ဗဟုသုတ

ပြည်သူတွေအတွက် နေ့စဉ်နေ့တိုင်းအစားအသောက်တွေကို မငြီးမငြူအပင်ပန်းခံ ချက်ပြုတ်လှူဒါန်းနေတဲ့ ရေဗက္ကာဝင်း

ပြည်သူတွေအတွက် နေ့စဉ်နေ့တိုင်းအစားအသောက်တွေကို မငြီးမငြူအပင်ပန်းခံ ချက်ပြုတ်လှူဒါန်းနေတဲ့ ရေဗက္ကာဝင်း

တော်လှန်ရေးတိုက်ပွဲကြီးမှာ လူထုလှုပ်ရှားမှုတွေအပြင် ကျရာ တာဝန်ထမ်းရင်း တတ်နိုင်သလောက်ပါဝင်အားဖြည့်နေကြတဲ့ ပြည်သူတွေအားလုံးနဲ့အတူ ရေဗက္ကာဝင်းကလည်း အလှူလေးတွေနဲ့ တစ်တပ်တစ်အားပါဝင်နေတာပါ..။

နေ့ရက်တိုင်းလိုလိုအစားအသောက်တွေ ကိုယ်တိုင်ချက်ပြုတ် လှူဒါန်းနေတဲ့ ရေဗက္ကာဝင်းကတော့ ကုသိုလ်ဖြစ် ကြာဇံကြော် ပွဲ ၁၀၀ ၊ ထောပတ်ထမင်းနဲ့ ကြက်သားဟင်းတွေအပြင် မရမ်းသီးငပိချက်တွေကိုကိုယ်တိုင်အပင်းပန်းခံ ချက်ပြုတ်ခဲ့ပြီး ပြည်သူတွေအတွက် လှူဒါန်းခဲ့ပါတယ်..။

စေတနာရှင်သူငယ်ချင်းတွေနဲ့အတူ စုပေါင်းလှူဒါန်းတဲ့ ၇ ရက်သားသမီးအလှူလေးဖြစ်သလို သူမကိုယ်တိုင်ချက်ပြုတ်တဲ့

ကြာဇံကြော် ပွဲ ၁၀၀၊ ထောပတ်ထမင်းနဲ့ကြက်သားဟင်း အလှူလေးကိုတော့ ရေဗက္ကာဝင်းက ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

နေ့စဉ်နေ့တိုင်းအပင်ပန်းခံကာ ချက်ပြုတ်လှူဒါန်းနေတဲ့ ရေဗက္ကာဝင်းရဲ့ ကုသိုလ်အလှူလေးကိုတော့ ပရိသတ်တွေကချီးကျူးစကားလေးတွေနဲ့အတူ အားပေးနေကြသလို သူမကိုယ်တိုင်ကလည်း ပြည်သူတွေအတွက် တတ်နိုင်သလောက်ပါဝင်နေတာမို့ မမောနိုင်မပန်းနိုင်နဲ့ ပီတိဖြစ်လို့နေတာပါ..။

Photo Credit – Rebecca Win’s Fb Acc

ျပည္သူေတြအတြက္ ေန႕စဥ္ေန႕တိုင္းအစားအေသာက္ေတြကို မၿငီးမျငဴအပင္ပန္းခံ ခ်က္ျပဳတ္လႉဒါန္းေနတဲ့ ေရဗကၠာဝင္း

ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ လူထုလႈပ္ရွားမႈေတြအျပင္ က်ရာ တာဝန္ထမ္းရင္း တတ္နိုင္သေလာက္ပါဝင္အားျဖည့္ေနၾကတဲ့ ျပည္သူေတြအားလုံးနဲ႕အတူ ေရဗကၠာဝင္းကလည္း အလႉေလးေတြနဲ႕ တစ္တပ္တစ္အားပါဝင္ေနတာပါ..။

ေန႕ရက္တိုင္းလိုလိုအစားအေသာက္ေတြ ကိုယ္တိုင္ခ်က္ျပဳတ္ လႉဒါန္းေနတဲ့ ေရဗကၠာဝင္းကေတာ့ ကုသိုလ္ျဖစ္ ၾကာဇံေၾကာ္ ပြဲ ၁၀၀ ၊ ေထာပတ္ထမင္းနဲ႕ ၾကက္သားဟင္းေတြအျပင္ မရမ္းသီးငပိခ်က္ေတြကိုကိုယ္တိုင္အပင္းပန္းခံ ခ်က္ျပဳတ္ခဲ့ၿပီး ျပည္သူေတြအတြက္ လႉဒါန္းခဲ့ပါတယ္..။

ေစတနာရွင္သူငယ္ခ်င္းေတြနဲ႕အတူ စုေပါင္းလႉဒါန္းတဲ့ ၇ ရက္သားသမီးအလႉေလးျဖစ္သလို သူမကိုယ္တိုင္ခ်က္ျပဳတ္တဲ့

ၾကာဇံေၾကာ္ ပြဲ ၁၀၀၊ ေထာပတ္ထမင္းနဲ႕ၾကက္သားဟင္း အလႉေလးကိုေတာ့ ေရဗကၠာဝင္းက ပရိသတ္ေတြကို ျပန္လည္မွ်ေဝထားပါေသးတယ္..။

ေန႕စဥ္ေန႕တိုင္းအပင္ပန္းခံကာ ခ်က္ျပဳတ္လႉဒါန္းေနတဲ့ ေရဗကၠာဝင္းရဲ႕ ကုသိုလ္အလႉေလးကိုေတာ့ ပရိသတ္ေတြကခ်ီးက်ဴးစကားေလးေတြနဲ႕အတူ အားေပးေနၾကသလို သူမကိုယ္တိုင္ကလည္း ျပည္သူေတြအတြက္ တတ္နိုင္သေလာက္ပါဝင္ေနတာမို႔ မေမာနိုင္မပန္းနိုင္နဲ႕ ပီတိျဖစ္လို႔ေနတာပါ..။

Photo Credit – Rebecca Win’s Fb Acc