ဗဟုသုတ

​ကြွေလွင့်သွားခဲ့သော စိန်ပန်းမှ သူရဲကောင်းစောပြည့်နိုင်ရဲ့ အိမ်အား တိုက်အဖြစ်ဆောက်ပေးဖို့ ကူညီသွားမယ့် ပြည်သူများ

အလှူအတန်းရက်ရောပြီးစေတနာသဒ္ဓါတရား အပြည့်ရှိတဲ့ပြည်သူတွေကတော့သူတစ်ပါးကိုကူညီဖို့အတွက်အမြဲတမ်းစိတ်အားထက်သန်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ကမန္တလေးမြို့၊ စိန်ပန်းစံပြရပ်မှာကျဆုံးသွားတဲ့သူရဲကောင်းတစ်ဦးရဲ့အိမ်ကသူ့ရဲ့အေလာင်းကိုအထဲမှာထား လိုက်ရုံတင်နဲ့ နေရာပြည့်သွားခဲ့တာဖြစ်ပါတယ်။ ထရံကာပြီးသွပ်မိုးထားတဲ့အိမ် ရဲ့ပုံရိပ်ကိုကြည့်ကာစိတ် မကောင်းဖြစ်ခဲ့ ရတဲ့ ပြည်သူတစ် ယောက် ကတော့ ဒီအိမ် ကိုအုတ်နဲ့ပြန်ဆောက်ပေးဖို့ကူညီသွားမှာဖြစ်ပါတယ်။ သူ့အနေနဲ့ဒီကာလကြီးပြီးဆုံးသွားခဲ့ရင်အဲ့ဒီအိမ်အထိ

အရောက်သွားပြီး ကျန်ခဲ့တဲ့မိသားစု အတွက်အုတ် အိမ်လေးဆောက်နိုင် လောက်တဲ့အထိကူနိုင်တာလေးတွေကူဖို့ကတိပေးပါတယ်လို့ပြောခဲ့တာဖြစ်ပါတယ်။စာနာ နား လည်စိတ်နဲ့ ကူညီပေးမယ့်ပြည်သူ တစ်ဦးရဲ့အလှူမှာ တော့အားလုံးကလည်းသူ တို့တတ်နိုင်သလောက်ပါဝင်လှူဒါန်းပေးနေကြတာဖြစ်ပါတ ယ်။ ဒါ့အပြင် ဒီအိမ် ကိုကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး ကူညီချင်တဲ့အလှူရှင် တွေအတွက်လည်းလမ်း ညွှန်ပေးထားပါသေးတယ်။

“မန္တလေးစိန်ပန်းစံပြရပ် (ခ) သဲကျင်း ၄၁ လမ်းအတိုင်းအနောက် တည့်တည့်ကို ဆင်းလာခဲ့ပြီး မောင်သာအေးမန်ကျည်းဖျော်ရည်ဆိုင်နဲ့မျက်နှာချင်းဆိုင်လမ်းကိုဆုံး တဲ့အထိသွားပါစည်ပင်သားသက်ဌာနဝင်းအဟောင်းကြီး တွေ့လို့လမ်းဆုံး သွားပါပြီအဲ့နားကလူတွေကိုမောင်စောပြည့်နိုင်တို့အိမ်လို့မေးရင်သိကြပါတယ်ဗျ”ဆိုပြီး လိပ်စာကိုရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်။

စိန်ပန်းမှာကျဆုံး သွားတဲ့သူရဲကောင်း တစ်ဦးရဲ့နေ အိမ်ကိုပြန်လည်တည်ဆောက်ပေးမယ့်အလှူမှာပရိသတ်တွေလည်းပါဝင်နိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက် ရပါ တယ်။

ခရက်ဒစ်






ခရက်ဒစ်