Local News

ကျိုက်ထိုမြို့တွင် ကျဆုံးသွားသော သူရဲကောင်းရဲ့ ကလေးအတွက် စောင့်ရှောက်မယ့်သူမရှိပါက မွေးစားချင်တယ်ဆိုတဲ့ ခိုင်နှင်းဝေ

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အနုပညာလုပ်ငန်းတွေနဲ့အတူတူ အများအကျိုးအတွက် ပရဟိတလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါနစ်ပြီး လုပ်ဆောင်လာတာ နှစ်ပေါင်းအတော်ကြာနေပြီပဲ ဖြစ်ပါတယ်

ခိုင်နှင်းဝေပရဟိတအသင်းနဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို တည်ထောင်ဦးစီးနေတဲ့ ခိုင်နှင်းဝေက အလုပ်တွေများစွာကို ဦးစီးလုပ်ကိုင်နေရသူပီပီ ဝန်တွေများစွာကို ထမ်းဆောင်ထားရသူတစ်ယောက် ဆိုလည်း မမှားပါဘူး

အခုဆိုရင်လဲ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိရွာမှာ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျဆုံးသွားတဲ့ သူရဲကောင်းမှာ သမီးလေးတစ်ယောက်သာ ကျန်ခဲ့တာမို့ စောင့်ရှောက်မယ့်သူ မရှိပါက မွေးစားမည့်အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးထားပါတယ်

“ဒီ သမီးလေး သတင်း တွေ့လို့ပါရှင် ကျမ ကလေး ဥပဒေတွေလဲ နားလည်ပါတယ် အတင်း မိဘမဲ့ခိုင်းတာ မဟုတ်ပါဘူး တကယ် တယောက်ထဲ ကျန်ခဲ့ပြီး

စောင့်ရှောက်မဲ့သူ မရှိပါက (လုံးဝ မရှိပါက) ဒီ သမီးလေးမှ မဟုတ် မည်သည့် ကလေးမဆို ကျမ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ချင်ပါတယ် ကျမဆီသို့ ဆက်သွယ် ပေးကြပါရှင်”ဆိုပြီး ရေးသားထားပါတယ်

source-Khine Hnin Wai fb acc



အခုဆိုရင်လည်း ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိရွာမှာ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျဆုံးသွားတဲ့ သူရဲကောင်းမှာ သမီးလေးတစ်ယောက်သာ ကျန်ခဲ့တာမို့ စောင့်ရှောက်မယ့်သူ မရှိပါက မွေးစားမယ့်အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးထားပါတယ်။


