ဗဟုသုတ

“ဘုန်းကံ နည်းပါးရခြင်း အကြောင်း”

Unicode

“ဘုန်းကံ နည်းပါးရခြင်း အကြောင်း”

သူ့ဂုဏ်ကိုနှိမ့် ကိုယ့်ဂုဏ်နိမ့်၏။သူ့ဂုဏ်ကိုမြောက် ကိုယ့်ဂုဏ်မြောက်၏

သူကလည်း သူ့ကံအားလျော်စွာ သူ့စီးပွားရေး အခွင့်အလမ်းတွေဖြောင့်တန်းပြီးတော့ ချမ်းသာနေတယ်။

အဲဒါကို မိမိကထိုင်ပြီးတော့ မကြည်ဖြူ နိုင်ဘူး မနာလိုနိုင်ဘူး။ဟိုလူ့ သွားတို့ ဒီလူ့ သွားတို့ ဟိုနေရာ သွားတိုင်လိုက် ဒီနေရာ သွားတို့လိုက်လုပ်ပြန်တယ်။

တို့လိုက်တဲ့အခါကြတော့ အဲဒီကံလေးတွေကခုလိုဘ၀မှာ လာပြီး အကျိုးပေးတာပဲ။

မိမိနားမှာပြု စုမဲ့ ပုဂ္ဂိုလ်တစ်ယောက်မှမရှိဘူး။ အနားကပ်ပြီး နေချင်တဲ့ ပုဂ္ဂိုလ်လည်း တစ်ယောက်မှ မရှိဘူး။

ဘုန်းကံနည်းပါးရခြင်းသည် ဘာကို အခြေခံသလဲ။
ငြူ စူစောင်းမြောင်းတဲ့စိတ်ထားကို အခြေခံတယ်။

ငြူ စူ စောင်းမြောင်းတဲ့စိတ်ထားကိုမွေးမြူ ခြင်းသည် အခြွေအရံ နည်းပါးစေတတ်တဲ့ ကျင့်၀တ်ကို ကျင့်နေခြင်းပဲဖြစ်တယ်ဆိုတာကို သဘောပေါက်ပါ။

သူတစ်ပါးတွေမှာ အခြွေအရံ များပြားနေတာကို မကြည့်လိုတဲ့ စိတ်ထားက မိမိအခြွေအရံနည်းပါးဖို့ရန်အကြောင်းတစ်ခုဖြစ်တယ်။

သူတစ်ပါး အရိုအသေ အလေးအစားခံရမှုအမြတ်နိုးခံရမှု အပူဇော်ခံရမှုကို မကြည့်လိုတဲ့ စိတ်ထားက

မိမိကိုလည်း ရိုသေလေးစားမည့်သူမြတ်မြတ်နိုးနိုး ပြု စုလုပ်ကျွေးမည့်သူ မရှိဖို့ရန် အကြောင်းတစ်ခုဖြစ်တယ်။

စိတ်ထား မတတ်လို့ရတဲ့အကျိုးတရားဖြစ်ပါတယ်။

သူလည်း သူ့ကံကြောင့် ဘုန်းကံကြီးမားရတယ်။ အခြွေအရံတွေ များပြားရတယ်။

ငါလည်း ငါ့ကံကြောင့် အခြွေအရံနည်းပါးရတယ်။ များပြားရတယ်။

ဒီလို ကံကံ၏အကျိုးတရားကို နှလုံးသွင်းတယ်။
ပိုက်ဆံ ဘယ်နှစ်ပြားကုန်သလဲ။ တစ်ပြားမှမကုန်ဘူး။

စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲလိုက်တဲ့အတွက် ဘ၀အဆင့်အတန်းတွေ မြင့်မသွားဘူးလား။ မြင့်သွားတယ်။

ဖားအောက်တောရဆရာတော်

စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

#crdမူရင်းရေးသားပူဇော်သူ

Zawgyi

“ဘုန္းကံ နည္းပါးရျခင္း အေၾကာင္း”

