ဗဟုသုတ
အဆုတ်သန့်ချင်ရင် တစ်ပင်လုံးသာနှုတ်လာခဲ့
Unicode
အဆုတ်သန့်ချင်ရင် တစ်ပင်လုံးသာနှုတ်လာခဲ့
ဆေးလိပ် သမားများ အတွက် အထူး သင့်လျှော်သော အဆုတ် သန့်စင် ဆေးနည်းကောင်းလေး
(ဆရာဝန်လက်လွှတ်လိုက်ပေမဲ့ အားတက်လာတဲ့ အဆုတ်ကင်ဆာဝေဒနာရှင်)ဆရာဝန်က တလခွဲပဲ ခံတော့မယ်ဆိုတဲ့ အဆုတ်ကင်ဆာဝေဒနာရှင် ၃လရှိပြီတဲ့
အသိမိတ်ဆွေကညွှန်လို့ တောလေးညှင်းအဆုတ်အားဆေးသောက်တာပါတဲ့။ ချောင်းဆိုးတာလည်းသွေးမပါတော့ပါဘူးတဲ့
ကင်ဆာဝေဒနာရှင်ရဲ့ သမီးက တိုင်းရင်းဆေးဆိုင်လာရင်းပြောပြသွားတာပါ။
နောက်တခေါက် လာရင် အသေးစိတ်မေးပြီးထပ်တင်ပေးမယ်နော်။ ဆေးလိပ်သမားများအတွက် အဆုတ်သန့်စင်လိုသူများအတွက် အထူးသင့်လျော်သော တောလေးညှင်းပါ
မိုးတွင်းအခါ လယ်ကွင်းထဲတွင် အလွန်ပေါများစွာ ပေါက်သော အပင်ပါ။ လယ်သမားများ စပါးစိုက်ခြင်းကို နှောက်ယှက်လို့ စိတ်ညစ်ရသောအပင် ဖြစ်သည်။
သို့သော် ဆေးဖက်အလွန်ဝင်သော အဆုတ်သန့်စင် အားကောင်းဆေးပါ။ အရိုးစိမ်း နှင့် အရိုးနီ ၂မျိုးရှိပြီး အရိုးနီကတော့ အစွမ်းပိုထက်သည်။ သွင်ပြင်လက္ခဏာ နှင့် တွေ့ရှိရာအရပ် ပြောပြမယ်နော်။
တောလေးညှင်း ကိုရှာဖွေလိုလျင်အပွင့်အဝါ သေးသေးလေး ၄ချပ်ရှိသော အပင်ကိုရှာပါ။ ပွင့်ချပ်လေးများ ဖယ်ကြည့်လိုက်လျှင် လေးညှင်းပုံစံ အပွင့်ခံရိုးတန်ရှိပါသည်။
အရိုးသည် လုံးဝိုင်းမှု့မှု မရှိပဲ စောင်းများရှိသည်ကို တွေ့ရပါမည်။ မြေပွပွ ရေစပ်စပ် တွင် အလွန်ဖြစ်ထွန်းပါသည်။
ရေတစ်ပေလောက်မြုတ်နေပြီး အလွန်နုံးများသော အချို ရေမြောင်းကြီးများတွင် နှုတ်စရာမလိုပဲ မလိုက်လျင် ပါလာပါသည်။
မိုးရာသီ မြစ်ဝကျွန်းပေါ် လယ်ကွက်များအတွင်း အလွန်ပေါများစွာတွေ့ရှိရပါသည်။ မြို့ပေါ်တွင်မူ ရေမြောင်းဘေး အနီးပါတ်ဝန်းကျင်တွင်တွေ့ရတတ်ပါသည်။
မိုးတွင်းအခါ အပင်သည် လူတရပ်ကျော်ရှည်၍ အရွက်သည် တထွာခန့်ထိရှိတတ်ပါသည်။ နွေရာသီတွင်မူ ရေစပ်စပ်နေရာများတွင် ရှားပါးစွာ ရှာဖွေတွေ့တတ်ပါသည်။
တွေ့ရှိလျင်လည်း လက်သီးဆုတ်သာသာအပင် တပေခန့်အမြင့်ရှိသောအပင် အရွက် ကုတ်ကုတ်ဖြင့်သာတွေ့နိုင်ပါသည်။
ဆေးနည်း
အပင်တပင်လုံးကို ရေစင်စွာဆေး၍ ၃ခွက် တခွက်တင်ကြိုသောက်ပါ။
အဆုတ် ပြဿ နာ မကြာခဏရှိသူများသည် ယခုလို မိုးကုန်ခါနီး အပင်ကျမသွားခင် အခြောက်လှမ်း၍ သိမ်းထားပြီး အပင်များ နွေအချိန် မရှိတော့လျင် တောလေးညှင်းခြောက်ကို ရေနွေးကြမ်းခပ်၍ သုံးဆောင်နိုင်ပါသည်။ နွေရာသီ အပင်ရှာမရလျင် စိတ်မဆိုး တောလေးညှင်းရေနွေးကြမ်းကို ချိုသာသောစျေးဖြင့် သုံးဆောင်နိုင်ပါသည်။
