“ဘုရားရှင် အား တစ်ကြိမ် ဦးချရုံဖြင့် နတ်ပြည်သို့ရောက်ခဲ့ရသော အဘွားအို……..ဖတ်ပြီးရှယ်ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ကြပါစေ”
တစ်ခါတော့…ဘုရားရှင် ဟာ နံနက်မိုးသောက်ထတဲ့အချိန်မှာမဟာကရုဏာသမာပတ်ဝင်စားရင်း စဏ္ဍာလ တင်းကုပ် မှာနေတဲ့ သက်တမ်းကုန်နေတဲ့အဘွားအိုတစ်ယောက်ကို သွားမြင်တော်မူပါတယ်သူ့နာမည်က စဏ္ဍာလီတဲ့။
စဏ္ဍာလီ အမည်ရှိတဲ့ အဘွားအိုဟာ အခုမနက်ခင်းမှာပဲ သေတော့မယ် ပြီးတော့ ဘာကုသိုလ်မှလည်း မရှိတဲ့အတွက်ငရဲလည်း ကျမယ်တဲ့။ငရဲမကျစေချင်တဲ့အတွက် ဘုရားရှင်ဟာသံဃာပေါင်းများစွာခြံရံပြီးရာဇဂြိုဟ်မြို့ထဲကို ဆွမ်းခံကြွတော်မူပါတယ်။
အဲဒီအချိန်မှာ အဘွားအိုကလည်း မြို့ပြင်အထွက်လမ်းမှာ ဘုရားရှင်နဲ့ မျက်နှာချင်းဆိုင် တည့်တည့်တိုးနေတော့တာပေါ့။မြတ်စွာဘုရားရှင်ကလည်း အဘွားအို ရှေ့ဆက်သွားမရပဲ ရှိခိုးကန်တော့ဖြစ်သွားအောင် ရှေ့တည့်တည့်ကနေ ပိတ်ရပ်ထားတော်မူပါတယ်။
ဒါပေမဲ့…အဘွားအိုက ဘုရားရှင်ကို ရှိမခိုးဘူးတဲ့။ဒီအတိုင်းပဲ ပေပြီး ရပ်နေတယ်။ဒီအခါမှာ…အရှင်မောဂ္ဂလာန်က ဂါထာနှစ်ဂါထာနဲ့ ဘုရားရှင်ကိုရှိခိုးဖို့ အဘွားအိုကို တိုက်တွန်းပါတယ်။
စဏ္ဍာလီဒါယိကာမကြီး…အခြံအရံ အကျော်စောရှိတော်မူသောဂေါတမမြတ်စွာဘုရား၏ ခြေတော်ကို ရှိခိုးလော့။အမြတ်ဆုံးဣသိ ဖြစ်တော်မူသော မြတ်စွာဘုရားသည် သင့်ကိုသာလျှင် ချီးမြှောက်တော်မူခြင်းငှာ ရပ်တည်တော်မူ၏။
တာဒိဂုဏ်(လောကဓံနှင့် ကြုံသော်လည်းတုန်လူပ်ခြင်းမရှိ သည်းခံနိုင်ခြင်း)နှင့် ပြည့်စုံတော်မူသောပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေလော့ လျှင်မြန်စွာ လက်အုပ်ချီ၍ ရှိခိုးလိုက်လော့။