သူ႕ဂုဏ္ကိုႏွိမ့္ ကိုယ့္ဂုဏ္နိမ့္၏။သူ႕ဂုဏ္ကိုေျမာက္ ကိုယ့္ဂုဏ္ေျမာက္၏

သူကလည္း သူ႕ကံအားေလ်ာ္စြာ သူ႕စီးပြားေရး အခြင့္အလမ္းေတြေျဖာင့္တန္းၿပီးေတာ့ ခ်မ္းသာေနတယ္။

အဲဒါကို မိမိကထိုင္ၿပီးေတာ့ မၾကည္ျဖဴ နိုင္ဘူး မနာလိုနိုင္ဘူး။ဟိုလူ႕ သြားတို႔ ဒီလူ႕ သြားတို႔ ဟိုေနရာ သြားတိုင္လိုက္ ဒီေနရာ သြားတို႔လိုက္လုပ္ျပန္တယ္။

တို႔လိုက္တဲ့အခါၾကေတာ့ အဲဒီကံေလးေတြကခုလိုဘ၀မွာ လာၿပီး အက်ိဳးေပးတာပဲ။

မိမိနားမွာျပဳ စုမဲ့ ပုဂၢိဳလ္တစ္ေယာက္မွမရွိဘူး။ အနားကပ္ၿပီး ေနခ်င္တဲ့ ပုဂၢိဳလ္လည္း တစ္ေယာက္မွ မရွိဘူး။

ဘုန္းကံနည္းပါးရျခင္းသည္ ဘာကို အေျခခံသလဲ။
ျငဴ စူေစာင္းေျမာင္းတဲ့စိတ္ထားကို အေျခခံတယ္။

ျငဴ စူ ေစာင္းေျမာင္းတဲ့စိတ္ထားကိုေမြးျမဴ ျခင္းသည္ အေႁခြအရံ နည္းပါးေစတတ္တဲ့ က်င့္၀တ္ကို က်င့္ေနျခင္းပဲျဖစ္တယ္ဆိုတာကို သေဘာေပါက္ပါ။

သူတစ္ပါးေတြမွာ အေႁခြအရံ မ်ားျပားေနတာကို မၾကည့္လိုတဲ့ စိတ္ထားက မိမိအေႁခြအရံနည္းပါးဖို႔ရန္အေၾကာင္းတစ္ခုျဖစ္တယ္။

သူတစ္ပါး အရိုအေသ အေလးအစားခံရမႈအျမတ္နိုးခံရမႈ အပူေဇာ္ခံရမႈကို မၾကည့္လိုတဲ့ စိတ္ထားက

မိမိကိုလည္း ရိုေသေလးစားမည့္သူျမတ္ျမတ္နိုးနိုး ျပဳ စုလုပ္ေကြၽးမည့္သူ မရွိဖို႔ရန္ အေၾကာင္းတစ္ခုျဖစ္တယ္။

စိတ္ထား မတတ္လို႔ရတဲ့အက်ိဳးတရားျဖစ္ပါတယ္။

သူလည္း သူ႕ကံေၾကာင့္ ဘုန္းကံႀကီးမားရတယ္။ အေႁခြအရံေတြ မ်ားျပားရတယ္။

ငါလည္း ငါ့ကံေၾကာင့္ အေႁခြအရံနည္းပါးရတယ္။ မ်ားျပားရတယ္။

ဒီလို ကံကံ၏အက်ိဳးတရားကို ႏွလုံးသြင္းတယ္။
ပိုက္ဆံ ဘယ္ႏွစ္ျပားကုန္သလဲ။ တစ္ျပားမွမကုန္ဘူး။

စိတ္ဓာတ္ကို ျပဳျပင္ေျပာင္းလဲလိုက္တဲ့အတြက္ ဘ၀အဆင့္အတန္းေတြ ျမင့္မသြားဘူးလား။ ျမင့္သြားတယ္။

ဖားေအာက္ေတာရဆရာေတာ္

စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

#crdမူရင္းေရးသားပူေဇာ္သူ