းမည့္အတိတ္နိမိတ္အျဖစ္ယူဆေၾကာင္းလည္းေျပာၾကားသည္။ယင္းသို႔ထူးျခားမႈမ်ားျဖစ္ေပၚရာသို႔ေစတီေတာ္ဩဝါဒါစရိယၿမိဳ႕နယ္သံဃနာယကအဖြဲ႕ဥကၠ႒မိုးေကာင္းတိုက္၊အလယ္ေ႐ႊေက်ာင္းဆရာေတာ္ဘဒၵႏၲဓမၼဒီပတ်ာလကၤာရႏွင့္ေစတီေတာ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ဝင္ဆရာေတာ္မ်ား၊ေဂါပကအဖြဲ႕ဥကၠ႒ဦးေအာင္လင္းေအး၊အတြင္းေရးမႉးဦးဝင္းေအာင္၊တြဲဖက္အတြင္းေရးမႉးဦးေအာင္နိုင္ဦးတို႔ႏွင့္အဖြဲ႕ဝင္မ်ားလာေရာက္၍ၾကည့္ရႈစစ္ေဆးခဲ့သည္။လက္ရွိအခ်ိန္တြင္က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊တိုင္းေဒသႀကီးအစိုးရအဖြဲ႕တို႔၏ကိုဗစ္-၁၉ကာကြယ္ထိန္းခ်ဳပ္ေရးၫႊန္ၾကားခ်က္မ်ားအရဘုရားဝင္းအတြင္းသို႔တာဝန္ရွိသူမွအပမည္သူ႕ကိုမွ်ဝင္ခြင့္မျပဳေၾကာင္းသိရသည္။(Ah Lin Nge)

စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

Credit