ဗဟုသုတ

မိန်းမ ငါမရတော့ဘူး သွားရတော့မှာ မင်းရင်ခွင်ထဲ နောက်ဆုံးအနေနဲ့ဖတ်ထား ပါတော့ တဲ့

ဘဝတွေများဘယ်လောက်နာဖို့ကောင်းလဲဆို

ခွေးတွေက ရပ်ကွက်ထဲအပြည့်ပတ်နေလို့ခြေထောက်ကျည်ထိလို့ နာတာတောင် အသံမထွက်ရဲဘူး

သွေးတွေအိမ်ရှေ့မှာအိုင်နေလို့ သိသွားမှာဆိုးလို့အမြန်ရှင်းရတယ်

ဆေးရုံကားခေါ်ဖို့ကျလည်း ခွေးတွေကလမ်းထိပ်ပိတ်ထားလို့ ဝင်မရထွက်မရ

ဆုံးပီးတော့ကျလည်း ညပြန်လာမှာဆိုပီးခြိမ်း​ခြောက်သွားလို့ ချက်ချင်းသဂြိုလ်ရတယ်

နောက်ဆုံးချိန်ထိ ကမ္ဘာမကြေဘူးလို့ အော်သွားသေးတာတဲ့

သားသမီးမရှိလို့ တူ တူမတွေကို သားသမီးအရင်းတွေလို ချစ်တဲ့ ဦးလေး…. ပျော်ပျော်နေတတ်တဲ့ ဦးလေးကို မှ ကွာ

အောင်ပွဲ ရနီးမှ ဖြစ်ရလေ ငါ့ဦးလေးရာ ဦးဖြိုး စိတ်ချ သားတို့ မနိုင်မချင်း တိုက်သွားမှာ

ဆုံးခါနီးကြ “မိန်းမ ငါမရတော့ဘူး သွားရတော့မှာ မင်းရင်ခွင်ထဲ နောက်ဆုံးအနေနဲ့ဖတ်ထား ပါတော့ တဲ့” ဗျာ

Credit-Htet Aung Ko










Credit-Htet Aung Ko