သင်၏ အသက်သည် အလွန်တိုတောင်းလှ၏” တဲ့။အရှင်မောဂ္ဂလာန်က ဘုရားရှင်ရဲ့ ကြည်ညိုဖွယ်ရာဂုဏ်တွေကိုလည်း ဟောပြပါတယ်။သူတစ်ခဏအတွင်း သေရတော့မယ်ဆိုတာကိုလည်း တန်ခိုးနဲ့ မြင်အောင် ပြလိုက်ပါတယ်။
အဲဒီတော့မှ အဘွားအိုဟာ…ဘုရားရှင်ကို ကြည်ညိုမြတ်နိုးစွာနဲ့ ဦးချရှိခိုးပါတယ်။ထိခြင်းငါးပါးနဲ့ ရှိခိုးပြီးတော့ အဘွားအိုဟာ သူ့အတွက် တစ်ပင်တစ်ပန်းကြွလာတဲ့ ဘုရားရှင်ကို ကြည်ညိုမြတ်နိုးစွာနဲ့ လက်အုပ်ချီပြီးကြည်ညိုနေပါတယ်။
ဒီလောက်ဆိုရင် နတ်ပြည်ရောက်ဖို့လုံလောက်ပြီဆိုတာကို သိသွားတဲ့ ဘုရားရှင်ဟာသံဃာများနဲ့ အတူ ရာဇဂြိုဟ်မြို့ထဲသို့ ဆွမ်းခံကြွသွားတော်မူပါတယ်။ဘုရားရှင်ကြွပြီး ခဏအတွင်းမှာပဲသားဇောကြောင့် ဒေါသဖြစ်နေတဲ့ နွားမတစ်ကောင်အတင်းဝင်ဝှေ့လို့ အဘွားအိုဟာ သေပွဲဝင်ရရှာပါတယ်။
ဒါပေမဲ့…သေခါနီး ဘုရားရှင်ကို ရှိခိုးတဲ့ကုသိုလ်ကြောင့် လူရဲ့ အသက်နဲ့ဆိုရင် နှစ်ပေါင်း သုံးကုဋေနဲ့ အနှစ်ခြောက်သန်းအသက်ရှည်တဲ့တာဝတိံသာနတ်ဘုံကို ရောက်သွားပါတယ်။နတ်ဘုံရောက်ရောက်ခြင်းငါ ဘာကုသိုလ်ကြောင့် ရောက်ရတာလဲ”လို့ ပြန်ဆင်ခြင်ကြည့်လိုက်တော့ ဘုရားရှင်ကို ရှိခိုးတဲ့ ကုသိုလ်ကြောင့်ဆိုတာ သူ သိသွားတယ်တဲ့။
သူ ဒီလိုရှိခိုးဖြစ်အောင် တိုက်တွန်းဟောကြားပေးတဲ့အရှင်မောဂ္ဂလာန်ရှိရာကို သူ့ဗိမာန်ကြီးပါ သယ်ဆောင်ရောက်လာပြီး ကျေးဇူးတင်စကား လျှောက်ထားပါတယ်။( ဝိမာနဝတ္ထုပါဠိတော်၊ စဏ္ဍာလီဝိမာနဝတ္ထု )
ဒီသာဓကကိုထောက်ပြီး…သေခါနီးဘုရားရှင်ကို တစ်ခဏတာ ကြည်ညိုရှိခိုးတဲ့ကုသိုလ်လေးတောင် ဒီလောက်ကောင်းကျိုးတွေ ပေးသေးရင်သူတော်ကောင်းတို့လို နေ့စဉ်ကြည်ညိုရှိခိုးနေကြတဲ့သူတွေဆို ဘယ်လောက်ထိများ ကောင်းကျိုးတွေရလိုက်မလဲ ?
