မန္တလေးက မဟာမုနိဘုရားကြီးကို ပရိသတ်ကြီးတို့ ဖူးမြော်ခဲ့ဖူးမှာပါ….နှစ်ပေါင်း (၁၂၆) နှစ်အတွင်း မဟာမုနိဘုရားကြီး ကိုယ်လုံးတော်အဆင့်ဆင့်ပြောင်း လဲလာပုံများ ပရိသတ်ကြီးတို့ သိရှိစေဖို့ ပြန်လည်မျှဝေလိုက်ရပါတယ်နော်…
ပ/ပုံ – သီပေါမင်းကောင်းမှု မှန်သားမျက်နှာကြက်တော်နှင့်၊ ၁၂၅၆ ခုနှစ် အထိဖူးတွေ့ရသည်။ (ပုံကို ဆရာကြီး ဦးဝင်းမောင် ဖေ့စ်ဘွတ် ပေ့ခ်ျမှယူသည်။) ပထမပုံတော်သည် သီပေါမင်းလက်ထက် (ခရစ် ၁၈၈၄)မီးခအပြီး (၁၁)နှစ်အကြာမြန်မာနှစ် ၁၂၅၆ခုနှစ် (ခရစ် ၁၈၉၅)ခန့်က ဓာတ်ပုံဖြစ်သည်။
ဘုရားကြီး မီးသင့်လောင်ရာမကိုဋ်တော်စလွယ်တော်သင်္ကန်းတော်စသည်မှ ပျက်စီးသည့်ရွှေများမှာ ရွှေချိန် ၅၄၅၀ ဟုဆိုသည်။ မျက်နှာတော်လက်လေးသစ်ခန့် ကွဲအက်၍ အသစ်ပြန်လည်ရောင်တော်ဖွင့် ရသည်ဟုဆိုသည်။ မီးသင့်လောင်သည့်နေ့မှာ ရခိုင်ပြည်မှ ပင့်ဆောင်ယူလာသည်နေ့မှ ရေတွက်ရာ အနှစ်တစ်ရာ(၁၀၀)ပြည့်သည့်နေ့ဟု ဆိုသည်။
သီပေါမင်းက ရွှေချိန် ၆၀၀၀ ထုတ်ပေး၍ နန်းစဉ်စိန္တာမဏိမကိုဋ်တော်ကြီး ပုံစံအတိုင်း မကိုဋ်တော်စလွယ်တော် နရကင်းတော် နားပန်တော် စလွယ်တော် တုရင်တော် အဖုံးအခြေအစုံရွှေသားသပိတ်တော် သန့်သက်ရေတော် ဓမ္မကရိုဏ်ရေစစ်တော် ယပ်ရိုးရှည်တော်များကို ပြုလုပ်စေ၍ တင်လှူပူဇော်ခဲ့သည်။
( ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၏ မဟာမုနိဘုရားကြီး သမိုင်းစာအုပ်မှ)
ဒု/ပုံ – ပိတ်သားမျက်နှာကြက်တော်နှင့်၊ ၁၂၆၃ ခုနှစ် (ခရစ် ၁၉ဝ၂) ဝန်းကျင် အထိဖူးတွေ့ရသည်။ (ပုံကို ဆရာကြီး ဦးဝင်းမောင် ဖေ့စ်ဘွတ် ပေ့ခ်ျမှယူသည်။ ဘုရားကြီး ဂန္ဓကုဋီတိုက်တွင် ထိုပုံသည် အဖြူအမဲပုံဖြစ်သည်)
credit to original uploader
မႏၲေလးက မဟာမုနိဘုရားႀကီးကို ပရိသတ္ႀကီးတို႔ ဖူးေျမာ္ခဲ့ဖူးမွာပါ….ႏွစ္ေပါင္း (၁၂၆) ႏွစ္အတြင္း မဟာမုနိဘုရားႀကီး ကိုယ္လုံးေတာ္အဆင့္ဆင့္ေျပာင္း လဲလာပုံမ်ား ပရိသတ္ႀကီးတို႔ သိရွိေစဖို႔ ျပန္လည္မွ်ေဝလိုက္ရပါတယ္ေနာ္…
ပ/ပုံ – သီေပါမင္းေကာင္းမႈ မွန္သားမ်က္ႏွာၾကက္ေတာ္ႏွင့္၊ ၁၂၅၆ ခုႏွစ္ အထိဖူးေတြ႕ရသည္။ (ပုံကို ဆရာႀကီး ဦးဝင္းေမာင္ ေဖ့စ္ဘြတ္ ေပ့ခ္်မွယူသည္။) ပထမပုံေတာ္သည္ သီေပါမင္းလက္ထက္ (ခရစ္ ၁၈၈၄)မီးခအၿပီး (၁၁)ႏွစ္အၾကာျမန္မာႏွစ္ ၁၂၅၆ခုႏွစ္ (ခရစ္ ၁၈၉၅)ခန့္က ဓာတ္ပုံျဖစ္သည္။
ဘုရားႀကီး မီးသင့္ေလာင္ရာမကိုဋ္ေတာ္စလြယ္ေတာ္သကၤန္းေတာ္စသည္မွ ပ်က္စီးသည့္ေ႐ႊမ်ားမွာ ေ႐ႊခ်ိန္ ၅၄၅၀ ဟုဆိုသည္။ မ်က္ႏွာေတာ္လက္ေလးသစ္ခန့္ ကြဲအက္၍ အသစ္ျပန္လည္ေရာင္ေတာ္ဖြင့္ ရသည္ဟုဆိုသည္။ မီးသင့္ေလာင္သည့္ေန႕မွာ ရခိုင္ျပည္မွ ပင့္ေဆာင္ယူလာသည္ေန႕မွ ေရတြက္ရာ အႏွစ္တစ္ရာ(၁၀၀)ျပည့္သည့္ေန႕ဟု ဆိုသည္။
သီေပါမင္းက ေ႐ႊခ်ိန္ ၆၀၀၀ ထုတ္ေပး၍ နန္းစဥ္စိႏၲာမဏိမကိုဋ္ေတာ္ႀကီး ပုံစံအတိုင္း မကိုဋ္ေတာ္စလြယ္ေတာ္ နရကင္းေတာ္ နားပန္ေတာ္ စလြယ္ေတာ္ တုရင္ေတာ္ အဖုံးအေျခအစုံေ႐ႊသားသပိတ္ေတာ္ သန့္သက္ေရေတာ္ ဓမၼကရိုဏ္ေရစစ္ေတာ္ ယပ္ရိုးရွည္ေတာ္မ်ားကို ျပဳလုပ္ေစ၍ တင္လႉပူေဇာ္ခဲ့သည္။
( ဦးေမာင္ေမာင္တင္(မဟာဝိဇၨာ)၏ မဟာမုနိဘုရားႀကီး သမိုင္းစာအုပ္မွ)
ဒု/ပုံ – ပိတ္သားမ်က္ႏွာၾကက္ေတာ္ႏွင့္၊ ၁၂၆၃ ခုႏွစ္ (ခရစ္ ၁၉ဝ၂) ဝန္းက်င္ အထိဖူးေတြ႕ရသည္။ (ပုံကို ဆရာႀကီး ဦးဝင္းေမာင္ ေဖ့စ္ဘြတ္ ေပ့ခ္်မွယူသည္။ ဘုရားႀကီး ဂႏၶကုဋီတိုက္တြင္ ထိုပုံသည္ အျဖဴအမဲပုံျဖစ္သည္)
credit to original uploader