မိမိ၏ အဆွေ ခင်ပွန်း များကို မည်သူကမျှ ပျက်စီးအောင်မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်။
ထို့ကြောင့် … အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက်
အချိန်မရသောသူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။
သရဏဂုံ သုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။
၁။ ဒိ သာသု ပူဇိတော ဟောမိ။ သွားလေရာ အရပ်တိုင်း၌လေးစားမြတ်နိုးခြင်းခံရမည်
၂ ။ တိက္ခပညော။ ဉာဏ်အလွန်ထက်မြက်မည်။
၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ။ နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။
၄။ အမိတဘောဂံ လဘာမဟံ။ စီးပွားရေး အဆင်ပြေမည်။
၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ။ ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန် လှပမည်။
၆။ ပဋိကန္တော ဘဝါမဟံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။
၇။ မိတ္တာနံ အစလော ဟောမိ။ ဖြစ်လေရာဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်းခိုင်မြဲမည်။
၈။ ယသော အဗ္ဘုဂ္ဂတော မမံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ ကောင်းသောစကားများကိုသာပြောကြမည်
ကောင်းသတင်းများသာကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်က ဟောကြားခဲ့သည်။
ဒီဃနိကာယ်(နှာ-၃၃၂) သံယုတ္တနိကာယ်(နှာ-၃၄၁) တို့၌ လာသော သရဏံ၏အကျိုးတရားများမှာ –
၁။ ယခုပစ္စုပ္ပန်ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော အန္တရာယ်များရိြှခင်း၊ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါး သို့ လားရောက်ရြ ခင်းစ သ ည် တို့ကို တားမြစ်ဖျက် ဆီး ပေးတတ်၏။
၂။နောင်ဘဝ နတ်ပြည်သို့ ရောက်သည့် အခါတွင်လည်း သရဏဂုံ တည်သောနတ်သည် သရဏဂုံ မတည်သော နတ်ထက်အသက်ရှည်ခြင်း၊
အဆင်းလှခင်း၊ အခြွေအရံပေါများခြင်း၊ အပူဇော်ခံရခြင်း ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်ချမ်းသာကိုရရှိခြင်း၊
ရွှေဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင် နှစ်သက်မှုကို ရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ်တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း
မိမိ၏အလိုကို အခြားသော နတ်များက လိုက်လျောကြရခြင်း၊
မိမိ၏ အဆွေခင်ပွန်းများကို မည်သူကမျှ ပျက်စီးအောင် မပြုလုပ် နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်။
ထို့ကြောင့် … အလွန်အလုပ်များ၍ တရားအားထုတ်ရန် အတွက် အချိန်မရသော သူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများ သင့် ပါသည် ။
ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် နိဗ္ဗာန် ကိုမျက်မှောက်ပြု ကြရပါမည် ။
သံသရာ၌ ကျင်လည် ရလျှင်လည်း ဖေါ်ပြခဲ့သော အကျိုးတရား များကို ရရှိပါ လိမ့်မည်။
ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အမှတ်ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွားများကြပါဟု တိုက်တွန်း အပ်ပါသည်။ Credit
မိမိ၏ အေဆြ ခင္ပြန္း မ်ားကို မည္သူကမွ် ပ်က္စီးေအာင္မျပဳလုပ္နိုင္ျခင္းစသည့္ အက်ိဳးတရားတို႔ျဖင့္ ျပည့္စုံနိုင္ပါသည္။
ထို႔ေၾကာင့္ … အလြန္အလုပ္မ်ား၍ တရားအားထုတ္ရန္အတြက္
အခ်ိန္မရေသာသူမ်ားသည္ သရဏဂုံသုံးပါးကို အၿမဲမျပတ္ ႐ြတ္ ဆိုပြားမ်ားသင့္ပါသည္။
သရဏဂုံ သုံးပါးကို အၿမဲမပ်က္႐ြတ္ဆိုပြားမ်ားေသာ ပုဂၢိဳလ္သည္ ေအာက္ပါ အက်ိဳးတရားမ်ားကို ရရွိနိုင္ပါသည္။
၁။ ဒိ သာသု ပူဇိေတာ ေဟာမိ။ သြားေလရာ အရပ္တိုင္း၌ေလးစားျမတ္နိုးျခင္းခံရမည္
၂ ။ တိကၡပေညာ။ ဉာဏ္အလြန္ထက္ျမက္မည္။
၃။ သေဗၺ ေဒဝါႏုဝတၱႏၲိ။ နတ္တို႔၏ ေစာင့္ေရွာက္ျခင္းခံရမည္။
၄။ အမိတေဘာဂံ လဘာမဟံ။ စီးပြားေရး အဆင္ေျပမည္။
၅။ သုဝဏၰဝေဏၰာ သဗၺတၳ။ ျဖစ္ေလရာဘဝတိုင္း၌ ႐ုပ္အဆင္းအလြန္ လွပမည္။
၆။ ပဋိကေႏၲာ ဘဝါမဟံ။ ျဖစ္ေလရာ ဘဝတိုင္း၌ လူခ်စ္လူခင္ အလြန္ေပါမည္။
၇။ မိတၱာနံ အစေလာ ေဟာမိ။ ျဖစ္ေလရာဘဝတိုင္း၌ မိတ္ေကာင္းေဆြေကာင္းခိုင္ၿမဲမည္။
၈။ ယေသာ အဗၻဳဂၢေတာ မမံ။ ျဖစ္ေလရာ ဘဝတိုင္း၌ လူအမ်ား၏ ေလးစားျခင္းခံရမည္။ ေကာင္းေသာစကားမ်ားကိုသာေျပာၾကမည္
ေကာင္းသတင္းမ်ားသာေက်ာေဇာလိမ့္မည္ဟု တိသရဏမေထရ္ ရဟႏၲာအရွင္ျမတ္က ေဟာၾကားခဲ့သည္။
ဒီဃနိကာယ္(ႏွာ-၃၃၂) သံယုတၱနိကာယ္(ႏွာ-၃၄၁) တို႔၌ လာေသာ သရဏံ၏အက်ိဳးတရားမ်ားမွာ –
၁။ ယခုပစၥဳပၸန္ဘဝ၌ က်ေရာက္ဆဲ က်ေရာက္လတၱံ့ေသာ အႏၲရာယ္မ်ားရိျႇခင္း၊ေၾကာက္႐ြံ႕ျခင္း၊ ထိတ္လန့္ျခင္း၊ ကိုယ္ဆင္းရဲျခင္း၊ စိတ္ဆင္းရဲျခင္း၊ အပါယ္ေလးပါး သို႔ လားေရာက္ျရ ခင္းစ သ ည္ တို႔ကို တားျမစ္ဖ်က္ ဆီး ေပးတတ္၏။
၂။ေနာင္ဘဝ နတ္ျပည္သို႔ ေရာက္သည့္ အခါတြင္လည္း သရဏဂုံ တည္ေသာနတ္သည္ သရဏဂုံ မတည္ေသာ နတ္ထက္အသက္ရွည္ျခင္း၊
အဆင္းလွခင္း၊ အေႁခြအရံေပါမ်ားျခင္း၊ အပူေဇာ္ခံရျခင္း ထက္ျမက္ေသာ ဉာဏ္ပညာရွိျခင္း၊ မႏွိုင္းယွဥ္နိုင္ေသာ စည္းစိမ္ခ်မ္းသာကိုရရွိျခင္း၊
ေ႐ႊဆင္းႏွင့္တူေသာ အဆင္းရွိျခင္း၊ ခ်စ္ခင္ ႏွစ္သက္မႈကို ရရွိျခင္း၊ ေက်ာ္ေစာထင္ရွားျခင္း၊ အစိုးရျခင္း၊ နတ္တို႔၏ အာ႐ုံငါးပါးတြင္ သာလြန္ျခင္း
မိမိ၏အလိုကို အျခားေသာ နတ္မ်ားက လိုက္ေလ်ာၾကရျခင္း၊
မိမိ၏ အေဆြခင္ပြန္းမ်ားကို မည္သူကမွ် ပ်က္စီးေအာင္ မျပဳလုပ္ နိုင္ျခင္းစသည့္ အက်ိဳးတရားတို႔ျဖင့္ ျပည့္စုံနိုင္ပါသည္။
ထို႔ေၾကာင့္ … အလြန္အလုပ္မ်ား၍ တရားအားထုတ္ရန္ အတြက္ အခ်ိန္မရေသာ သူမ်ားသည္ သရဏဂုံသုံးပါးကို အၿမဲမျပတ္ ႐ြတ္ ဆိုပြားမ်ား သင့္ ပါသည္ ။
ထိုသို႔ ႐ြတ္ဆိုပြားမ်ားရျခင္း အက်ိဳးေၾကာင့္ တစ္ေန႕ေန႕ တစ္ခ်ိန္ခ်ိန္တြင္ နိဗၺာန္ ကိုမ်က္ေမွာက္ျပဳ ၾကရပါမည္ ။
သံသရာ၌ က်င္လည္ ရလွ်င္လည္း ေဖၚျပခဲ့ေသာ အက်ိဳးတရား မ်ားကို ရရွိပါ လိမ့္မည္။
ထို႔ေၾကာင့္ သရဏဂုံ သုံးပါးကို သတိရတိုင္း အမွတ္ရတိုင္း စိတ္ထဲမွာ ႐ြတ္ဆိုပြားမ်ားၾကပါဟု တိုက္တြန္း အပ္ပါသည္။ Credit