လက်ရှိအခြေအနေမှာဆိုရင် ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပေးဖို့အတွက် ဝန်ထမ်းတချို့ကပါ အလုပ်မှရပ်နားလိုက်ကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ အလုပ်ရပ်နားလိုက်ရင် မိသားစုရဲ့စားဝတ်နေရေး ခက်ခဲမယ်ဆိုတာကိုသိကြပေမယ့်လည်း ဝန်ထမ်းတချို့ကတော့ ပြည်သူတွေဘက်ကနေ ပါဝင်အားဖြည့်လိုက်တာ ဖြစ်ပါတယ်။
မန္တလေးမြို့မှ မီးရထားဝန်ထမ်းများကလုပ်ငန်းခွင်ပြန်ဝန်ရန်နှင့် လုပ်ငန်းခွင်မဝင်ဘဲ CDM ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းများမှ ဖယ်ရှားပေးရန် စစ်ကောင်စီ ၏ ဖိအားပေးမှုအပေါ် လုပ်ငန်းခွင် ပြန်မဝင်ဘဲဝန်ထမ်းလိုင်းခန်းများမှဆင်းပေးကာတုံ့ပြန်လိုက်သည်။
မြို့ခံလူငယ်များကလည်း ကားများဖြင့်ရောက်လာပြီး ၀န်ထမ်းများ၏ ရွှေ့ပြောင်းမှုများအား ကူညီခဲ့ကြသည်။
မီးရထားဝန်ထမ်းတွေကတော့ မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်းလေးတချို့ကိုသာ သယ်ပြီး နှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ နေရာလေးကို စွန့်ခွါခဲ့ကြတာ ဖြစ်ပါတယ်။
မီးရထားဝန်ထမ်းတွေကလည်း ဘာမဆိုစွန့်လွှတ်ရဲတဲ့ စိတ်ဓာတ်နဲ့ အများအကျိုးကိုသယ်ပိုးဆောင်ရွက်လိုက်တာဖြစ်လို့ လေးစားဖို့ကောင်းပါတယ်။
မန္တလေးမီးရထားဝန်း ဝန်ထမ်းအိမ်ရာမှာ ဖယ်ပေးလာကြတဲ့ ဝန်ထမ်းတွေကိုလည်း ပြည်သူလူထုက ကူညီဖေးမပေးကြဖို့အတွက် တတ်နိုင်သလောက်စီစဉ်နေကြတာဖြစ်ပါတယ်။
အခုလိုမျိုးပြည်သူတွေဘက်ကနေ ရပ်တည်ပြီး မိသားစုလိုက် ပြောင်းရွှေ့နေကြတဲ့ မီးရထားဝန်ထမ်းတွေရဲ့ ပုံရိပ်လေးကပြည်သူလူထုရဲ့ရင်ထဲကိုထိမှန်စေလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
photo credit
လက္ရွိအေျခအေနမွာဆိုရင္ ျပည္သူေတြနဲ႕ တစ္သားတည္း ရပ္တည္ေပးဖို႔အတြက္ ဝန္ထမ္းတခ်ိဳ႕ကပါ အလုပ္မွရပ္နားလိုက္ၾကတာျဖစ္ပါတယ္။အခုလိုအခ်ိန္မ်ိဳးမွာ အလုပ္ရပ္နားလိုက္ရင္ မိသားစုရဲ႕စားဝတ္ေနေရး ခက္ခဲမယ္ဆိုတာကိုသိၾကေပမယ့္လည္း ဝန္ထမ္းတခ်ိဳ႕ကေတာ့ ျပည္သူေတြဘက္ကေန ပါဝင္အားျဖည့္လိုက္တာ ျဖစ္ပါတယ္။
မႏၲေလးၿမိဳ႕မွ မီးရထားဝန္ထမ္းမ်ားကလုပ္ငန္းခြင္ျပန္ဝန္ရန္ႏွင့္ လုပ္ငန္းခြင္မဝင္ဘဲ CDM ဆက္လုပ္ပါက ဝန္ထမ္းလိုင္းခန္းမ်ားမွ ဖယ္ရွားေပးရန္ စစ္ေကာင္စီ ၏ ဖိအားေပးမႈအေပၚ လုပ္ငန္းခြင္ ျပန္မဝင္ဘဲဝန္ထမ္းလိုင္းခန္းမ်ားမွဆင္းေပးကာတုံ႕ျပန္လိုက္သည္။
ၿမိဳ႕ခံလူငယ္မ်ားကလည္း ကားမ်ားျဖင့္ေရာက္လာၿပီး ၀န္ထမ္းမ်ား၏ ေ႐ႊ႕ေျပာင္းမႈမ်ားအား ကူညီခဲ့ၾကသည္။
မီးရထားဝန္ထမ္းေတြကေတာ့ မိမိတို႔ပိုင္ဆိုင္တဲ့ ပစၥည္းေလးတခ်ိဳ႕ကိုသာ သယ္ၿပီး ႏွစ္ေပါင္းမ်ားစြာေနထိုင္ခဲ့တဲ့ ေနရာေလးကို စြန႔္ခြါခဲ့ၾကတာ ျဖစ္ပါတယ္။
မီးရထားဝန္ထမ္းေတြကလည္း ဘာမဆိုစြန႔္လႊတ္ရဲတဲ့ စိတ္ဓာတ္နဲ႕ အမ်ားအက်ိဳးကိုသယ္ပိုးေဆာင္႐ြက္လိုက္တာျဖစ္လို႔ ေလးစားဖို႔ေကာင္းပါတယ္။
မႏၲေလးမီးရထားဝန္း ဝန္ထမ္းအိမ္ရာမွာ ဖယ္ေပးလာၾကတဲ့ ဝန္ထမ္းေတြကိုလည္း ျပည္သူလူထုက ကူညီေဖးမေပးၾကဖို႔အတြက္ တတ္နိုင္သေလာက္စီစဥ္ေနၾကတာျဖစ္ပါတယ္။
အခုလိုမ်ိဳးျပည္သူေတြဘက္ကေန ရပ္တည္ၿပီး မိသားစုလိုက္ ေျပာင္းေ႐ႊ႕ေနၾကတဲ့ မီးရထားဝန္ထမ္းေတြရဲ႕ ပုံရိပ္ေလးကျပည္သူလူထုရဲ႕ရင္ထဲကိုထိမွန္ေစလို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
photo credit