ဗဟုသုတ
“မေမေမပူနဲ့ သားကိုသားလှူထားပြီးသား နိုင်ငံအတွက်ရဲဝံ့မယ်” သူရဲကောင်းလေး ခန့်အောင်ဖြိုး
မေမေမပူနဲ့ သားကိုသားလှူထားပြီးသား နိုင်ငံအတွက်ရဲဝံ့မယ်” သူရဲကောင်းလေး ခန့်အောင်ဖြိုး သူ့မေမေကိုနောက်ဆုံးပို့ခဲ့တဲ့စာလေး သူငယ်ချင်း ခန့်အောင်ဖြိုးသူ့မေမေဆီနောက်ဆုံးပို့ခဲ့တဲ့စာလေး
“မေမေလည်းမပူနဲ့ သားလည်းမပူဘူး စိတ်ချပါ သားကိုသားလှူထားပြီးသားနိုင်ငံအတွက်ရဲဝံ့မယ်။ဘုရားရှင်ခေတ်မှာ ရဟန်းဝတ်မယ်ငရဲခေတ်မှာ လူသတ်မယ်” တဲ့
သွေးသားမတော်စပ်တဲ့ ကိုယ်တွေတောင် မျက်ရည်ပေါက်ကြီးငယ်ကျနေတာမိသားစုတွေနှလုံးသားတွေကြွေမွပျက်စီး နေပါပြီ ယုဇနဥယျာဉ်ပုဏ္ဏမီ မှာ Headshot ထိပီးကျဆုံးသွားတဲ့ ၁၉ နှစ် Civil First Year ကျောင်းသားပါ သူရဲကောင်း ခန့်အောင်ဖြိုး၊ ပညာတတ်တွေ ဆုံးရူံးခဲ့ရပြီ။
ညီလေးရေ ငါတို့ယုဇနမှာ အရင်ဆုံးစွန်းတဲ့သွေးက မင့်သွေးတွေတဲ့လားကွာ….. ရင်းရက်လေပြီပေါ့ ငါ့ညီရယ်…. မင်းယုံယုံကြည်ကြည်နဲ့ ဝင်ခဲ့တဲ့ တိုက်ပွဲ ကို ငါတို့ ဆက် တိုက်မယ်….. မင်းလိုချင်ခဲ့တဲ့ မြန်မာပြည်ကြီးဖြစ်လာအောင် ငါတို့ဆက်ကြိုးစားမယ်….
ငါ့ညီလေးရေ ငါတို့ညကမှစကားပြောခဲ့ကြသေးတယ်ကွာ….တကယ်ကိုစိတ်မကောင်းပါဘူး ညီငယ်ရေ။ ငါတို့မင်းရဲ့စွန့်လွှတ်မှုကို အလကားမဖြစ်စေရဘူး လို့ကတိ ပြု ပါ တယ် ကွာ….ငါတို့အကြွေး ရအောင်ပြန်ယူမယ်…. အသက် ၁၉နှစ်ညီငယ် ခန့်အောင်ဖြိုး(ကျဆုံး)ယုဇနဉယျာဥ်မြို့တော်….(credit)