ဗဟုသုတ
ဒေါက်တာသီဟတင်ထွန်း နောက်ဆုံးရေးခဲ့တဲ့ မိသားစုနဲ့ အတူ ပြည်သူအားလုံးအတွက် သေတမ်းစာ
“ကျွန်ုပ်၏ ေ သ တမ်းစာ”
အခြေအနေတွေကတော့အကောင်းဆုံးကိုမျှော်လင့်နေကြတုန်းမှာပဲ အဆိုးဆုံးကဖြစ်လာခဲ့တယ်။ တိုင်းပြည်အာဏာအသိမ်းခံလိုက်ရတယ်။မကြောက်တရားနဲ့ပျော်ရွှင်စွာနေရမယ့်ရက်တွေကုန်သွားပြီ။ ကုန်သွားလို့မဖြစ်တဲ့အရာတွေအတွက် ဖြစ်နိုင်တဲ့နည်းလမ်းနဲ့..
ပြန်တိုက်ယူရမယ့်အချိန်လည်းဖြစ်တယ်။သိပ်မခက်ပါဘူး။ရရင်ရမရရင်ချကြရုံ။ဒီကောင်တွေကို တစ်ယောက် ပါပါ နှစ်ယောက်ပါပါခေါ်သွားကြရုံ။ခွဲ စိ တ်ဓာ း ကို င်တဲ့ လက်ဟာ သွေ း စွ န်း ဖူးပြီးသားပါ။အရင်ဆုံးအမေ့ကိုပဲပြောချင်တယ်။..
တစ်ခုခု ကျဆုံးတာပဲဖြစ်ဖြစ် ကျွန်တော်ဖြစ်ခဲ့သည်ရှိသော် အမေကျွန်တော့်ကိုဂုဏ်ယူပါ။ အကြာကြီးစိတ်မဆင်းရဲပါနဲ့။ကျွန်တော့်ကျဆုံးမှုသည် နိုင်ငံ့အချုပ် အ ခြာအာဏာ ပြည်သူ့အာဏာကိုရရှိဖို့ကြိုးပမ်းရင်းကျဆုံးခဲ့ရလို့ ကျွန်တော်သေရင် အကြာကြီးဝမ်းမနည်းပါနဲ့။..
အမေကြီးကိုလည်းမှာချင်ပါတယ်။ မြေးချစ်ရဲ့သတ္တိရဲခဲ့ကြောင်း မတော် နောင်ဘဝပြန်ဆုံရင် ဒီမြေးကိုစောင့် ရှောက်ပေးပါအုန်းလို့ပြောချင်တယ်။ပြီးတော့အဖေ အဖေ့အနေနဲ့စကားတွေအများကြီးမပြောခဲ့ဖူးပေမယ့် ပတ်သက်ခဲ့သမျှသားအဖသံယောဇဉ်ကို သတိရနေပါ့မယ်။..
ကံမကုန်လည်းပြန်ဆုံကြတာပေါ့။မမနဲ့ယောက်ဖကလေးထပ်ယူကြပါ။ အားတင်းထားပါ။ လေးသူတို့မိသားစု လေးသူလည်းငြိမ်းငြိမ်းချမ်းချမ်းရှိနေပါစေ။ အန်တီငြိမ်းတို့မိသားစုနှစ်ယောက်တည်းဆိုပေမယ့် စည်းလုံးကြပါ။ ငြိမ်းချမ်းကြပါစေ။..
ဦးပေါက်တို့အန်တီကြီးတို့ကိုလည်းပြောလိုက်ပါ။ ကျန်း မာအောင် ရောဂါမဝင်အောင် နေကြပါလို့။မိတ်ဆွေတွေကတော့အများကြီးပြောစရာမရှိပါဘူး။ ဘဝမှတ်ခဲ့ရတဲ့အမှတ်တရတွေကို သူတို့သတိရနေပါလိမ့်မယ်။ မေ့တဲ့သူလည်းမေ့ပေါ့။ ဒါပါပဲ။..
ချစ်သူ ဒီဘဝမှာ ဒီချစ်သူနဲ့တွေ့ခွင့်ရတာ အကောင်းဆုံးတွေထဲက တစ်ခုလို့နောက်ဆုံးထွက်သက်ထိကြည်နူးရင်း နေထိုင် ေ သ ဆုံးသွားပါမယ်။ဒီလိုထွက်သွားရတာကိုလည်း နားလည်ဂုဏ်ယူနေမယ်လို့ ယုံကြည်ပါတယ်။ အတူတူတွေ့ရတဲ့အချိန် တော်တော်နည်းခဲ့တယ်။..
အကြောင်းဆက်ရင်တော့ တို့ပေါင်းဖက်ကြမှာပါ။နော က်ဆုံးအတူတူတိုက်ခဲ့ကြတဲ့ ရဲဘော်တွေကိုလည်း မရ မနေ မလျော့သောဇွဲနဲ့တိုက်သွားဖို့။ပြည်သူအာဏာပြန်ရမှ တိုက်ပွဲရပ်ဖို့ အားပေးချင်တယ်။ အရင်သွားနှင့်ခဲ့ရလို့ အားနာပါတယ်။စစ်အာဏာရှင်ကျဆုံးပါစေ။ပြည်သူ့အာဏာအဓွန့်ရှည်ပါစေ။..
ဒေါက်တာသီဟတင်ထွန်း..
“ကျွန်ုပ်၏ေ သ တမ်းစာ”
ဒေါက်တာသီဟတင်ထွန်း..