ဗဟုသုတ

အသက် (၁၀၀) ရှိပေမဲ့ ရွာလယ်လမ်းမကြီးကို တစ်ဦးတည်း ချုံမြတ်ရှင်းပေးခဲ့ဖူးတဲ့ အာဂအဘွား

အသက် (၁၀၀) ရှိပေမဲ့ ရွာလယ်လမ်းမကြီးကို တစ်ဦးတည်း ချုံမြတ်ရှင်းပေးခဲ့ဖူးတဲ့ အာဂအဘွား

အများအကျိုးအတွက် ငယ်သည်ကြီးသည်မဟူ စိတ်ကောင်းထားပြီး လူတိုင်းလုပ်နိုင်ပါတယ်ဆိုတဲ့အကြောင်းကို အသက် ၁၀၀ ရှိပြီဖြစ်တဲ့ စစ်ကိုင်းတိုင်းက အဘွားတစ်ယောက်က သက်သေပြခဲ့ပါတယ်…

အဘွားက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ မဲဇာစံပြကျေးရွာအနီးက ပါအော့ရွာမှာ နေသူပါ…နာမည်ကတော့ ဒေါ်လှညိုလို့ ခေါ်ပါတယ်…..အသက်ကတော့ ၁၀၀ ရှိပါပြီ….သူ့အသက်အရွယ်နဲ့ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ရှာပါဘူး အဘွားက…

ဒါပေမဲ့ လူငယ်လူရွယ်တွေ မမြင်မတွေ့ကျော်သွားတဲ့ ပရဟိတအလုပ်ကို သူလုပ်ပြခဲ့ပါတယ်…အဲတာကတော့ ရွာလယ်လမ်းမကြီးမှာ ထူထပ်အောင်ပေါက်နေတဲ့ မြက်တွေကို လမ်းမလျှောက်နိုင်လို့ ထိုင်ရက်နဲ့ပဲ တူရွင်းတချောင်းကိုင်ပြီး ရှင်းပေးခဲ့တာပါ…

အလွန်ရှည်တဲ့ ရွာလယ်လမ်းမကြီးကို ထိုင်ရင်းတရွေ့ရွေ့နဲ့ မြက်တွေရှင်းလာတာ လမ်းမတစ်ခုလုံး ပြောင်သလင်းခါသွားပါတော့တယ်…. ဒီ အသက်အရွယ်နဲ့ နားနားနေနေမနေဘဲ ပရဟိတလုပ်တဲ့ အဘွားရဲ့ စိတ်ဓာတ်ကတော့ အလွန်ချီးကျူးလေးစားစရာကောင်းသလို လူငယ်တွေအတွက်လည်း အတုယူရမဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်….

အဘွားတစ်ယောက် ရွာလယ်လမ်းမတစ်လျှောက်မြက်ရှင်းရင် ကုသိုလ်ယူတဲ့ပုံလေးကို ပရိသတ်ကြီးတို့အတွက် ပြန်လည်မျှဝေလိုက်ပါတယ်….

အသက္ (၁၀၀) ရွိေပမဲ့ ႐ြာလယ္လမ္းမႀကီးကို တစ္ဦးတည္း ခ်ဳံျမတ္ရွင္းေပးခဲ့ဖူးတဲ့ အာဂအဘြား

အမ်ားအက်ိဳးအတြက္ ငယ္သည္ႀကီးသည္မဟူ စိတ္ေကာင္းထားၿပီး လူတိုင္းလုပ္နိုင္ပါတယ္ဆိုတဲ့အေၾကာင္းကို အသက္ ၁၀၀ ရွိၿပီျဖစ္တဲ့ စစ္ကိုင္းတိုင္းက အဘြားတစ္ေယာက္က သက္ေသျပခဲ့ပါတယ္…

အဘြားက စစ္ကိုင္းတိုင္း၊ အင္းေတာ္ၿမိဳ႕၊ မဲဇာစံျပေက်း႐ြာအနီးက ပါေအာ့႐ြာမွာ ေနသူပါ…နာမည္ကေတာ့ ေဒၚလွညိုလို႔ ေခၚပါတယ္…..အသက္ကေတာ့ ၁၀၀ ရွိပါၿပီ….သူ႕အသက္အ႐ြယ္နဲ႕ လမ္းေတာင္ေကာင္းေကာင္းမေလွ်ာက္နိုင္ရွာပါဘူး အဘြားက…

ဒါေပမဲ့ လူငယ္လူ႐ြယ္ေတြ မျမင္မေတြ႕ေက်ာ္သြားတဲ့ ပရဟိတအလုပ္ကို သူလုပ္ျပခဲ့ပါတယ္…အဲတာကေတာ့ ႐ြာလယ္လမ္းမႀကီးမွာ ထူထပ္ေအာင္ေပါက္ေနတဲ့ ျမက္ေတြကို လမ္းမေလွ်ာက္နိုင္လို႔ ထိုင္ရက္နဲ႕ပဲ တူ႐ြင္းတေခ်ာင္းကိုင္ၿပီး ရွင္းေပးခဲ့တာပါ…

အလြန္ရွည္တဲ့ ႐ြာလယ္လမ္းမႀကီးကို ထိုင္ရင္းတေ႐ြ႕ေ႐ြ႕နဲ႕ ျမက္ေတြရွင္းလာတာ လမ္းမတစ္ခုလုံး ေျပာင္သလင္းခါသြားပါေတာ့တယ္…. ဒီ အသက္အ႐ြယ္နဲ႕ နားနားေနေနမေနဘဲ ပရဟိတလုပ္တဲ့ အဘြားရဲ႕ စိတ္ဓာတ္ကေတာ့ အလြန္ခ်ီးက်ဴးေလးစားစရာေကာင္းသလို လူငယ္ေတြအတြက္လည္း အတုယူရမဲ့ စိတ္ဓာတ္ပဲျဖစ္ပါတယ္….

အဘြားတစ္ေယာက္ ႐ြာလယ္လမ္းမတစ္ေလွ်ာက္ျမက္ရွင္းရင္ ကုသိုလ္ယူတဲ့ပုံေလးကို ပရိသတ္ႀကီးတို႔အတြက္ ျပန္လည္မွ်ေဝလိုက္ပါတယ္….