ဗဟုသုတ

ဆွမ်းအခက်အခဲဖြစ်နေတဲ့သီလရှင်ကျောင်းများမှ သီလရှင် အပါး (၂၀၀) အတွက် ဆန်များနှင့် ဝတ္ထုငွေများလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့အနုပညာလုပ်ငန်းတွေနဲ့အတူတူ အများအကျိုးအတွက် ပရဟိတလုပ်ငန်းတွေကိုစိတ်ရောကိုယ်ပါနစ်ပြီး လုပ်ဆောင်လာတာနှစ်ပေါင်းအတော်ကြာနေပြီပဲ ဖြစ်ပါတယ်။ခိုင်နှင်းဝေပရဟိတအသင်းနဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို တည်ထောင်ဦးစီးကာ လိုအပ်တဲ့နေရာတွေမှာ အမြဲကူညီပေးတတ်သူလည်း ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဆွမ်းအခက်အခဲဖြစ်နေတဲ့သီလရှင်ကျောင်းများမှ သီလရှင် အပါး (၂၀၀) အတွက် (၂)ပြည်ဆန်အိတ် (၁၀၀၀) အလှူထဲမှ ဆန်အိတ် (၂၀၀) နှင့် ဝတ္တုငွေ (၅၀၀၀) ကျပ်ဆီ ကို လှူဒါန်းခဲ့ကြောင်းကို အခုလိုပဲ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားမျှဝေပေးခဲ့ပါတယ်။

“ဆွမ်းအခက်အခဲဖြစ်နေတဲ့ သီလရှင်ကျောင်းများမှ သီလရှင် အပါး (၂၀၀) အတွက် (၂)ပြည်ဆန်အိတ် (၁၀၀၀) အလှူထဲမှ ဆန်အိတ် (၂၀၀) နှင့် ဝတ္တုငွေ(၅၀၀၀) ကျပ်ဆီ ကို လှူဒါန်းခဲ့ပါတယ်ရှင်…တတ်နိုင်သလောက် ဝေမျှ လှူရတာရယ် အခက်အခဲတွေကြားက လှူရတာရယ်မို့ နေရာ မစုံဖြစ်တာကို နားလည်ပေးကြပါ…ကျမ လှူပေးလို့ရသလောက် ဆက်လက် လှူဒါန်းသွားပါမယ်ရှင်……”ဆိုပြီး မျှဝေပေးခဲ့ပါတယ်။

စာဖတ်နေတဲ့ ပရိတ်သက်ကြီးလည်း ခိုင်နှင်းဝေရဲ့အလှူကို သာဓုခေါ်ပြီး မျှဝေပေးလိုက်ပါဦးနော်။

source-Khine Hnin Wai fb page




