ဗဟုသုတ

ရှဟီဒီ မာမွတ်ဘိုင် ( ခ) ကိုသေး ရဲ့ကျန်ရစ်သူ သားရှာဗာန် သမီးရိုကိုင်ရာ တို့အတွက် စေတနာရှင် ပြည်သူများစုပေါင်းပြီး တိုက်ခန်းတစ်ခန်း လှူဒါန်း

15.3.2021 ရက်နေ့ 62/112 လမ်းထောင့်ရှေ့တန်းတွင် ကျဆုံးခဲ့တဲ့ ရှဟီဒီ မာမွတ်ဘိုင်(ခ) ဦဇော်မင်းဦး (ခ) ကိုအသေးလေးရဲ့

မိန်းမကလည်းဆုံးသွားတာကြာခဲ့ပြီး အရွယ်မရောက်သေးတဲ့ကလေးလေး၂ယောက်ပဲကျန်ခဲ့ပါတယ်

ယခုအချိန်မှာတော့ ရှဟီဒီ မာမွတ်ဘိုင် ( ခ) ကိုသေး ရဲ့ကျန်ရစ်သူ သားရှာဗာန် သမီးရိုကိုင်ရာ တို့အတွက် စေတနာရှင် ပြည်သူများစုပေါင်းပြီး တိုက်ခန်းတစ်ခန်း လှူဒါန်းပေးခဲ့ကြပါတယ်

(တိုက်ခန်းလေးတခန်း ကျမတို့သူငယ်ချင်း online မိတ်ဆွေအားလုံးရဲ့ ဝိုင်းဝန်းအားနဲ့

ဒီနေ့သော့အပ်လိုက်နိုင်ပါပြီ Alhumdulilah

ကူညီကြသော မိတ်ဆွေ အလှူရှင်အပေါင်း

ဥစ္စာစီးပွား ဆ ထက်တိုးပါစေ

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ

ကလေးတွေအတွက် မွေ့ယာ ခေါင်းဦးလေးတွေလဲ ဝယ်မယ် အိမ်တွင်းခန်းလေးရွှေ့ပြောင်းပြီးမှပုံတင်ပေးပါဦးမယ် ) ဆိုပြီးပြည်သူတစ်ဦးမှ ​​ရေးသားထားပါတယ်။

အခုလိုအချိန်မျိုးမှာ လိုအပ်တဲ့သူတွေကို ကူညီပေးနေကြတဲ့ ပြည်သူပြည်သားများရဲ့အလှူကို ၀မ်းသာပီတိဖြစ်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်

source&photo-credit











source&photo-credit