ဗဟုသုတ

ဝေဠုကျော်ဖောင်ဒေးရှင်း မှရခိုင်ပြည်နယ်။မီးဘေးသင့် တိမ်ညို တိုက်ပွဲရှောင် စခန်းရှိအိမ်ခြေ ၆၆၃ အိမ်အတွက် လိုအပ်သောပစ္စည်းများလှူဒါန်း

ပရိတ်သတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ ဝေဠုကျော်ကတော့ ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမံ တက်နိုင်သလောက်ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။

အခုလဲ ရခိုင်ပြည်နယ် တွင် တိုက်ပွဲရှောင် စခန်း မီးဘေးသင့်သွားခဲ့တဲ့ တိုင်းရင်းသားများအတွက် လိုအပ်တာများ လှူဒါန်းနေကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုပဲ မျှဝေပေးထားပါတယ်။

“21-3-2021

ဝေဠုကျော်ဖောင်ဒေးရှင်း မှရခိုင်ပြည်နယ်။မီးဘေးသင့် တိမ်ညို တိုက်ပွဲရှောင် စခန်းရှိအိမ်ခြေ ၆၆၃ အိမ်အတွက်

ကလေးဝတ် အသစ်၊လူကြီးဝတ် အသစ်အထည် ၁၅၂၂ထည်၊အဝတ်အထည်အစုံ အသန့်အကောင်း အထည် ၁၀၃၀ ထည်စုစုပေါင်း ၂၅၅၂ ထည် ကို ပထမအသုတ်အဖြစ် ကိုဝေဟင်အောင် မှတဆင့် လှူဒါန်းပေးရန်.ပေးပို့လိုက်ပါသည်။

နောက်ထပ်လည်း အလှူရရှိသည်များကိုထပ်မံစုပြီး ပေးပို့ လှူဒါန်းသွားမည် ဖြစ်ပါသည်။

တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသား ပြည်သူများအတွက် ယခင်ကလည်းအဝတ်အထည်များ ပေးပို့လှူဒါန်းလာရာတွင်အဝတ်အထည်အသစ် စုစုပေါင်း ၂၁၅၂၂ထည် ပေးပို့ လှူဒါန်း ပေးပြီး ဖြစ်ပါသည်။

#ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010(U Soe Thein)(K Pay) 09455500014

09776089484(Wave Acc)” ဆိုပြီး ပါ၀င် လှူဒါန်းချင်တဲ့ ပြည်သူတွေအတွက်လည်း လှူဒါန်းနိုင်အောင် တက်နိုင်သမျှကူညီဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။

source&photo-credit