ဗဟုသုတ

သင်မသိသေးတဲ့ မြတ်စွာဘုရား၏ အံ့ဖွယ် ၁၈ ပါး…….

မြတ်စွာဘုရား၏တုနှိုင်းဖွယ်ရာမရှိသော အံ့ဖွယ် ၁၈ ပါး

(၁) ဝတ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်း မရှိခြင်းခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တောထွက်တော်မူစဉ်က ပယ်ဖြတ်မူသော ဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊ သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ဝင်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျ သတ္တဝါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လဝန်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယ ဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟောတော်မူရာ အလုံးစုံသော ပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တဝါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တဝါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်း ဟူသော အိန္ဒြအေနုအရင့်ကို သိတော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ေဥယျဓံတရား(၅)ပါး ကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကို ဆန့်လိုက်လျှင် သပိတ်တော် အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာ ပြနိုင်ခြင်း။

(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရား ဟောတော်မူရန် ပကတိ သုံးဖဝါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

(၁၈) ဒေသစာရီကြွချီတော်မူလျှင် ခြေရာမတင်သည့် အပြင် မြေအညီအညွတ်ဖြစ်ရခြင်း။

လုံးစုံများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

အပ္ပမာဒေန သမ္မာဒေထ

မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ အထွန်းကားဆုံးသောတိုင်းပြည်ဖြစ်ပါသည်။ Credit

ျမတ္စြာဘုရား၏တုႏွိုင္းဖြယ္ရာမရွိေသာ အံ့ဖြယ္ ၁၈ ပါး

(၁) ဝတ္ေတာ္မူေသာ သကၤန္းေတာ္သည္ ဖြပ္ဆိုးရျခင္း၊ ေဟာင္းႏြမ္းျခင္း မရွိျခင္းခင္း။

(၂) ပရိကၡရာ (၈)ပါးကို ေဆာင္ေတာ္မူလွ်င္ ကိုယ္ႏွင့္မထိ လက္ေလးသစ္မွ်ကြာျခင္း။

(၃) ေတာထြက္ေတာ္မူစဥ္က ပယ္ျဖတ္မူေသာ ဆံေတာ္သည္ လက္ႏွစ္သစ္မွ်သာ တစ္သက္ပတ္လုံး တည္ေတာ္မူျခင္း။

(၄) ဆြမ္းစားၿပီးေသာ္ သပိတ္ေတာ္ေဆးလွ်င္ လက္ေတာ္စင္ ၊ လက္ေတာ္ေဆး ၊ သပိတ္ေတာ္စင္၏။

(၅) မုန္ညင္းေစ့မွ်ေသာ ၾကဳတ္ထဲသို႔ ဝင္နိုင္ျခင္း။

(၆) ေရာင္ျခည္ေတာ္ (၆)ပါး လႊတ္ေတာ္မူေသာ္ အရပ္(၁၀)မ်က္ႏွာကို ေဖာက္ထြင္းျခင္း။

(၇) ေဝေနယ် သတၱဝါသို႔လိုက္၍ ကိုယ္ေတာ္မွတစ္ပါး နိမၼိတဘုရားေပါင္းမ်ားစြာ ဖန္ဆင္းနိုင္ျခင္း။ (အေသေခၤ်)

(၈) ေခတ္သုံးပါးတို႔၌ အမိုက္တိုက္ကိုလည္းေကာင္း အလင္းကိုလည္းေကာင္း ေပးနိုင္ျခင္း။

(၉) အထက္ေကာင္းကင္တြင္ လဝန္းကဲ့သို႔ ျမင္ေတာ္မူျခင္း။

(၁၀) လူနတ္တို႔၏စိတ္ကို အသာသယာႏုသယ ဉာဏ္ေတာ္ျဖင့္ သိစြမ္းေတာ္မူျခင္း။

(၁၁) အသံေတာ္ရွစ္ပါးႏွင့္တရားေဟာေတာ္မူရာ အလုံးစုံေသာ ပရိတ္သတ္တို႔၏အနားသို႔ ကပ္၍ေဟာသကဲ့သို႔ၾကားရျခင္း။

(၁၂) ကြၽတ္အံ့ေသာ သတၱဝါတို႔ကို မဟာဂ႐ုဏာ သမာပတၱိဉာဏ္ေတာ္ျဖင့္ သိနိုင္ျခင္း။ ခပ္သိမ္းေသာ သတၱဝါတို႔အေပၚတြင္ က႐ုဏာတရား ပြားမ်ားအားႀကီးျခင္း။

(၁၃) လူနတ္ျဗဟၼာတို႔၏ ကြၽတ္မည့္အခါတည္း ဟူေသာ အိႏၵျေအႏုအရင့္ကို သိေတာ္မူျခင္း။

(၁၄) အထက္ပါ(၁၃)ပါးႏွင့္ ေဥယ်ဓံတရား(၅)ပါး ကို သိနိုင္ျခင္း။

(၁၅) အလိုရွိ၍လက္ေတာ္ကို ဆန့္လိုက္လွ်င္ သပိတ္ေတာ္ အလိုအေလ်ာက္ ေရာက္လာျခင္း။

(၁၆) ေရအစုံ ၊ မီးအစုံႏွင့္ တန္ခိုးျဖာဋိကာ ျပနိုင္ျခင္း။

(၁၇) တာဝတႎသာသို႔ အဘိဓမၼာတရား ေဟာေတာ္မူရန္ ပကတိ သုံးဖဝါးႏွစ္လွမ္းတည္းျဖင့္ ႂကြေတာ္မူနိုင္ျခင္း။

(၁၈) ေဒသစာရီႂကြခ်ီေတာ္မူလွ်င္ ေျခရာမတင္သည့္ အျပင္ ေျမအညီအၫြတ္ျဖစ္ရျခင္း။

လုံးစုံမ်ားစြာ၊ သတၱဝါ ခ်မ္းသာကိုယ္စိတ္ ၿမဲပါေစ။ ဥပဒ္ရန္ေဘး၊ကင္းစင္ေဝး ၿငိမ္းေအးၾကပါေစ။

အပၸမာေဒန သမၼာေဒထ

ျမန္မာနိုင္ငံသည္ ေထရဝါဒ ဗုဒၶဘာသာ အထြန္းကားဆုံးေသာတိုင္းျပည္ျဖစ္ပါသည္။ Credit