ဗဟုသုတ

ကမ္ဘာကျော်သွားခဲ့ပြီဖြစ်တဲ့ မြန်မာပြည်သူတွေရဲ့ Silence Strike အသံတိတ်သပိတ်

ကမ္ဘာကျော်သွားခဲ့ပြီဖြစ်တဲ့ မြန်မာပြည်သူတွေရဲ့ Silence Strike အသံတိတ်သပိတ်

မင်္ဂလာပါ ပရိတ်သတ် ကြီး တို့ရေ ဒီကနေ့ မတ်လ ၂၄ရက်နေ့ မြန်မာ ပြည်သူ တွေ အားလုံး ရဲ့ ညီညွတ်တဲ့ ကြိုးစား အားထုတ် မှုကို တော့ ကမ္ဘာကြီးက သိသွားခဲ့ ပါ ပြီ။မြန်မာပြည်သူ တွေဟာ အမှန်တရား ကိုသာ လက်ကိုင် ထားပြီး တရားမျှ တမှု ကို သာ လိုလား ကြတဲ့ အတွက် မတရားမှု ဆန် တဲ့ အာဏာ ရှင် စနစ် ကို တစ်ညီ တစ်ညွတ်တည်း ဆန့်ကျင် ခဲ့ ကြပါတယ်။

မြန်မာ ပြည်သူ တွေ ဟာ ဖေဖော်ဝါရီလ တစ်ရက်နေ့တည်းက CDM အရေးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ လူထု ဆန္ဒ ထုတ်ဖော်ပွဲ တွေ သပိတ် မှောက် ပွဲတွေ များစွာ ပြုလုပ် လာခဲ့ကြပါတယ်။အာဏာရှင် စနစ်ကို မလိုလားကြတဲ့ ပြည်သူ တွေဟာ ဒီမိုကရေစီ ရရှိဖို့ ကြိုးစားတိုက်ပွဲ ဝင် ခဲ့ကြရင်း အသက်ပေး ခဲ့ရတဲ့ ပြည်သူတွေ အဖမ်းဆီး ခံခဲ့ရတဲ့ ပြည်သူ တွေ များစွာ ရှိလို့ နေခဲ့ပါတယ်။

အဖမ်းဆီးခံခဲ့ရတဲ့ ခေါင်းဆောင် တွေ ပြည်သူတွေ အသက်ပေး ခဲ့ရတဲ့ ပြည်သူ တွေ အတွက် ကျန်ရှိတဲ့ ပြည်သူတွေဟာ ပိုမို အားထုတ်စိုက် စွာနဲ့ တိုက်ပွဲ ဝင် လာ ခဲ့ ကြပါတယ်။မြန်မာ ပြည်သူ တွေရဲ့ ညီညွတ်တဲ့ စည်းလုံးမှု နဲ့ ပြုလုပ် ခဲ့ကြတဲ့ ၂ငါးလုံး အရေးတော်ပုံ သပိတ်ကြီးကိုလဲ နိုင်ငံတကာက သိခဲ့သလို ဒီက နေ့ မတ်လ ၂၄ ရက်နေ့ရဲ့ အသံတိတ်သပိတ် ဟာလဲ နိုင်ငံ တကာက သိသွား ခဲ့ပါပြီ။

နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ CNN သတင်း မှာတော့ မြန်မာ ပြည်သူ တွေရဲ့ စည်းလုံး ညီညွှတ်မှု နဲ့ အတူ ပြုလုပ်ခဲ့တဲ့ Silience Strikesအသံတိတ်သပိတ် ပုံရိပ်တွေကို ဖော်ပြ လာခဲ့ပါတယ်။

မြန်မာ ပြည်သူ တွေရဲ့ တိတ်ဆိတ်တဲ့ အသံ ‌ေ‌တွကို ကမ္ဘာကြီးက ကြား သွား ခဲ့ပြီပဲ ဖြစ်ပါ တယ်။ မြန်မာ ပြည်သူ တွေ စည်လုံး မှု က တကယ့် ကို ညီညွှတ် ခဲ့ တာပဲ ဖြစ်ပါတယ်။ဖတ်ရှုအားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံး သာယာတဲ့ နေ့ရက်များ ပိုင်ဆိုင် နိုင်ကြပြီး ဘေးအန္တရာယ်များ ကင်းရှင်း ကြပါစေ လို့ ဆု မွန်ကောင်း တောင်းပေးလိုက် ရပါတယ်။

Source&Photo-Credit






Source&Photo-Credit