တောလေးညှင်းဆေး ၏ ကောင်းကျိုးများ
အဆုတ် နှင့် ပတ်သက်သော ရောဂါများ ဆီးချိုရောဂါ၊အသည်းခြောက်ခြင်း ၊အသည်းမာခြင်း၊ အသည်းကြောင့်ဖောရောင်ခြင်း ၊ချောင်းဆိုး ၊ရင်ကြပ် ပန်းနာရောဂါ အမျိုးမျိုး ၊လည်ချောင်း နှင့် ရင်ခေါင်းပိုင်းဆိုင်ရာ ရောဂါများ/ အာခြောက်ခြင်း/ ကလေးငယ်များ ရင်ပူခြင်း/ အပူများခြင်း/ ရေငတ်ခြင်း/ ဆီးလွန်ခြင်း မကြာခဏ ဆီးသွားခြင်း ( ညအိပ်တဲ့အခါ ဆီးခဏခဏသွား၍ အိပ်မရပဲ အိပ်ရေးပျက်ရခြင်း။ )/ တစက် တစက် ဆီးကျန်ခြင်း တို့ကို ကောင်းမွန်စေပါသည်။
လွန်ခဲ့သော 17 နှစ်​က အမတယောက် ကင်ဆာကုနေချိန်တွင် ကင်ဆာဆေးကြောင့် အဆုတ်ဒဏ်ဖြစ်နေ၍ ဓမ္မမိတ်ဆွေတဦးမှ တောလေးညှင်းပြုတ်သောက်ရန် အကြံပေးပါသည်။
နောင်မှ သိလိုက်ရသည်မှာ ကင်ဆာကိုလည်း အထောက်အပံပေးသောအပင်ဖြစ်ပါသည်။
လက်တွေ့ကတော့ ၁၅ နှစ်သားထဲက ဆေးလိပ်သောက်တာ အသက် ၅၀ ကျော်မှာ အသက်ရှုကြပ်လို့ ဆေးလိပ်ဖြတ်လိုက်တယ်။
ချောင်းဆိုးတာကြာနေလျင် တောလေးညှင်း အပင်ကို အမြစ်မှနုတ်၍ လက်တစ်ဆုပ်ကိုပြုတ်ပြီး သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ မည်မျှချောင်းဆိုးကြာပါစေ၊ တစ်ရက် ၊ နှစ်ရက်သောက်ရုံမျှနှင့် သက်သာပျောက်ကင်း ပါသည်။ အပင်ပုံစံမှာလမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။ အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။ မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။
ချောင်းဆိုး(တီဘီ)ရောဂါ/ ချောင်းဆိုးလို စိတ်မညစ်နဲ့တော့
ဆေးနည်း
တောလေးညှင်း ဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။
ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက် သောက်ရုံမျှနှင့် သက်သာပျောက်ကင်း ပါသည်။ တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။
မှန်​ပါတယ်​ရဲရဲ​သောက်​ကြပါ အတိူ့အဖြစ်​စားနိင်​ပါတယ်​။ ချောင်းဆိုးတီဘီရောဂါအတွက် အလွန်ကောင်းသောတောလေးညှင်းပင်ဖြစ်ကြောင်း ထောက်ခံပါသည်။
ဆေးနည်းဒါန ကုသိုလ်အကျိုးကြောင့် မိမိအေးချမ်းသာယာသလို လောကသားအားလုံး အေးချမ်းသာယာပါစေ။ အသိမှန်အမြင်မှန်များဖြင့် ကျန်ရှိသောဘဝကိုလှပစွာ ဖြတ်သန်းနိုင်ကြပါစေ။
စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
ခရစ်ဒစ်
Zawgyi
ဆေးနည်း
ဆေးနည်း
ခရစ်ဒစ်