Cele News Local News
သူ့ရဲ့ ပရိတ်သတ်ဖြစ်တဲ့ အာဇာနည် သူရဲကောင်းမလေး ANGEL ကြယ်စင် အတွက် ဝမ်းနည်းစကားဆိုလိုက်တဲ့ ထွန်းထွန်း
ထွန်းထွန်းကတော့ ဆယ်စုနှစ်တစ်ခုကျော်လောက်က နှုတ်ခမ်းနီမလေးတွေ သည်းသည်း လှုပ် အားပေးခဲ့ကြတဲ့ “Example”အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ သီးခြား အဆိုတော်တစ်ယောက်အနေနဲ့ သီချင်းတွေသီဆိုခဲ့တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်းအ ကယ်ဒမီရရှိခဲ့ပါတယ်။
ပရိသတ်ကြီးရေ လတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေကြားကြွေလွင့်ခဲ့ရတဲ့ လူငယ်လေးတွေတစ်စတစ်စများလာတာတွေ့ရပါတယ်။ အဲဒီထဲမှာမှဒီကနေ့ ကြွေလွင့်ခဲ့တဲ့ Angle ကြယ်စင်လေးဟာ ထွန်းထွန်းရဲ့အမာခံပရိသတ်လေးလို့သိရပါတယ်။ ထွန်းထွန်းအနေနဲ့ လည်းပြောစရာစကား မရှိအောင်ကိုဝမ်းနည်းရပါတယ်လို့ပြောဆိုထားပါတယ်။
ယနေ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မကြယ်စင်နဲ့ ပတ်သက်လို့ အဆိုတော်၊သရုပ် ဆော င် ထွန်းထွန်းက”ကောင်းရာသုဂတိလားပါစေ ညီမလေး Angelရေ။ငြိမ်းချမ်းစွာအနား ယူ ပါ တော့။ ဖော်ပြစရာစကားလုံးမရှိအောင် ဝမ်းနည်းရပါတယ်”လို့ ဝမ်းနည်းစကားပြောခဲ့ ပါတယ်။
Zawgyi