တွေးပြီးတော့ ရတနာသုံးပါးကို ကြည်ညိုကိုးကွယ်ပူဇော်ကြပါလို့ တိုက်တွန်းရင်း……
Credit to အရှင်ဇဝန – မေတ္တာရှင်(ရွှေပြည်သာ) သင်လူတစ်ယောက်ဖြစ်ပြီလား စာအုပ်မှ –
“ဘုရားရွင္ အား တစ္ႀကိမ္ ဦးခ်႐ုံျဖင့္ နတ္ျပည္သို႔ေရာက္ခဲ့ရေသာ အဘြားအို……..ဖတ္ၿပီးရွယ္ေပးျခင္းျဖင့္ ကုသိုလ္ယူနိုင္ၾကပါေစ”
တစ္ခါေတာ့…ဘုရားရွင္ ဟာ နံနက္မိုးေသာက္ထတဲ့အခ်ိန္မွာမဟာက႐ုဏာသမာပတ္ဝင္စားရင္း စ႑ာလ တင္းကုပ္ မွာေနတဲ့ သက္တမ္းကုန္ေနတဲ့အဘြားအိုတစ္ေယာက္ကို သြားျမင္ေတာ္မူပါတယ္သူ႕နာမည္က စ႑ာလီတဲ့။
စ႑ာလီ အမည္ရွိတဲ့ အဘြားအိုဟာ အခုမနက္ခင္းမွာပဲ ေသေတာ့မယ္ ၿပီးေတာ့ ဘာကုသိုလ္မွလည္း မရွိတဲ့အတြက္ငရဲလည္း က်မယ္တဲ့။ငရဲမက်ေစခ်င္တဲ့အတြက္ ဘုရားရွင္ဟာသံဃာေပါင္းမ်ားစြာၿခံရံၿပီးရာဇၿဂိဳဟ္ၿမိဳ႕ထဲကို ဆြမ္းခံႂကြေတာ္မူပါတယ္။
အဲဒီအခ်ိန္မွာ အဘြားအိုကလည္း ၿမိဳ႕ျပင္အထြက္လမ္းမွာ ဘုရားရွင္နဲ႕ မ်က္ႏွာခ်င္းဆိုင္ တည့္တည့္တိုးေနေတာ့တာေပါ့။ျမတ္စြာဘုရားရွင္ကလည္း အဘြားအို ေရွ႕ဆက္သြားမရပဲ ရွိခိုးကန္ေတာ့ျဖစ္သြားေအာင္ ေရွ႕တည့္တည့္ကေန ပိတ္ရပ္ထားေတာ္မူပါတယ္။
ဒါေပမဲ့…အဘြားအိုက ဘုရားရွင္ကို ရွိမခိုးဘူးတဲ့။ဒီအတိုင္းပဲ ေပၿပီး ရပ္ေနတယ္။ဒီအခါမွာ…အရွင္ေမာဂၢလာန္က ဂါထာႏွစ္ဂါထာနဲ႕ ဘုရားရွင္ကိုရွိခိုးဖို႔ အဘြားအိုကို တိုက္တြန္းပါတယ္။
စ႑ာလီဒါယိကာမႀကီး…အၿခံအရံ အေက်ာ္ေစာရွိေတာ္မူေသာေဂါတမျမတ္စြာဘုရား၏ ေျခေတာ္ကို ရွိခိုးေလာ့။အျမတ္ဆုံးဣသိ ျဖစ္ေတာ္မူေသာ ျမတ္စြာဘုရားသည္ သင့္ကိုသာလွ်င္ ခ်ီးျမႇောက္ေတာ္မူျခင္းငွာ ရပ္တည္ေတာ္မူ၏။
တာဒိဂုဏ္(ေလာကဓံႏွင့္ ႀကဳံေသာ္လည္းတုန္လူပ္ျခင္းမရွိ သည္းခံနိုင္ျခင္း)ႏွင့္ ျပည့္စုံေတာ္မူေသာပူေဇာ္အထူးကို ခံယူေတာ္မူထိုက္ေသာ ျမတ္စြာဘုရား၌ စိတ္ကို ၾကည္လင္ေစေလာ့ လွ်င္ျမန္စြာ လက္အုပ္ခ်ီ၍ ရွိခိုးလိုက္ေလာ့။
