ဗဟုသုတ

မန္တလေးမှာ မီးလောင်မှုဖြစ်ပွားပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ မိသားစုတွေအတွက် လိုအပ်တာများ သွားရောက်လှူဒါန်းခဲ့တဲ့ မအေးသောင်း

ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ မအေးသောင်းကတော့ ခုမြန်မာနိုင်ငံမှာ လတ်တလောမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီနေ့ထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေမှာ အားတတ်သရော ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာဖြစ်ပျက်နေသမျှသတင်းတွေအပြင် လိုက်နာကျင့်သုံးရမယ့် အရေးကြီးအချက်အလက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီဖော်ပြကာ ရရာနေရာကနေ ပါဝင်ကူညီအားဖြည့်ပေးနေတာပါ။

သူကိုယ်တိုင်လည်း လမ်းပေါ်ထွက်ကာရင်ထဲက ဆန္ဒတွေကို အင်တိုက်အားတိုက်ထုတ်ဖော်ဆန္ဒပြခဲ့တာလည်းဖြစ်ပါတယ်။အခုလည်း မန္တလေးမှာ မီးလောင်မှုဖြစ်ပွားပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ အိမ်ခြေ ၈၀ ကျော် မိသားစုများကို လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းများနဲ့အစားအသောက်များ အလှူငွေများကို မိတ်ဆွေတွေနဲ့စုပေါင်းကာ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။

အလှူပုံလေးတွေနဲ့အတူ ” ၂၇ ရက်နေ့ မနေ့ညက မန္တလေး ၁၁၆လမ်း ၅၆/၅၇ ကြား မီးလောင်မှု ဖြစ်ပွားသွားရာတွင်အိမ်ခြေ အိမ်ထောင်စု ၇၀ကျော် ၈၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ သိရပါတယ်ရှင် ဒီနေ့ အိမ်ထောင်စုများအတွက် ကျမနှင့် online မှအလှူရှင်များလိုအပ်တဲ့အိုးခွက် ဒယ်အိုး ပန်ကန် ဇွန်း ရေခွက် အစရှိသည်တို့ နှင့်အတူ တစ်အိမ်ထောင်စုလျှင် အလှူငွေ ၂၀၀၀၀ ကျပ်လှူဒါန်းခဲ့ပါသည်ရှင့်။

ပါဝင်ပေးတဲ့အလှူရှင်များနဲ့မိတ်ဆွေများ သာဓု သာဓု သာဓုပါရှင်။  အစစအရာရာစီစဉ်ပေးတဲ့ ကိုမျိုးကြီး( ပန်းပျိုးသူ) ပရဟိတအဖွဲ့ကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင့်ဒီနေ့နေ့လည် ၁ နာရီမှာလည်း မီးဘေးသင့်ကိုယ်ဝန်ဆောင်အမျိုးသမီးမှ မိန်းကလေးတစ်ဦးလည်း ဖွားမြင်ခဲ့ပါတယ်ရှင့်။”ဆိုတဲ့စာလေးကိုရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo – Aye Thaung

ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္ျခင္းကို အျပည့္အဝရရွိထားတဲ့ မေအးေသာင္းကေတာ့ ခုျမန္မာနိုင္ငံမွာ လတ္တေလာမွာျဖစ္ေပၚေနတဲ့အေျခအေနေတြနဲ႕ပတ္သက္ၿပီး ဒီေန႕ထိ ျပည္သူလူထုနဲ႕အတူရပ္တည္ကာ လႈပ္ရွားမႈေတြမွာ အားတတ္သေရာ ပါဝင္ခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာနိုင္ငံမွာျဖစ္ပ်က္ေနသမွ်သတင္းေတြအျပင္ လိုက္နာက်င့္သုံးရမယ့္ အေရးႀကီးအခ်က္အလက္ေတြကိုလည္း အခ်ိန္နဲ႕တစ္ေျပးညီေဖာ္ျပကာ ရရာေနရာကေန ပါဝင္ကူညီအားျဖည့္ေပးေနတာပါ။

သူကိုယ္တိုင္လည္း လမ္းေပၚထြက္ကာရင္ထဲက ဆႏၵေတြကို အင္တိုက္အားတိုက္ထုတ္ေဖာ္ဆႏၵျပခဲ့တာလည္းျဖစ္ပါတယ္။အခုလည္း မႏၲေလးမွာ မီးေလာင္မႈျဖစ္ပြားၿပီး အိုးမဲ့အိမ္မဲ့ျဖစ္သြားတဲ့ အိမ္ေျခ ၈၀ ေက်ာ္ မိသားစုမ်ားကို လိုအပ္တဲ့အသုံးအေဆာင္ပစၥည္းမ်ားနဲ႕အစားအေသာက္မ်ား အလႉေငြမ်ားကို မိတ္ေဆြေတြနဲ႕စုေပါင္းကာ ကိုယ္တိုင္သြားေရာက္လႉဒါန္းခဲ့တာကိုေတြ႕ရပါတယ္။

အလႉပုံေလးေတြနဲ႕အတူ ” ၂၇ ရက္ေန႕ မေန႕ညက မႏၲေလး ၁၁၆လမ္း ၅၆/၅၇ ၾကား မီးေလာင္မႈ ျဖစ္ပြားသြားရာတြင္အိမ္ေျခ အိမ္ေထာင္စု ၇၀ေက်ာ္ ၈၀ နီးပါး အိုးမဲ့အိမ္မဲ့ျဖစ္သြားတယ္လို႔ သိရပါတယ္ရွင္ ဒီေန႕ အိမ္ေထာင္စုမ်ားအတြက္ က်မႏွင့္ online မွအလႉရွင္မ်ားလိုအပ္တဲ့အိုးခြက္ ဒယ္အိုး ပန္ကန္ ဇြန္း ေရခြက္ အစရွိသည္တို႔ ႏွင့္အတူ တစ္အိမ္ေထာင္စုလွ်င္ အလႉေငြ ၂၀၀၀၀ က်ပ္လႉဒါန္းခဲ့ပါသည္ရွင့္။

ပါဝင္ေပးတဲ့အလႉရွင္မ်ားနဲ႕မိတ္ေဆြမ်ား သာဓု သာဓု သာဓုပါရွင္။  အစစအရာရာစီစဥ္ေပးတဲ့ ကိုမ်ိဳးႀကီး( ပန္းပ်ိဳးသူ) ပရဟိတအဖြဲ႕ကိုလည္းေက်းဇူးအထူးတင္ပါတယ္ရွင့္ဒီေန႕ေန႕လည္ ၁ နာရီမွာလည္း မီးေဘးသင့္ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမွ မိန္းကေလးတစ္ဦးလည္း ဖြားျမင္ခဲ့ပါတယ္ရွင့္။”ဆိုတဲ့စာေလးကိုေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Photo – Aye Thaung