ဗဟုသုတ

အင်းစိန်ထောင်မှာဖမ်းဆီးခံထားရတဲ့ အကယ်ဒမီလူမင်းရဲ့လက်ရှိကျန်းမာရေးအခြေအနေ

မင်္ဂလာပါ ပရိတ်သတ်ကြီး တို့ရေ ပုဒ်မ ၅၀၅(က) နှင့် အဖမ်းဆီး ခံလိုက် ရသော အကယ်ဒမီ လူမင်း နှင့် ပတ် သက် ပြီး သတင်း တွေ အမျိုး မျိုး ထွက်ပေါ်နေခဲ့ပါတယ်။အကယ်ဒမီ လူမင်းဟာ အနုပညာလောကရဲ့ အောင်မြင်မှု ရှည်ကြာ စွာ ထိန်းသိမ်း ထားနိုင်တဲ့မင်းသားတစ်လတ် ဖြစ် ပြီး ပရိတ် သတ်ရဲ့ ချစ် ခြင်း မေတ္တာ ‌ကို အခိုင်အမာရရှိနေခဲ့တာ ပဲ ဖြစ်ပါတယ်။

လူမင်းဟာ မြန်မာနိုင်ငံ မှာ စစ်အာဏာ သိမ်းမှု စတင် ဖြစ်ပေါ် တဲ့ နေ့က စပြီး ပြည်သူနဲ့ အတူ ရပ်တည်ကာ လူထုဆန္ဒ ထုတ် ဖော်ပွဲ တွေမှာ ပြည်သူနဲ့ တစ်သားတည်း တိုက်ပွဲ ဝင် နေခဲ့တဲ့ သူတစ်ဦး ပါ။နောက်ပိုင်း မှာ တော့ အကယ်ဒမီလူမင်း အပါ အဝင် အနုပညာ ရှင် ၆ဦး CDM အရေး ပါဝင် လှုပ်ရှား မှုကြောင့် ရာဇသတ်ကြီး ပုဒ်မ၅၀၅(က) ဖြင့် တရား စွဲဆိုခံခဲ့ရပါတယ်။

အကယ်ဒမီ လူမင်းကိုတော့ ဖေဖော်ဝါရီလ ၂၂ရက်နေ့ညက တိမ်းရှောင် နေရာအိမ်အထိ အတင်းတံခါး‌တွေရိုက်ဖျက် ချိုးဝင်ကာ ဖမ်းဆီး သွား ခဲ့ကြပါတယ်။အကယ်ဒမီ လူမင်း အဖမ်း ဆီး ခံရ ပြီး နောက်ပိုင်း မိသားစု ဝင် တွေ‌ရော ပရိတ်သတ်တွေ ရော ကပါ စိုးရိမ် နေခဲ့ ကြပြီး ဘာသတင်း မှသိပ်မ ကြား ရပေမဲ့ ထောင်ထဲမှာ ကျန်မာ ရေး ဆိုးရွား လာတယ်ဆိုတဲ့ သတင်းတွေ မျိုး စုံ ထွက်ပေါ် လာခဲ့ပါတယ်။

မနေ့က မတ်လ ၂၁ရက် နေ့မှာတော့ အကယ်ဒမီ လူမင်း အင်းစိန်ထောင်မှာ ကျန်းမာ ရေး ကောင်းမွန်စွာ ရှိနေ ကြောင်း သိရှိ ရတယ် ဆိုတဲ့ သ တင်း ထပ်မံ ကြားသိ လာခဲ့ရပါတယ်။မကြာသေးမီ ကလဲ အကယ်ဒမီ လူမင်း အပါအဝင် အဖမ်းဆီး ခံခဲ့ရတဲ့ ဆရာ မောင်သာချို၊ ကိုမြ အေး စသည်တို့ အင်းစိန်သီးသန့်ထောင်မှာ ကျန်းမာစွာ ရှိနေကြောင်း သိရတဲ့ သတင်းလဲ ကြားသိခဲ့ရ ပါသေးတယ်။

ပြည်သူတွေ အပေါ် ထားတဲ့ စေတနာ ပြည်သူတွေက ပို့သပေးနေတဲ့ မေတ္တာ တရား တွေကြောင့် လူမင်း နှင့် အဖမ်းဆီးခံ ပြည်သူ အားလုံး ဘေး အန္တရာယ်များ ကင်းရှင်း ကြပါစေနော်။ဖတ်ရှု အားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး လဲ သာယာ‌တဲ့ နေ့ရက်များ ပိုင်ဆိုင် နိုင်ကြပါစေ လို့ ဆုမွန်ကောင်း တောင်း ပေးလိုက် ရပါတယ်။

Credit Photo

Credit Original Writer