ဗဟုသုတ

လှိုင်သာယာမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ နေအိမ်များသို့ ကိုယ်တိုင်သွားရောက်ပြီး ငွေကြေးထောက်ပံ့မှူများနှင့် အားပေးနှစ်သ်ိမ့်မှုတွေ ပြုလုပ်ခဲ့တဲ့ လင်းအောင်ခေတ်

မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးဟာ တစ်နေ့ထက်တစ်နေ့ အားကောင်းနေသလိုပဲ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေဆိုတာဟာလည်း ရာကျော်ရှိနေခဲ့ပါပီ။ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ ကျန်ခဲ့တဲ့မိသားစုတွေကို ပြည်သူများက တက်နိုင်သလောက် ဝိုင်းဝန်းထောက်ပံ့လှူဒါန်းနေကြပါတယ်။

ထိုပြည်သူများထဲမှ အနုပညာရှင်များဟာလည်း ကိုတက်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်ကူညီပါ၀င် ထောက်ပံ့ပေးနေကြပါတယ်။ယခုဆိုရင်လည်း မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လင်းအောင်ခေတ်ဟာလည်း တက်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ လှိုင်သာယာမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ နေအိမ်များသို့ ကိုယ်တိုင်သွားရောက်ပြီး ငွေကြေးထောက်ပံ့မှူများနှင့် အားပေးနှစ်သ်ိမ့်မှုတွေ ပြုလုပ်ခဲ့တဲ့ ပုံရိပ်များကို အခုလိုပဲရေးသားမျှဝေပေးထားပါတယ်။

“လိပ်ပြာတွေလုံချင်ရုံမဆောင်ခဲ့ပါဘူး ချစ်သော လှိုင်သာယာရေ။

ကျနော်တို့တတ်နိုင်သလောက် ကျနော်တို့ဖေးမကြရအောင်ဗျာ။တကယ်ကို ချို့တဲ့တာတဲ့ ပိုလွန်းတယ်ဗျာ။

မျက်ဝန်းတွေမှာ အားငယ်နေတဲ့ အရောင်တွေအတွက် ကျနော်တို့ ဆက်ပြီး ဖေးကူအုံးမှာပါ”ဆိုပြီး ရေးသားမျှဝေပေးခဲ့ပါတယ်။

စာဖတ်နေတဲ့သူတွေလည်း လင်းအောင်ခေတ်ရဲ့ ကူညီထောက်ပံ့မှုများကို ၀မ်းသာပီတိဖြစ်စေရန် မျှဝေပေးလိုက်ပါတယ်နော်။

source-Lin Aung Khit fb page



သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ လှိုင်သာယာမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ နေအိမ်များသို့ ကိုယ်တိုင်သွားရောက်ပြီး ငွေကြေးထောက်ပံ့မှူများနှင့် အားပေးနှစ်သိမ့်မှုတွေ ပြုလုပ်ခဲ့တဲ့ ပုံရိပ်များကို အခုလိုပဲရေးသားမျှဝေပေးထားပါတယ်။