သင္၏ အသက္သည္ အလြန္တိုေတာင္းလွ၏” တဲ့။အရွင္ေမာဂၢလာန္က ဘုရားရွင္ရဲ႕ ၾကည္ညိုဖြယ္ရာဂုဏ္ေတြကိုလည္း ေဟာျပပါတယ္။သူတစ္ခဏအတြင္း ေသရေတာ့မယ္ဆိုတာကိုလည္း တန္ခိုးနဲ႕ ျမင္ေအာင္ ျပလိုက္ပါတယ္။
အဲဒီေတာ့မွ အဘြားအိုဟာ…ဘုရားရွင္ကို ၾကည္ညိုျမတ္နိုးစြာနဲ႕ ဦးခ်ရွိခိုးပါတယ္။ထိျခင္းငါးပါးနဲ႕ ရွိခိုးၿပီးေတာ့ အဘြားအိုဟာ သူ႕အတြက္ တစ္ပင္တစ္ပန္းႂကြလာတဲ့ ဘုရားရွင္ကို ၾကည္ညိုျမတ္နိုးစြာနဲ႕ လက္အုပ္ခ်ီၿပီးၾကည္ညိုေနပါတယ္။
ဒီေလာက္ဆိုရင္ နတ္ျပည္ေရာက္ဖို႔လုံေလာက္ၿပီဆိုတာကို သိသြားတဲ့ ဘုရားရွင္ဟာသံဃာမ်ားနဲ႕ အတူ ရာဇၿဂိဳဟ္ၿမိဳ႕ထဲသို႔ ဆြမ္းခံႂကြသြားေတာ္မူပါတယ္။ဘုရားရွင္ႂကြၿပီး ခဏအတြင္းမွာပဲသားေဇာေၾကာင့္ ေဒါသျဖစ္ေနတဲ့ ႏြားမတစ္ေကာင္အတင္းဝင္ေဝွ႕လို႔ အဘြားအိုဟာ ေသပြဲဝင္ရရွာပါတယ္။
ဒါေပမဲ့…ေသခါနီး ဘုရားရွင္ကို ရွိခိုးတဲ့ကုသိုလ္ေၾကာင့္ လူရဲ႕ အသက္နဲ႕ဆိုရင္ ႏွစ္ေပါင္း သုံးကုေဋနဲ႕ အႏွစ္ေျခာက္သန္းအသက္ရွည္တဲ့တာဝတႎသာနတ္ဘုံကို ေရာက္သြားပါတယ္။နတ္ဘုံေရာက္ေရာက္ျခင္းငါ ဘာကုသိုလ္ေၾကာင့္ ေရာက္ရတာလဲ”လို႔ ျပန္ဆင္ျခင္ၾကည့္လိုက္ေတာ့ ဘုရားရွင္ကို ရွိခိုးတဲ့ ကုသိုလ္ေၾကာင့္ဆိုတာ သူ သိသြားတယ္တဲ့။
သူ ဒီလိုရွိခိုးျဖစ္ေအာင္ တိုက္တြန္းေဟာၾကားေပးတဲ့အရွင္ေမာဂၢလာန္ရွိရာကို သူ႕ဗိမာန္ႀကီးပါ သယ္ေဆာင္ေရာက္လာၿပီး ေက်းဇူးတင္စကား ေလွ်ာက္ထားပါတယ္။( ဝိမာနဝတၳဳပါဠိေတာ္၊ စ႑ာလီဝိမာနဝတၳဳ )
ဒီသာဓကကိုေထာက္ၿပီး…ေသခါနီးဘုရားရွင္ကို တစ္ခဏတာ ၾကည္ညိုရွိခိုးတဲ့ကုသိုလ္ေလးေတာင္ ဒီေလာက္ေကာင္းက်ိဳးေတြ ေပးေသးရင္သူေတာ္ေကာင္းတို႔လို ေန႕စဥ္ၾကည္ညိုရွိခိုးေနၾကတဲ့သူေတြဆို ဘယ္ေလာက္ထိမ်ား ေကာင္းက်ိဳးေတြရလိုက္မလဲ ?
ေတြးၿပီးေတာ့ ရတနာသုံးပါးကို ၾကည္ညိုကိုးကြယ္ပူေဇာ္ၾကပါလို႔ တိုက္တြန္းရင္း……
Credit to အရွင္ဇဝန – ေမတၱာရွင္(ေ႐ႊျပည္သာ) သင္လူတစ္ေယာက္ျဖစ္ၿပီလား စာအုပ္မွ –