Unicode
ဟောင်းနွမ်းနေ တဲ့ ဘုရားပုံတော်တွေ ဘုရား စာအုပ်တွေ ကို စွန့်ပစ် ဖို့စိတ်ထဲ မရှင်းမလင်း ဖြစ်နေသူများ အတွက် အကောင်း ဆုံးနည်းလမ်း
မြင့်မြတ်တဲ့နေရာမှာ ထားပြီးပူဇော်ခဲ့တဲ့ ဘုရားပုံတော်တွေ ဘုရားစာအုပ်တွေ ဟောင်းနွမ်းစုတ်ပြဲသွားလို့စွန့်ပစ်ရတော့မယ်ဆိုရင်ဘယ်နေရာမှာစွန့်ပစ်ရင်သင့်တော် မလဲဆိုတာကို စိတ်ထဲ ဇဝေဇဝါနဲ့ ဆုံးဖြတ်မရ ဖြစ်ခဲ့ပါတယ်
မစွန့်ပစ်ရက်လို့ စုထားပြန်ရင် လည်း တဖြည်းဖြည်း များလာပြီး ထားစရာနေရာက အခက်အခဲရှိလာပြန်တယ်ဒီတော့ မဖြစ်မနေစွန့်ပစ်ရတော့မယ်ဆိုပြန်ရင်လည်း မသင့်တော်တဲ့နေရာမှာ စွန့်ပစ်မိမှာ စိုးကြပြန်ပါတယ် ဒါနဲ့တစ်နေ့က ဒီကိစ္စနဲ့ပတ်သက်ပြီး မေးထားတာကို

မနောပဒါယီ အရှင်ဝိစိတ္တဆရာတော်ဖြေထားတဲ့ စာတစ်ပုဒ်ဖတ်လိုက်ရတဲ့အခါ ကိုယ့်လိုပဲ ဇဝေဇဝါနဲ့ ဆုံးဖြတ်မရဖြစ်နေကြတဲ့သူတွေကိုလည်းသိစေလိုတဲ့အတွက် စေတနာရှေ့ထား ဖော်ပြပေးလိုက်ပါတယ်
မနောပဒါယီဆရာတော် အရှင်ဝိစိတ္တပြန်ဖြေထားတာ ကတော့-ဒီလို အခက်အခဲတွေက အိမ်တွေမှာရော ဘုန်းကြီးကျောင်းတွေမှာပါဖြစ်တတ် ပါတယ်ဘုရားပုံတွေ ဖြစ်လို့ ဖြစ်သလို လွှင့်ပစ်ဖျက်ဆီးပစ်ပြန်ရင်လည်း ကိုယ့်စိတ်ကိုက မသန့်ဖြစ်နေတတ်ပါတယ် စေတနာရည်ရွယ်ချက် မရှိပေမယ့် အပြစ်လုပ်မိတယ်လို့ ထင်တတ် ပါတယ်
သံပုံးတစ်ခုခုမှာ အားလုံးစုပုံပြီး မီးပူဇော် လိုက်တာ အကောင်းဆုံးပါပဲဘုန်းဘုန်းကျောင်းမှာဆိုလည်း ဒီလိုနည်း နဲ့ပဲ ဖြေရှ င်းဖြစ်ပါတယ် မီးရှို့ ဖျက်ဆီးပြီး မီးပူဇော် လိုက် တဲ့အတွက် ဒီဘုရားပုံတော်များ ဘုရားစာအုပ်အဟောင်းများကို
တစ်ခြားသူတွေ အနေနဲ့ လည်း အသုံးမပြုဖြစ်တော့ပါဘူး ရှင်းလင်းဖြေရှင်း လိုက်တဲ့ ကိုယ့်မှာ လည်း မီးပူဇော် လိုက်တယ်လို့ စိတ်ထဲမှာဖြစ်နေတဲ့ အတွက်စိတ်သန့် ရှင်းသွားပါတယ် ဘုရားရှင်ရဲ့ ရုပ်ကလပ်တော်ကို တေဇောဓာတ်လောင်မြိုက်တဲ့သဘော အာရုံယူပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ
ဒါကြောင့် လွှင့်ပစ်ရ ခက် ထားရခက်နေတဲ့ ဘုရားပုံတော်တွေ တရား စာအုပ်အဟောင်းတွေကို တွေ့ရာမှာဖြစ်သလို စွန့်ပစ်တာမျိုး မလုပ်ပဲ သန့်ရှင်း သပ်ရပ် တဲ့နေ ရာ တစ်ခုမှာ မီးပုံရှို့ပြီး မီးပူဇော်တဲ့နည်းနဲ့ ဖြေရှင်းတာဟာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားလိုက်ပါတယ်
စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Zawgyi
